မေလအတွင်း ငွေကျပ်ဘီလျံနှင့်ချီတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၃)မှုရှိခဲ့ပြီး ရန်ကုန်တွင် အများဆုံးဖမ်းဆီးရမိ

 806

ရဲပြည့် (NP News)- မေ ၂၇
ယခုနှစ် မေလအတွင်း ငွေကျပ်ဘီလျံနှင့်ချီတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၃)မှုရှိခဲ့ပြီး ရန်ကုန်တွင် အများဆုံးဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုတန်ဖိုးသည် စုစုပေါင်း ငွေကျပ် (၁၂) ဘီလျံကျော်ရှိကာ မေလ ၄ ရက်၊ ၁၆ ရက်၊ ၁၇ ရက်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးရှိ မြောက်ဥက္ကလာပ မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်၊ ကချင်ပြည် နယ်ရှိ မိုးညှင်းမြို့နယ်တို့၌ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊သီရီရတနာစျေးဝန်းတွင် မေလ ၄ ရက်၊ ညနေ ၇ နာရီခွဲအချိန်၌ ယာဉ်မောင်းဝင်းလှိုင် နှင့် လှဘော်တို့နှစ်ဦးကို မောင်းနင်သည့် TOYOTA WISH မော်တော်ယာဉ် ပေါ်တွင် ငွေကျပ် ၆ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာ ဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်၊ ဇောတိက (၃)လမ်းရှိ ဇော်မင်းစိုး၏နေအိမ်ကို မေလ ၁၇ ရက်၊ ညနေ ၃ နာရီခွဲအချိန်၌ရှာဖွေရာမှ ပြစ်မှုကျူးလွန်သူ (၁ဝ)ဦးအပါအဝင် ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်တွင် ဖမ်းဆီရမိမှုသည် စုစုပေါင်း ငွေကျပ် ၁၁ ဘီလျံ ကျော်တန်ဖိုးရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မေလ ၁၆ ရက်၊ ညနေ(၆) နာရီအချိန်က မန္တလေးမှ မိုးညှင်းသို့ သန့်ဇော်မောင်းနှင်သည့် Fido (၆)ဘီးမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးဝါများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မေလအတွင်း ဘီလျံနှင့်ချီတန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုအပြင် အခြားသော ဖမ်းဆီးရမိမှုများလည်း ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏သတင်းအချက်များအရသိရသည်။

https://npnewsmm.com/news/629076d2de6ee557487a4a08

zawgyi version
ေမလအတြင္း ေငြက်ပ္ဘီလ်ံႏွင့္ခ်ီတန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈ (၃)မႈရွိခဲ့ၿပီး ရန္ကုန္တြင္အမ်ားဆုံးဖမ္းဆီးရမိ
ရဲျပည့္ (NP News)- ေမ ၂၇

ယခုႏွစ္ ေမလအတြင္း ေငြက်ပ္ဘီလ်ံႏွင့္ခ်ီတန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈ (၃)မႈရွိခဲ့ၿပီး ရန္ကုန္တြင္ အမ်ားဆုံးဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိမႈတန္ဖိုးသည္ စုစုေပါင္း ေငြက်ပ္ (၁၂) ဘီလ်ံေက်ာ္ရွိကာ ေမလ ၄ ရက္၊ ၁၆ ရက္၊ ၁၇ ရက္တို႔တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ရန္ကုန္ တိုင္းေဒသႀကီးရွိ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္၊ ကခ်င္ျပည္ နယ္ရွိ မိုးညႇင္းၿမိဳ႕နယ္တို႔၌ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဈ)ရပ္ကြက္၊သီရီရတနာေစ်းဝန္းတြင္ ေမလ ၄ ရက္၊ ညေန ၇ နာရီခြဲအခ်ိန္၌ ယာဥ္ေမာင္းဝင္းလႈိင္ ႏွင့္ လွေဘာ္တို႔ႏွစ္ဦးကို ေမာင္းနင္သည့္ TOYOTA WISH ေမာ္ေတာ္ယာဥ္ ေပၚတြင္ ေငြက်ပ္ ၆ ဒသမ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားကို ဖမ္းဆီးရမိခဲ့ၿပီး မဂၤလာ ဒုံၿမိဳ႕နယ္၊ သကၤန္းကြၽန္းႀကီးရပ္ကြက္၊ ေဇာတိက (၃)လမ္းရွိ ေဇာ္မင္းစိုး၏ေနအိမ္ကို ေမလ ၁၇ ရက္၊ ညေန ၃ နာရီခြဲအခ်ိန္၌ရွာေဖြရာမွ ျပစ္မႈက်ဴးလြန္သူ (၁ဝ)ဦးအပါအဝင္ ၅ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ရန္ကုန္တြင္ ဖမ္းဆီရမိမႈသည္ စုစုေပါင္း ေငြက်ပ္ ၁၁ ဘီလ်ံ ေက်ာ္တန္ဖိုးရွိေၾကာင္း သိရသည္။

ထို႔ျပင္ မႏၲေလး-ျမစ္ႀကီးနားသြားကားလမ္း၊ နန႔္စီးေအာင္ ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ေမလ ၁၆ ရက္၊ ညေန(၆) နာရီအခ်ိန္က မႏၲေလးမွ မိုးညႇင္းသို႔ သန႔္ေဇာ္ေမာင္းႏွင္သည့္ Fido (၆)ဘီးေမာ္ေတာ္ယာဥ္ကို စစ္ေဆးရွာေဖြရာမွ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴႏွင့္စိတ္ႂကြ႐ူးသြပ္ေဆးဝါမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ေမလအတြင္း ဘီလ်ံႏွင့္ခ်ီတန္ဖိုးရွိသည့္ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိမႈအျပင္ အျခားေသာ ဖမ္းဆီးရမိမႈမ်ားလည္း ရွိေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏သတင္းအခ်က္မ်ားအရသိရသည္။

https://npnewsmm.com/news/629076d2de6ee557487a4a08

Related news

© 2021. All rights reserved.