ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

 903

NP News - မေ ၂၉
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်၊ မြဝတီလမ်းရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နစက၏ မေလ (၂၈)ရက်၊ ညပိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်သည် မေလ ၂၈ ရက် နံနက် ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၄)ရပ်ကွက်၊ မြဝတီလမ်းရှိ မြို့နယ်ပညာရေးမှူး ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်ပညာရေးမှူးရုံး ဝင်ပေါက်အနီးရှိ ကားဂိုထောင်နှင့် ခြံစည်းရိုးအုတ်တံတိုင်းအကြား၌ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် ခြံ စည်းရိုးအုတ်တံတိုင်း အနည်းငယ်ကွဲအက်ကာ ကားဂိုထောင် အမိုးသွပ်တစ်ချပ်ပျက်စီးခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။

ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း နစက ဘက်မှ ထုတ်ပြန်ထားပြီး ပြစ်မှုကျူးလွန်သူကို ရှာဖွေအရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊တောင်ညိုမြို့သစ်၊ ကွေ့ကြီးရွာနှင့်ညောင်လေးပင်ရွာကြားသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မေလ ၁၃ ရက်၊ နံနက်ပိုင်းက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း MRF Nattalin မှထုတ်ပြန်ထားပါတယ်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်နှင့်ကွေ့ကြီးရွာကြားတွင် မေလ ၂ဝ ရက်၊ ညနေ ၃ နာရီခွဲအချိန်က စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MRF Nattalin မှ ပဒေသာမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၄ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း MRF Nattalin မှထုတ်ပြန်ထားသည်။

လက်ရှိတွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲမှု ကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

https://npnewsmm.com/news/629302eccde7f2003432a475

zawgyi version
ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕ရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးတြင္ လက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြား
NP News - ေမ ၂၉

ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕၊ ၿမိဳ႕မ(၄)ရပ္ကြက္၊ ျမဝတီလမ္းရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးဝင္းအတြင္း လက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း နစက၏ ေမလ (၂၈)ရက္၊ ညပိုင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္စဥ္သည္ ေမလ ၂၈ ရက္ နံနက္ ၆ နာရီခြဲခန႔္ကျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕၊ ၿမိဳ႕မ(၄)ရပ္ကြက္၊ ျမဝတီလမ္းရွိ ၿမိဳ႕နယ္ပညာေရးမႉး ႐ုံးဝင္းအတြင္း ေပါက္ကြဲမႈျဖစ္ပြားေၾကာင္းသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံး ဝင္ေပါက္အနီးရွိ ကားဂိုေထာင္ႏွင့္ ၿခံစည္း႐ိုးအုတ္တံတိုင္းအၾကား၌ အခ်ိဳရည္ဘူးခြံျဖင့္ ျပဳလုပ္ထားသည့္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲထားသည္ကို ေတြ႕ရွိရၿပီး ေပါက္ကြဲမႈေၾကာင့္ ၿခံ စည္း႐ိုးအုတ္တံတိုင္း အနည္းငယ္ကြဲအက္ကာ ကားဂိုေထာင္ အမိုးသြပ္တစ္ခ်ပ္ပ်က္စီးခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။

ယင္းေပါက္ကြဲမႈျဖစ္စဥ္တြင္ လူမ်ားထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း နစက ဘက္မွ ထုတ္ျပန္ထားၿပီး ျပစ္မႈက်ဴးလြန္သူကို ရွာေဖြအေရးယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

ထို႔ျပင္ ပဲခူးတိုင္း ၊ သာယာဝတီခ႐ိုင္ ၊ နတ္တလင္းၿမိဳ႕နယ္၊ေတာင္ညိဳၿမိဳ႕သစ္၊ ေကြ႕ႀကီး႐ြာႏွင့္ေညာင္ေလးပင္႐ြာၾကားသို႔ စစ္ေၾကာင္းထိုးလာသည့္ စစ္တပ္ကို ေမလ ၁၃ ရက္၊ နံနက္ပိုင္းက ၾကားျဖတ္တိုက္ ခိုက္ခဲ့ရာ စစ္သား ၈ ဦး ေသဆုံးခဲ့ေၾကာင္း MRF Nattalin မွထုတ္ျပန္ထားပါတယ္။

အလားတူ ပဲခူးတိုင္း၊ ေညာင္ေလးပင္ႏွင့္ေကြ႕ႀကီး႐ြာၾကားတြင္ ေမလ ၂ဝ ရက္၊ ညေန ၃ နာရီခြဲအခ်ိန္က စစ္ေၾကာင္းထိုးလာသည့္ စစ္တပ္ကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ MRF Nattalin မွ ပေဒသာမိုင္းျဖင့္မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး ၄ ဦး ေသဆုံးကာ ၂ ဦးဒဏ္ရာရခဲ့ေၾကာင္း MRF Nattalin မွထုတ္ျပန္ထားသည္။

လက္ရွိတြင္ လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲမႈ က်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးႏွင့္ဥပေဒအရထိေရာက္စြာအေရးယူႏိုင္ေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/629302eccde7f2003432a475

Related news

© 2021. All rights reserved.