ကလေးမြို့ရှိ အမှတ် (၈)အထက်တန်းကျောင်းအား လက်နက်ကိုင်တစ်စုက မီးရှို့မှုကြောင့် ကျောင်းဆောင် (၂)ဆောင် နှင့် စာရေးထိုင်ခုံများ မီးလောင်ပျက်စီးခဲ့

1401

NP News - မေ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အမှတ်(၈) အထက်တန်းကျောင်းအား လက်နက်ကိုင်တစ်စုက လာရောက်မီးရှို့မှုကြောင့် စာသင်ကျောင်းဆောင် (၂)ဆောင်နှင့် စာရေးထိုင်ခုံများ မီးလောင်ပျက်စီးခဲ့ကြောင်း သ တင်းရရှိသည်။
အဆိုပါစာသင်ကျောင်းအား မေလ ၂၉ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် လက်နက်ကိုင်လူတစ်စုက လာရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၂၉ ရက်ညပိုင်းကထုတ်ပြန်ခဲ့ သည်။
မီးရှို့မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်း တည်ဆောက်ထားသည့် သွပ်မိုး၊ RC ၂ ထပ်ဆောင်ဖြစ်သည့် “ခရေဆောင်”၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၂ ထပ် “စွယ်တော်ဆောင်”၊ အဆိုပါကျောင်းဆောင်များအတွင်း ထိန်းသိမ်းထားရှိသည့် စာရေးခုံနှင့် ထိုင်ခုံတွဲဆက်ထားသည့် ထိုင်ခုံ ၆ဝ စုံ၊ စာရေးခုံ ၄ဝ လုံး၊ ဘီရိုအကြီး ၅ လုံး စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၃၁ သိန်းကျပ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အတူ မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်တွင်လည်း တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်၊ အာဇာနည်လမ်းပေါ်ရှိ အ မှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ လက်လုပ်မိုင်းများဖြင့် လာရောက်မိုင်းထောင်ဖောက်ခွဲခဲ့မှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/62948b3bb5671374ea750baa

zawgyi version
ကေလးၿမိဳ႕ရွိ အမွတ္ (၈)အထက္တန္းေက်ာင္းအား လက္နက္ကိုင္တစ္စုက မီးရႈိ႕မႈေၾကာင့္ ေက်ာင္းေဆာင္ (၂) ေဆာင္ ႏွင့္ စာေရးထိုင္ခုံမ်ား မီးေလာင္ပ်က္စီးခဲ့
NP News - ေမ ၃ဝ
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕ရွိ အမွတ္(၈) အထက္တန္းေက်ာင္းအား လက္နက္ကိုင္တစ္စုက လာေရာက္မီးရႈိ႕မႈေၾကာင့္ စာသင္ေက်ာင္းေဆာင္ (၂)ေဆာင္ႏွင့္ စာေရးထိုင္ခုံမ်ား မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သ တင္းရရွိသည္။
အဆိုပါစာသင္ေက်ာင္းအား ေမလ ၂၉ ရက္၊ နံနက္ ၁ နာရီအခ်ိန္ခန႔္တြင္ လက္နက္ကိုင္လူတစ္စုက လာေရာက္မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ေမလ ၂၉ ရက္ညပိုင္းကထုတ္ျပန္ခဲ့ သည္။
မီးရႈိ႕မႈေၾကာင့္ အဆိုပါေက်ာင္းဝင္းအတြင္း တည္ေဆာက္ထားသည့္ သြပ္မိုး၊ RC ၂ ထပ္ေဆာင္ျဖစ္သည့္ “ခေရေဆာင္”၊ သြပ္မိုး၊ ပ်ဥ္ခင္း၊ ပ်ဥ္ကာ ၂ ထပ္ “စြယ္ေတာ္ေဆာင္”၊ အဆိုပါေက်ာင္းေဆာင္မ်ားအတြင္း ထိန္းသိမ္းထားရွိသည့္ စာေရးခုံႏွင့္ ထိုင္ခုံတြဲဆက္ထားသည့္ ထိုင္ခုံ ၆ဝ စုံ၊ စာေရးခုံ ၄ဝ လုံး၊ ဘီ႐ိုအႀကီး ၅ လုံး စုစုေပါင္း ခန႔္မွန္းတန္ဖိုး ၂၃၁ သိန္းက်ပ္ခန႔္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထို႔အတူ ေမလ ၂၈ ရက္ မြန္းလြဲ ၂ နာရီခန႔္အခ်ိန္တြင္လည္း တနသၤာရီ တိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕၊ ေျမာက္႐ြာရပ္၊ အာဇာနည္လမ္းေပၚရွိ အ မွတ္(၃)အေျခခံပညာအထက္တန္းေက်ာင္းသို႔ လက္လုပ္မိုင္းမ်ားျဖင့္ လာေရာက္မိုင္းေထာင္ေဖာက္ခြဲခဲ့မႈ ျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/62948b3bb5671374ea750baa