မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး၊ ၇ ဦးအား တွေ့ရှိကယ်ဆယ်နိုင်ခဲ့

950

ဟိန်း (NP News) - ဇွန် ၁၃
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတစ်စီးနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လှေငယ်ဖြင့် မျောပါလာသူ ၇ ဦးအား ကိုကိုးကျွန်းလုံခြုံရေးအဖွဲ့မှ တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါလှေလုပ်သား ၇ ဦးသည် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ခွာလာခြင်းဖြစ်ရာ ရာသီဥတုဆိုးရွားမှုကြောင့် စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဇွန် ၁ဝ ရက်နေ့ ညနေပိုင်းတွင် ကိုကိုးကျွန်းအနီးသို့ မျောပါလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲဝင်များက ကိုကိုးကျွန်း ၏ မြောက်ဘက်ကမ်းခြေအနီးတွင် လှေငယ်တစ်စင်း မျောပါလာသည်ကိုတွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ပေ ၂ဝ၊ အကျယ် သုံးပေ၊ အမြင့် တစ်ပေခန့်ရှိ သစ်သားလှေ တစ်စင်းပေါ်၌ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူမြို့နယ် ကုန်းကြီးကျေးရွာနေ ဦးစိုးပိုင်(ဘ) ဦးမန်းထိတ်အပါအဝင် လှေလုပ်သား ၇ ဦးအား အဝတ် ထုပ်များနှင့်အတူ တွေ့ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်သည် ဧပြီ ၂ဝ ရက်တွင် အလျား ၃၅ ပေ၊ အကျယ် ငါးပေခန့်ရှိ သစ်သားချွန်း စက်လှေတစ်စင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူမှ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရန်ထွက်ခွာခဲ့ရာ ဇွန် ၄ ရက်တွင် ပါလီပါလဲ့ ကျွန်းအနီးသို့အရောက်၌ ရာသီဥတုဆိုးရွားပြီး အဆိုပါစက်လှေသည် ရေဝင်နစ်မြုပ်သွားခဲ့သဖြင့် လှေငယ် တစ်စင်းနှင့်မျောပါလာခဲ့ပြီး ကိုကိုးကျွန်းအနီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့မျောပါလာသည့် လှေလုပ်သား ၇ ဦးအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကိုကိုးကျွန်း မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://npnewsmm.com/news/62a6f8ea70c31a489e292ca5

Zawgyi Version;
ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းစက္ေလွတစ္စီး နစ္ျမဳပ္မႈျဖစ္ပြားခဲ့ၿပီး၊ ၇ ဦးအား ေတြ႕ရွိကယ္ဆယ္ႏိုင္ခဲ့
ဟိန္း (NP News) - ဇြန္ ၁၃
ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းစက္ေလွတစ္စီးနစ္ျမဳပ္မႈျဖစ္ပြားခဲ့ရာ ေလွငယ္ျဖင့္ ေမ်ာပါလာသူ ၇ ဦးအား ကိုကိုးကြၽန္းလုံၿခဳံေရးအဖြဲ႕မွ ေတြ႕ရွိကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါေလွလုပ္သား ၇ ဦးသည္ ဧရာဝတီတိုင္းေဒသႀကီးမွ ထြက္ခြာလာျခင္းျဖစ္ရာ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ စက္ေလွနစ္ျမဳပ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး၊ ဇြန္ ၁ဝ ရက္ေန႔ ညေနပိုင္းတြင္ ကိုကိုးကြၽန္းအနီးသို႔ ေမ်ာပါလာခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ကိုကိုးကြၽန္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္ေနေသာ တပ္ဖြဲဝင္မ်ားက ကိုကိုးကြၽန္း ၏ ေျမာက္ဘက္ကမ္းေျခအနီးတြင္ ေလွငယ္တစ္စင္း ေမ်ာပါလာသည္ကိုေတြ႕ရွိရသျဖင့္ သြားေရာက္စစ္ေဆးရာ အလ်ား ေပ ၂ဝ၊ အက်ယ္ သုံးေပ၊ အျမင့္ တစ္ေပခန႔္ရွိ သစ္သားေလွ တစ္စင္းေပၚ၌ ဧရာဝတီတိုင္းေဒသႀကီး ျပင္စလူၿမိဳ႕နယ္ ကုန္းႀကီးေက်း႐ြာေန ဦးစိုးပိုင္(ဘ) ဦးမန္းထိတ္အပါအဝင္ ေလွလုပ္သား ၇ ဦးအား အဝတ္ ထုပ္မ်ားႏွင့္အတူ ေတြ႕ရွိခဲ့ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ဇြန္လ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျဖစ္စဥ္သည္ ဧၿပီ ၂ဝ ရက္တြင္ အလ်ား ၃၅ ေပ၊ အက်ယ္ ငါးေပခန႔္ရွိ သစ္သားခြၽန္း စက္ေလွတစ္စင္းႏွင့္အတူ ဧရာဝတီတိုင္းေဒသႀကီး ျပင္စလူမွ ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းရန္ထြက္ခြာခဲ့ရာ ဇြန္ ၄ ရက္တြင္ ပါလီပါလဲ့ ကြၽန္းအနီးသို႔အေရာက္၌ ရာသီဥတုဆိုး႐ြားၿပီး အဆိုပါစက္ေလွသည္ ေရဝင္နစ္ျမဳပ္သြားခဲ့သျဖင့္ ေလွငယ္ တစ္စင္းႏွင့္ေမ်ာပါလာခဲ့ၿပီး ကိုကိုးကြၽန္းအနီးသို႔ ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထုိသုိ႔ေမ်ာပါလာသည့္ ေလွလုပ္သား ၇ ဦးအား လိုအပ္သည့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားႏွင့္ ကိုကိုးကြၽန္း ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံတြင္ က်န္းမာေရး စစ္ေဆးေပးျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။
https://npnewsmm.com/news/62a6f8ea70c31a489e292ca5