မြန်မာ-ထိုင်းနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်များအား ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် နှစ်နိုင်ငံရဲတပ်ဖွဲ့များဆွေးနွေး

 2268

ဟိန်း (NP News) - ဇွန် ၁၂
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ်တွင် ခိုအောင်းနေသည့် လက်နက်ကိုင်အဖွဲ့များအား ရဲတပ်ဖွဲ့အချင်းချင်း ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်က ထိုင်းရဲတပ်ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ တော်ဝင်ရဲအဖွဲ့တို့အကြား နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ ရဲချုပ်အဆင့် ပထမအကြိမ်လုပ်ငန်း ကော်မတီ အစည်းအဝေးကို ဇွန်လ ၇ ရက်က ဘန်ကောက်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများ တိုက်ဖျက်ရေးတွင် နယ်စပ်ဆက်ဆံရေးရုံးများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်တွင် ခိုအောင်းနေသော လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများသည် နှစ်နိုင်ငံ၏ အ ကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည်ဖြစ်၍ ရဲတပ်ဖွဲ့အချင်း ချင်းထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အကြမ်းဖက်မှု အန္တရာယ်များအတွက် သက်ရောက်မှုများ၊ အထူးသဖြင့် လက်နက်မှောင်ခိုမှုနှင့် လက် နက် ကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ရဲတပ်ဖွဲ့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ရဲတပ်ဖွဲ့အချင်းချင်း ဆက်လက် ပူးပေါင်းဆောင်ရွက်ကြမည့် သဘောတူညီချက် (၆) ချက်ကိုလည်း အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

https://npnewsmm.com/news/62a5adec73680a0d2d584834

zawgyi version
ျမန္မာ-ထိုင္းနယ္စပ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္မ်ားအား ရဲတပ္ဖြဲ႕အခ်င္းခ်င္း ပူးေပါင္းေဖာ္ထုတ္အေရးယူႏိုင္ရန္ ႏွစ္ႏိုင္ငံရဲတပ္ဖြဲ႕မ်ားေဆြးေႏြး
ဟိန္း (NP News) - ဇြန္ ၁၂

ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံနယ္နိမိတ္တြင္ ခိုေအာင္းေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားအား ရဲတပ္ဖြဲ႕အခ်င္းခ်င္း ထိေရာက္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ ရဲခ်ဳပ္က ထိုင္းရဲတပ္ဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ထိုင္းႏိုင္ငံ ေတာ္ဝင္ရဲအဖြဲ႕တို႔အၾကား ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား တားဆီးႏွိမ္နင္းေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ႏွစ္ႏိုင္ငံ ရဲခ်ဳပ္အဆင့္ ပထမအႀကိမ္လုပ္ငန္း ေကာ္မတီ အစည္းအေဝးကို ဇြန္လ ၇ ရက္က ဘန္ေကာက္ၿမိဳ႕၌ က်င္းပခဲ့ျခင္းျဖစ္သည္။

အစည္းအေဝးတြင္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္ ဗိုလ္ခ်ဳပ္ ဇင္မင္းထက္က နယ္စပ္ျဖတ္ေက်ာ္ ေမွာင္ခိုမႈမ်ား တိုက္ဖ်က္ေရးတြင္ နယ္စပ္ဆက္ဆံေရး႐ုံးမ်ား ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရး၊ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ နယ္နိမိတ္တြင္ ခိုေအာင္းေနေသာ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္သမားမ်ားသည္ ႏွစ္ႏိုင္ငံ၏ အ က်ိဳးစီးပြားကို ဆိုး႐ြားစြာ ထိခိုက္ပ်က္စီးေစသည္ျဖစ္၍ ရဲတပ္ဖြဲ႕အခ်င္း ခ်င္းထိေရာက္သည့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္ ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

အဓိကအားျဖင့္ ပူးေပါင္းေဆာင္႐ြက္ရမည့္ အၾကမ္းဖက္မႈ အႏၲရာယ္မ်ားအတြက္ သက္ေရာက္မႈမ်ား၊ အထူးသျဖင့္ လက္နက္ေမွာင္ခိုမႈႏွင့္ လက္နက္ ကုန္ကူးမႈဆိုင္ရာ ကိစၥရပ္မ်ား၊ ႏိုင္ငံျဖတ္ေက်ာ္ မႈခင္းမ်ား တိုက္ဖ်က္ေရး၊ နယ္စပ္ေဒသရွိ ျပည္သူမ်ား၏ အသက္အိုးအိမ္ စည္းစိမ္မ်ားအား ကာကြယ္ေစာင့္ေရွာက္ေရး၊ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ရဲတပ္ဖြဲ႕ဆိုင္ရာ သင္တန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ ႏွစ္ႏိုင္ငံ ရဲတပ္ဖြဲ႕အၾကား နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးေရးတို႔ႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးညႇိႏႈိင္းခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံ ရဲတပ္ဖြဲ႕အခ်င္းခ်င္း ဆက္လက္ ပူးေပါင္းေဆာင္႐ြက္ၾကမည့္ သေဘာတူညီခ်က္ (၆) ခ်က္ကိုလည္း အစည္းအေဝးတြင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။

https://npnewsmm.com/news/62a5adec73680a0d2d584834

Picture

Myo Naing Oo

12/06/2022 23:07

verygood

Picture

Myo Naing Oo

12/06/2022 23:07

verygood

Related news

© 2021. All rights reserved.