အဘွားအိုနှင့်မိန်းကလေး နှစ်ဦးတည်းရှိနေစဉ်အချိန် လူ(၁ဝ)ဦးခန့်မှ အုပ်စုလိုက်ဝင်ရောက်ကာ ဓားပြတိုက်မှု ရန်ကုန်မြို့တွင်ဖြစ်ပွား

6521

NP News - မေ ၃ဝ
အသက်(၈ဝ)ကျော်အရွယ် အဘွားအိုတစ်ဦးနှင့် မိန်းကလေးတစ်ဦးသာ ရှိနေစဉ်အချိန်တွင် လူ (၁ဝ)ဦးခန့်မှ အုပ်စုလိုက်ရောက်ရှိလာကာ အိမ်အတွင်းဝင်ရောက်ဓားပြတိုက်မှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ မကြီးတန်ရပ်ကွက်၊ ပန်းပင်ကြီးလမ်းရှိ အထပ်မြင့်တိုက် ပထမထပ်တွင် ယနေ့ (မေလ ၃ဝ ရက်) နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်းပင်ကြီးလမ်း တွင်နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြော သည်။
ထိုသို့ ဓားပြတိုက်လုယက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း ရွှေနှင့်ငွေသားများ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အသက် (၈ဝ)ကျော်အရွယ် အဘွားအိုသည် ကျန်းမာရေးမကောင်းသည့်အတွက် အိပ်ယာပေါ်တွင် လဲနေသူဖြစ်ပြီး အသက်(၅ဝ)အရွယ် အိမ်အကူ အမျိုးသမီးတစ်ဦးနှင့်နေအိမ်တွင် ရှိနေစဉ်အချိန် လူငယ် ၁ဝ ဦးခန့်မှ ဓား၊ သံတုတ်များ ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထို့နောက် အိမ်အကူအမျိုးသမီးအား ကြိုးဖြင့်တုတ်ကာ ၎င်း၏ နားကပ်အားချွတ်ယူခဲ့ပြီး ဗွီရိုအံဆွဲအတွင်းမှလည်း ရွှေနှင့် ငွေသားများကို ယူ ဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“ကျွန်တော့်အိမ်ကို ဓားပြဝင်တိုက်သွားပါတယ်။ အုပ်စုလိုက်ကြီးဝင်ပြီး ဓားပြတိုက်တာပါ။ အဘွားကအောက်ထပ်မှာ အမေ နဲ့နေတာပါ။ အမေဈေးသွားတဲ့အချိန် အဘွားနဲ့ကောင်မလေးပဲရှိတဲ့အချိန်ဝင်တိုက်သွားတယ်။ ကိုယ်တွေ အပေါ်ထပ်မှာရှိနေတာတောင် တိုက်သွားပြီးမှ သိလိုက်ရတယ်။ အဘွားကအသက် ၈ဝ ကျော်ပြီမလို့ လူကို တခုခုမလုပ်သွားတာပဲ တော်တော်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။ ရွှေတွေရော၊မှန်တွေပါအကုန်ရိုက်ခွဲပြီး ပိုက်ဆံ၊ရွှေ၊အကုန်ယူသွားတာပါ။ အောက်ထပ်က ဆိုင် ၂ဆိုင်ရှိတာကို (ကားအဲကွန်းပြင်ဆိုင် နဲ့ ဆေးဆိုင်) ပထမထပ်ကို အုပ်စုလိုက်ဝင်တိုက်တာ” ဟု ဓားပြတိုက်ခံရသော မိသားစုမှ မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်တွင် အသိပေးပြောဆိုထားသည်။
ဓားပြတိုက်မှုဖြစ်ပွားခဲ့သော ပန်းပင်ကြီးလမ်းသည် လူသွား၊လူလာစည်းကားသော နေရာတစ်ခုပင်ဖြစ်သော်လည်း ရဲရဲတင်းတင်း အုပ်စုလိုက်ဓားပြတိုက်မှုဖြစ်ပွားလာသည့်အတွက် သတိပြုနေထိုင်ကြရန်လည်း ၎င်းက အသိပေးပြောဆိုထားသည်။
ရန်ကုန်အပါအဝင် မန္တလေးနှင့် တခြားမြို့များတွင် အုပ်စုလိုက် အိမ်ပေါ်တက်ကာ လုယက်မှုဖြစ်စဉ်များသည် ပိုမိုဖြစ်ပွားလာနေသည်ကို တွေ့ရှိရပြီး ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်လည်း အသိပေးပြော ဆိုမှုများရှိလာကြသည်။
https://npnewsmm.com/news/6294658cda909d39b43d57ca

zawgyi version
အဘြားအိုႏွင့္မိန္းကေလး ႏွစ္ဦးတည္းရွိေနစဥ္အခ်ိန္ လူ(၁ဝ)ဦးခန႔္မွ အုပ္စုလိုက္ဝင္ေရာက္ကာ ဓားျပတိုက္မႈ ရန္ကုန္ၿမိဳ႕တြင္ျဖစ္ပြား
NP News - ေမ ၃ဝ
အသက္(၈ဝ)ေက်ာ္အ႐ြယ္ အဘြားအိုတစ္ဦးႏွင့္ မိန္းကေလးတစ္ဦးသာ ရွိေနစဥ္အခ်ိန္တြင္ လူ (၁ဝ)ဦးခန႔္မွ အုပ္စုလိုက္ေရာက္ရွိလာကာ အိမ္အတြင္းဝင္ေရာက္ဓားျပတိုက္မႈ ရန္ကုန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ မႀကီးတန္ရပ္ကြက္၊ ပန္းပင္ႀကီးလမ္းရွိ အထပ္ျမင့္တိုက္ ပထမထပ္တြင္ ယေန႔ (ေမလ ၃ဝ ရက္) နံနက္ ၈ နာရီခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ပန္းပင္ႀကီးလမ္း တြင္ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာ သည္။
ထိုသို႔ ဓားျပတိုက္လုယက္မႈေၾကာင့္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေ႐ႊႏွင့္ေငြသားမ်ား လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အသက္ (၈ဝ)ေက်ာ္အ႐ြယ္ အဘြားအိုသည္ က်န္းမာေရးမေကာင္းသည့္အတြက္ အိပ္ယာေပၚတြင္ လဲေနသူျဖစ္ၿပီး အသက္(၅ဝ)အ႐ြယ္ အိမ္အကူ အမ်ိဳးသမီးတစ္ဦးႏွင့္ေနအိမ္တြင္ ရွိေနစဥ္အခ်ိန္ လူငယ္ ၁ဝ ဦးခန႔္မွ ဓား၊ သံတုတ္မ်ား ကိုင္ေဆာင္ကာ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အိမ္အကူအမ်ိဳးသမီးအား ႀကိဳးျဖင့္တုတ္ကာ ၎၏ နားကပ္အားခြၽတ္ယူခဲ့ၿပီး ဗြီ႐ိုအံဆြဲအတြင္းမွလည္း ေ႐ႊႏွင့္ ေငြသားမ်ားကို ယူ ေဆာင္ကာ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရသည္။
“ကြၽန္ေတာ့္အိမ္ကို ဓားျပဝင္တိုက္သြားပါတယ္။ အုပ္စုလိုက္ႀကီးဝင္ၿပီး ဓားျပတိုက္တာပါ။ အဘြားကေအာက္ထပ္မွာ အေမ နဲ႔ေနတာပါ။ အေမေဈးသြားတဲ့အခ်ိန္ အဘြားနဲ႔ေကာင္မေလးပဲရွိတဲ့အခ်ိန္ဝင္တိုက္သြားတယ္။ ကိုယ္ေတြ အေပၚထပ္မွာရွိေနတာေတာင္ တိုက္သြားၿပီးမွ သိလိုက္ရတယ္။ အဘြားကအသက္ ၈ဝ ေက်ာ္ၿပီမလို႔ လူကို တခုခုမလုပ္သြားတာပဲ ေတာ္ေတာ္ေက်းဇူးတင္ရမလိုျဖစ္ေနတယ္။ ေ႐ႊေတြေရာ၊မွန္ေတြပါအကုန္႐ိုက္ခြဲၿပီး ပိုက္ဆံ၊ေ႐ႊ၊အကုန္ယူသြားတာပါ။ ေအာက္ထပ္က ဆိုင္ ၂ဆိုင္ရွိတာကို (ကားအဲကြန္းျပင္ဆိုင္ နဲ႔ ေဆးဆိုင္) ပထမထပ္ကို အုပ္စုလိုက္ဝင္တိုက္တာ” ဟု ဓားျပတိုက္ခံရေသာ မိသားစုမွ မိသားစုဝင္တစ္ဦးက လူမႈကြန္ယက္တြင္ အသိေပးေျပာဆိုထားသည္။
ဓားျပတိုက္မႈျဖစ္ပြားခဲ့ေသာ ပန္းပင္ႀကီးလမ္းသည္ လူသြား၊လူလာစည္းကားေသာ ေနရာတစ္ခုပင္ျဖစ္ေသာ္လည္း ရဲရဲတင္းတင္း အုပ္စုလိုက္ဓားျပတိုက္မႈျဖစ္ပြားလာသည့္အတြက္ သတိျပဳေနထိုင္ၾကရန္လည္း ၎က အသိေပးေျပာဆိုထားသည္။
ရန္ကုန္အပါအဝင္ မႏၲေလးႏွင့္ တျခားၿမိဳ႕မ်ားတြင္ အုပ္စုလိုက္ အိမ္ေပၚတက္ကာ လုယက္မႈျဖစ္စဥ္မ်ားသည္ ပိုမိုျဖစ္ပြားလာေနသည္ကို ေတြ႕ရွိရၿပီး ျပည္သူမ်ားအေနျဖင့္ သတိျပဳေနထိုင္ၾကရန္လည္း အသိေပးေျပာ ဆိုမႈမ်ားရွိလာၾကသည္။
https://npnewsmm.com/news/6294658cda909d39b43d57ca