မလေးရှားနိုင်ငံမှာသေဒဏ်ပေးမှုများ ဆက်လက်ရှိမှာဖြစ်ပေမယ့် မဖြစ်မနေဆောင်ရွက်တာမျိုးလုပ်မှာမဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်ပြော

 844

ဂျန်ဇက် (NP News) - ဇွန် ၁၁
မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကောဗ့်က မလေးရှားနိုင်ငံမှာ သေဒဏ်အပြစ်ပေးမှုများဆက်ရှိမှာဖြစ်ပေမယ့် အချို့အမှုများကိုတော့ မဖြစ်မနေဆောင်ရွက်တာမျိုးလုပ်ဆာင်မှာမဟုတ်ကြောင်း ဆိုပါတယ်။

သေဒဏ်အပြစ်ပေးမှုများနဲ့ပတ်သက်ပြီး တရားသူကြီးများကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များ ပေးထားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ မလေးရှား တရားရေးဝန်ကြီးတစ်ဦးက တရားရုံးဆုံးဖြတ်ချက်နဲ့သေဒဏ်ကို အခြားပြစ်ဒဏ်ပေးတာမျိုးတွေလည်းလုပ်ဆောင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်မှောင်ခိုရောင်းဝယ်မှုတွေလိုမျိုး ရာဇာဝတ်မှုများကိုတော့ သေဒဏ်ပေးမှာဖြစ်ကြောင်းမလေးရှား ဝန်ကြီးချုပ်ကပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်က "လူတိုင်းဟာ ဒုတိယအခွင့်ရေးနဲ့ထိုက်တန်တယ်လို့ ယုံကြည်မိတယ်။ သေဒဏ်နဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်နှစ်ခုရှိနေမယ်ဆိုရင် လူထောင်ချီကိုသေဆုံးအောင်လုပ်ခဲ့တဲ့ မူးယစ်မှောင်ခိုသမားတွေကိုတော့ သေဒဏ်ပေးမှာဖြစ်သလို ကြိုးပေးခြင်းကို ခွင့်ပြုပေးသွားမယ်"လို့ပြောပါတယ်။

ဒါ့ပြင် မလေးရှားဝန်ကြီးချုပ်က"တရားသူကြီးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ ပြစ်ဒဏ်ကျူးလွန်သူအတွက် ဒုတိယအခွင့်ရေးတစ်ခုထပ်ရှိနေမယ်ဆိုရင် သေဒဏ်အစား ကျွန်းဒဏ်ပြောင်းလဲသုံးတာမျိုးတွေလည်းရှိကောင်းရှိလာနိုင်တယ်"လို့ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ၁၉၅၂ ခုနှစ်မူးယစ်အက်ဥပဒေအရ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများကိုရွေးချယ်ခွင့်မပေးဘဲ တစ်ခါတည်းသေဒဏ်ပေးဖို့ သတ်မှတ်ထားပေမယ့် တရားသူကြီးဟာ မူးယစ်မှုမှာပါဝင်မှုအ ခြေအနေများကို စဉ်းစားသုံးသပ်ပြီး သေဒဏ်ကို အပြောင်းအလဲလုပ် ဆောင်နိုင်ကြောင်း မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်ဆာဘရီက "တစ်ခါတစ်ရံမှာ မူးယစ်အမှုတွေထဲ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တွေပါဝင်နေတာမျိုးတွေတွေ့နိုင်တယ်။ အချို့လူ ငယ်တွေဆိုရင် အိတ်ထဲမှာမူးယစ်ဆေးဝါးတွေတွေ့ရှိတာမျိုးရှိခဲ့ပေမယ့်အဲဒီမူးယစ်ဆေးဝါးကို ပိုင်ဆိုင်သူဖြစ်တယ်ဆိုတာ သက်သေပြနိုင်တာမျိုးမရှိဘူး၊ တရားရုံးက အဲဒီလူငယ်ကို သေဒဏ်ချမှတ်ရမှာဖြစ်ပေမယ့် တရားသူကြီးဟာ စွပ်စွဲခံရတဲ့ လူငယ်ကို သေဒဏ်ပေးမယ့်အစီအစဉ်ကို ပြောင်းလဲပြီး ဒုတိယအကြိမ်အခွင့်ရေးပေးတာမျိုးလုပ်နိုင်တယ်။ သေ ဒဏ်အစား သေဒဏ်နဲ့ညီမျှတဲ့ ပြစ်ဒဏ်မျိုးတွေပေးနိုင်တယ်"လို့ပြောပါတယ်။

https://www.channelnewsasia.com/asia/malaysia-death-penalty-remains-no-longer-mandatory-pm-ismail-sabri-2740341

zawgyi version
မေလးရွားႏိုင္ငံမွာေသဒဏ္ေပးမႈမ်ား ဆက္လက္ရွိမွာျဖစ္ေပမယ့္ မျဖစ္မေနေဆာင္႐ြက္တာမ်ိဳးလုပ္မွာမဟုတ္ဘူးလို႔ မေလးရွားဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၁၁

မေလးရွား ဝန္ႀကီးခ်ဳပ္ အစၥေမးလ္ ဆာဘရီ ယာေကာဗ့္က မေလးရွားႏိုင္ငံမွာ ေသဒဏ္အျပစ္ေပးမႈမ်ားဆက္ရွိမွာျဖစ္ေပမယ့္ အခ်ိဳ႕အမႈမ်ားကိုေတာ့ မျဖစ္မေနေဆာင္႐ြက္တာမ်ိဳးလုပ္ဆာင္မွာမဟုတ္ေၾကာင္း ဆိုပါတယ္။

ေသဒဏ္အျပစ္ေပးမႈမ်ားနဲ႔ပတ္သက္ၿပီး တရားသူႀကီးမ်ားကို ကိုယ္ပိုင္ဆုံးျဖတ္ခြင့္မ်ား ေပးထားမွာျဖစ္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ မေလးရွား တရားေရးဝန္ႀကီးတစ္ဦးက တရား႐ုံးဆုံးျဖတ္ခ်က္နဲ႔ေသဒဏ္ကို အျခားျပစ္ဒဏ္ေပးတာမ်ိဳးေတြလည္းလုပ္ေဆာင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။ မူးယစ္ေမွာင္ခိုေရာင္းဝယ္မႈေတြလိုမ်ိဳး ရာဇာဝတ္မႈမ်ားကိုေတာ့ ေသဒဏ္ေပးမွာျဖစ္ေၾကာင္းမေလးရွား ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က "လူတိုင္းဟာ ဒုတိယအခြင့္ေရးနဲ႔ထိုက္တန္တယ္လို႔ ယုံၾကည္မိတယ္။ ေသဒဏ္နဲ႔ပတ္သက္ၿပီး ေ႐ြးခ်ယ္ခြင့္ႏွစ္ခုရွိေနမယ္ဆိုရင္ လူေထာင္ခ်ီကိုေသဆုံးေအာင္လုပ္ခဲ့တဲ့ မူးယစ္ေမွာင္ခိုသမားေတြကိုေတာ့ ေသဒဏ္ေပးမွာျဖစ္သလို ႀကိဳးေပးျခင္းကို ခြင့္ျပဳေပးသြားမယ္"လို႔ေျပာပါတယ္။

ဒါ့ျပင္ မေလးရွားဝန္ႀကီးခ်ဳပ္က"တရားသူႀကီးရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခြင့္အရ ျပစ္ဒဏ္က်ဴးလြန္သူအတြက္ ဒုတိယအခြင့္ေရးတစ္ခုထပ္ရွိေနမယ္ဆိုရင္ ေသဒဏ္အစား ကြၽန္းဒဏ္ေျပာင္းလဲသုံးတာမ်ိဳးေတြလည္းရွိေကာင္းရွိလာႏိုင္တယ္"လို႔ေျပာပါတယ္။

မေလးရွားႏိုင္ငံမွာ ၁၉၅၂ ခုႏွစ္မူးယစ္အက္ဥပေဒအရ မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္သူမ်ားကိုေ႐ြးခ်ယ္ခြင့္မေပးဘဲ တစ္ခါတည္းေသဒဏ္ေပးဖို႔ သတ္မွတ္ထားေပမယ့္ တရားသူႀကီးဟာ မူးယစ္မႈမွာပါဝင္မႈအ ေျခအေနမ်ားကို စဥ္းစားသုံးသပ္ၿပီး ေသဒဏ္ကို အေျပာင္းအလဲလုပ္ ေဆာင္ႏိုင္ေၾကာင္း မေလးရွားဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ဆာဘရီက "တစ္ခါတစ္ရံမွာ မူးယစ္အမႈေတြထဲ အသက္ ၁၈ ႏွစ္အ႐ြယ္ရွိ လူငယ္ေတြပါဝင္ေနတာမ်ိဳးေတြေတြ႕ႏိုင္တယ္။ အခ်ိဳ႕လူ ငယ္ေတြဆိုရင္ အိတ္ထဲမွာမူးယစ္ေဆးဝါးေတြေတြ႕ရွိတာမ်ိဳးရွိခဲ့ေပမယ့္အဲဒီမူးယစ္ေဆးဝါးကို ပိုင္ဆိုင္သူျဖစ္တယ္ဆိုတာ သက္ေသျပႏိုင္တာမ်ိဳးမရွိဘူး၊ တရား႐ုံးက အဲဒီလူငယ္ကို ေသဒဏ္ခ်မွတ္ရမွာျဖစ္ေပမယ့္ တရားသူႀကီးဟာ စြပ္စြဲခံရတဲ့ လူငယ္ကို ေသဒဏ္ေပးမယ့္အစီအစဥ္ကို ေျပာင္းလဲၿပီး ဒုတိယအႀကိမ္အခြင့္ေရးေပးတာမ်ိဳးလုပ္ႏိုင္တယ္။ ေသ ဒဏ္အစား ေသဒဏ္နဲ႔ညီမွ်တဲ့ ျပစ္ဒဏ္မ်ိဳးေတြေပးႏိုင္တယ္"လို႔ေျပာပါတယ္။

https://www.channelnewsasia.com/asia/malaysia-death-penalty-remains-no-longer-mandatory-pm-ismail-sabri-2740341

Related news

© 2021. All rights reserved.