ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြုမည် မဟုတ်ကြောင်း BPLA အသိပေးထုတ်ပြန်

 2352

NP News - မေ ၃၁
ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြုမည် မဟုတ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က အသိပေးထုတ်ပြန်ခဲ့သည်။

BPLA က မေလ ၃ဝ ရက်တွင် ပညာရေးနှင့်ပတ်သက်သော ရပ်တည် ချက်များကို အသိပေးထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖိနှိပ်ခံပညာရေးစနစ် ယန္တရားကျောင်းများသို့ မသွားရောက်ဘဲ အစား ထိုးရွေးချယ်စရာနည်းလမ်းဖြင့် ပညာသင်ပေးသော ပညာရေးများကို များစွာအားပေးထောက်ခံကြောင်းနှင့် သို့ရာတွင် ၎င်းအခွင့်အလမ်းများနှင့် အစားထိုးဆောင်ရွက်ချက်များကို လက်လှမ်းမမီ မတတ်နိုင်သော ကြောင့် ကျောင်းသို့ ပြန်လည်ပို့ဆောင်ရသော မိဘပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများ၏လုံခြုံရေးကို လုံးဝရန်ပြုထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းကို လုံးဝရှောင်ကျဉ်ကြမည်ဟု သန္နိဌာန်ချထားကြသော မိမိတို့နှင့် တစ်ပြည်လုံးမှ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့်အတူ ခိုင်မာရပ် တည်သွားမည်ဖြစ်ကြောင်း BPLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်အတွက် အခြေခံပညာစာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်အတွက် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

သို့သော် လက်ရှိတွင် အချို့သောအဖွဲ့အစည်းများက ဆရာ၊ ဆရာမများနှင့် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေသလို စာသင်ကျောင်းများတွင် ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်များလည်း ရှိလာသည်ကို တွေ့ရှိနေရသည်။

https://npnewsmm.com/news/6295b66a11f97315634cacb3

zawgyi version
ဆရာ၊ ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ား၏ လုံၿခဳံေရးကို လုံးဝရန္ျပဳမည္ မဟုတ္ေၾကာင္း BPLA အသိေပးထုတ္ျပန္
NP News - ေမ ၃၁

ဆရာ၊ ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ား၏ လုံၿခဳံေရးကို လုံးဝရန္ျပဳမည္ မဟုတ္ေၾကာင္း ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA)က အသိေပးထုတ္ျပန္ခဲ့သည္။

BPLA က ေမလ ၃ဝ ရက္တြင္ ပညာေရးႏွင့္ပတ္သက္ေသာ ရပ္တည္ ခ်က္မ်ားကို အသိေပးထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဖိႏွိပ္ခံပညာေရးစနစ္ ယႏၲရားေက်ာင္းမ်ားသို႔ မသြားေရာက္ဘဲ အစား ထိုးေ႐ြးခ်ယ္စရာနည္းလမ္းျဖင့္ ပညာသင္ေပးေသာ ပညာေရးမ်ားကို မ်ားစြာအားေပးေထာက္ခံေၾကာင္းႏွင့္ သို႔ရာတြင္ ၎အခြင့္အလမ္းမ်ားႏွင့္ အစားထိုးေဆာင္႐ြက္ခ်က္မ်ားကို လက္လွမ္းမမီ မတတ္ႏိုင္ေသာ ေၾကာင့္ ေက်ာင္းသို႔ ျပန္လည္ပို႔ေဆာင္ရေသာ မိဘျပည္သူမ်ား၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ား၏လုံၿခဳံေရးကို လုံးဝရန္ျပဳထိခိုက္ေစမည္ မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ စာသင္ေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ားကို စစ္ေရးအရ အသုံးျပဳျခင္းကို လုံးဝေရွာင္က်ဥ္ၾကမည္ဟု သႏၷိဌာန္ခ်ထားၾကေသာ မိမိတို႔ႏွင့္ တစ္ျပည္လုံးမွ ေတာ္လွန္ေရးရဲေဘာ္ရဲဘက္မ်ားႏွင့္အတူ ခိုင္မာရပ္ တည္သြားမည္ျဖစ္ေၾကာင္း BPLA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္အတြက္ အေျခခံပညာစာသင္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္အတြက္ ပညာေရးဝန္ႀကီးဌာနက ေက်ာင္းအပ္လက္ခံလ်က္ရွိၿပီး ေက်ာင္းမ်ားကို ဇြန္လ ၂ ရက္တြင္ စတင္ဖြင့္လွစ္ေတာ့မည္ျဖစ္သည္။

သို႔ေသာ္ လက္ရွိတြင္ အခ်ိဳ႕ေသာအဖြဲ႕အစည္းမ်ားက ဆရာ၊ ဆရာမမ်ားႏွင့္ စာသင္ေက်ာင္းမ်ားကို ဗုံးခြဲတိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္မႈမ်ားရွိေနသလို စာသင္ေက်ာင္းမ်ားတြင္ ဗုံးေပါက္ကြဲသည့္ျဖစ္စဥ္မ်ားလည္း ရွိလာသည္ကို ေတြ႕ရွိေနရသည္။

https://npnewsmm.com/news/6295b66a11f97315634cacb3

Picture

U Hla Yi

01/06/2022 09:02

အမှောင်ထဲမှာ အမဲနဲ့ရေးထားတဲ့စာကို ဖတ်ရ‌အောင် အလင်းပြပါ။

Picture

win zawthaung

02/06/2022 02:43

commentတွေတင်ထားတာကိုNPnewsကဘာလို့ပြန်မဖြေတာလဲအဲဒီတော့commentတင်ရတာအလကားပါပဲ

Related news

© 2021. All rights reserved.