ရန်ကုန်၊ ပါရမီကားဝင်းအတွင်း ရပ်ထားသည့် YBS ၁၄ ယာဉ်ပေါ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား

1511
NP News - မေ ၂၅
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီကားဝင်းအတွင်း ရပ်ထားသည့် YBS ၁၄ လိုင်းကားပေါ်တွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကားဝင်းအနီးတွင်နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
YBS ၁၄ လိုင်းကားပေါ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုသည် မေလ ၂၄ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် YBS ၁၄ ကားသည် ရှေ့လေ ကာမှန်အပါအဝင် ကားပေါ်ရှိ မှန်များ၊ ကြမ်းခင်းနှင့် တံခါးများ ပျက်စီးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ကျိုက္ကလော့ဘုရှားရှေ့ ဘောလုံးကွင်းမြေကွက်လပ်ကို မေလ ၂၄ ရက် ညပိုင်းတွင် လူနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဘောလုံးကွင်း အနီးရှိနေသူတစ်ဦးက ပြောသည်။
ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် အနီးတွင်ရပ်ထားသော ကားနှစ်စီးမှာလည်း ရှေ့လေကာမှန်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/628dd4f2d5f295484656e285

zawgyi version
ရန္ကုန္၊ ပါရမီကားဝင္းအတြင္း ရပ္ထားသည့္ YBS ၁၄ ယာဥ္ေပၚတြင္ လက္လုပ္ဗုံးေပါက္ကြဲမႈျဖစ္ပြား
NP News - ေမ ၂၅
ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ပါရမီကားဝင္းအတြင္း ရပ္ထားသည့္ YBS ၁၄ လိုင္းကားေပၚတြင္ လက္လုပ္ဗုံးတစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ကားဝင္းအနီးတြင္ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
YBS ၁၄ လိုင္းကားေပၚတြင္ လက္လုပ္ဗုံးေပါက္ကြဲမႈသည္ ေမလ ၂၄ ရက္ ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
ထိုသို႔ လက္လုပ္ဗုံးေပါက္ကြဲမႈေၾကာင့္ YBS ၁၄ ကားသည္ ေရွ႕ေလ ကာမွန္အပါအဝင္ ကားေပၚရွိ မွန္မ်ား၊ ၾကမ္းခင္းႏွင့္ တံခါးမ်ား ပ်က္စီးမႈရွိခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့သူ မရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ျပည္ေတာ္သာရပ္ကြက္ရွိ က်ိဳကၠေလာ့ဘုရွားေရွ႕ ေဘာလုံးကြင္းေျမကြက္လပ္ကို ေမလ ၂၄ ရက္ ညပိုင္းတြင္ လူႏွစ္ဦးက လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဘာလုံးကြင္း အနီးရွိေနသူတစ္ဦးက ေျပာသည္။
ထိုသို႔ ဗုံးေပါက္ကြဲမႈေၾကာင့္ အနီးတြင္ရပ္ထားေသာ ကားႏွစ္စီးမွာလည္း ေရွ႕ေလကာမွန္မ်ား ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/628dd4f2d5f295484656e285