ပေါက်မြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် သေနတ်ဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ပွား

 2294

NP News - မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာရှိ အခြေခံ ပညာ အလယ်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံနေစဉ်အတွင်း လက်နက်ကိုင်ဆောင်ထားသူ(၂ဝ)ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုသည် မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် ဆရာ/ဆရာမများမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံနေစဉ် လက် နက်ကိုင်ဆောင်လာသည့်အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး ကျောင်းမဖွင့်ရန် ခြိမ်းခြောက်ပြောဆိုကာ သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်သဖြင့် ကျောင်းအတွင်းရောက်ရှိနေသော ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါ ဖြစ်စဉ်နေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့များမှ လိုက်လံရှင်း လင်းခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ(၂၆)ရက်၊ နံနက် ၈ နာရီခန့်ကလည်း ပေါက်မြို့နယ်တပ်ကုန်းကျေးရွာ၏ အနောက်တောင်ဘက်ရှိ နတ်စဉ်တောင်အနီးတွင် ထောင်ထားသည့် လက်လုပ်မိုင်းနင်းမိခဲ့သဖြင့် ပေါက်မြို့နယ် ကိုင်လယ်ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် မခင်သူဇာထွေးနှင့်မဇာဇာထွေးတို့နှစ်ဦးသည် မိုင်းစထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ယခုကဲ့သို စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိစွာဖြင့် လာရောက် ခြိမ်းခြောက်ပစ်ခတ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားမှုကို နှောက်ယှက်ဖျက်ဆီးခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကသတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

https://npnewsmm.com/news/6290ab3f219e7f3e1446e2e1

zawgyi version
ေပါက္ၿမိဳ႕နယ္ရွိ အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ေသနတ္ျဖင့္လာေရာက္ ပစ္ခတ္တိုက္ခိုက္ခံရမႈျဖစ္ပြား
NP News - ေမ ၂၇

မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႕နယ္၊ ယာႀကီးျပင္ေက်း႐ြာရွိ အေျခခံ ပညာ အလယ္တန္းေက်ာင္းတြင္ ေက်ာင္းအပ္လက္ခံေနစဥ္အတြင္း လက္နက္ကိုင္ေဆာင္ထားသူ(၂ဝ)ဦးခန႔္က လက္နက္ငယ္မ်ားျဖင့္ လာေရာက္ ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံျပည္သူမ်ား၏ ေျပာၾကားခ်က္အရသိရသည္။

အဆိုပါ ပစ္ခတ္တိုက္ခိုက္ခံရမႈသည္ ေမလ ၂၆ ရက္ေန႔ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန႔္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ၿမိဳ႕နယ္၊ ယာႀကီးျပင္ေက်း႐ြာရွိ အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္အတြက္ ဆရာ/ဆရာမမ်ားမွ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ေက်ာင္းအပ္လက္ခံေနစဥ္ လက္ နက္ကိုင္ေဆာင္လာသည့္အဖြဲ႕မွ အင္အား ၂ဝ ဦးခန႔္က ေက်ာင္းအတြင္းသို႔ ေရာက္ရွိလာၿပီး ေက်ာင္းမဖြင့္ရန္ ၿခိမ္းေျခာက္ေျပာဆိုကာ ေသနတ္ျဖင့္ ၅ ခ်က္ခန႔္ပစ္ခတ္သျဖင့္ ေက်ာင္းအတြင္းေရာက္ရွိေနေသာ ဆရာ/ဆရာမ မ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား ထြက္ေျပးခဲ့ရေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရသိရသည္။

အဆိုပါ ျဖစ္စဥ္ေနရာသို႔ နယ္ေျမခံလုံၿခဳံေရးအဖြဲ႕မ်ားမွ လိုက္လံရွင္း လင္းျခင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမလ(၂၆)ရက္၊ နံနက္ ၈ နာရီခန႔္ကလည္း ေပါက္ၿမိဳ႕နယ္တပ္ကုန္းေက်း႐ြာ၏ အေနာက္ေတာင္ဘက္ရွိ နတ္စဥ္ေတာင္အနီးတြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းနင္းမိခဲ့သျဖင့္ ေပါက္ၿမိဳ႕နယ္ ကိုင္လယ္ေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္သည့္ မခင္သူဇာေထြးႏွင့္မဇာဇာေထြးတို႔ႏွစ္ဦးသည္ မိုင္းစထိမွန္ခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေျမျပင္သတင္းမ်ားအရ သိရသည္။

ယခုကဲ့သို စစ္ေရးႏွင့္သက္ဆိုင္သည့္ ပစ္မွတ္မ်ားမဟုတ္ဘဲ ပညာေရးဆိုင္ရာ စာသင္ေက်ာင္းမ်ားအား ရည္႐ြယ္ခ်က္ရွိစြာျဖင့္ လာေရာက္ ၿခိမ္းေျခာက္ပစ္ခတ္ျခင္းျဖင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား ပညာသင္ၾကားမႈကို ေႏွာက္ယွက္ဖ်က္ဆီးျခင္းသည္ ဂ်ီနီဗာကြန္ဗန္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒတို႔အရ စစ္ရာဇဝတ္မႈက်ဴးလြန္ရာေရာက္ၿပီး အဆိုပါရာဇဝတ္မႈမ်ားအတြက္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒရာဇသတ္ႀကီးႏွင့္ သက္ဆိုင္ရာတည္ဆဲ ဥပေဒမ်ားျဖင့္ ၎တို႔အေပၚ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း နစကသတင္းျပန္ၾကားေရးအဖြဲ႕မွ ထုတ္ျပန္ေၾကညာထားသည္။

https://npnewsmm.com/news/6290ab3f219e7f3e1446e2e1

Picture

Khinkyaw Nyo

28/05/2022 08:46

ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပါ

Related news

© 2021. All rights reserved.