လူမျိုးရေးများ ပဋိပက္ခ နိဂုံးချုပ်၍ လေဆိပ်များ၊ အဝေးပြေးလမ်းများ တည်ဆောက်မည်

 226

Htay Oung (NP News) - စက်တင်ဘာ ၁၅

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီဟာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီး လူ ၂၆၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ မဏိ ပူရပြည်နယ်ကို လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာတယ်လို့ “အယ်လ်ဂျာဇီးယား” က စက်တင်ဘာလ ၁၃ ရက်မှာ ရေးသားခဲ့ပါတယ်။
နိုင်ငံအရှေ့မြောက်ဖျား မဏိပူရပြည်နယ်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ဟိန္ဒူဘာ သာဝင် မေထေး (ကသည်း) လူများစုတို့နဲ့ ခရစ်ယာန် ကူကီး-ချင်း ဝအသိုင်းအဝန်းတို့အကြား ၂၀၂၃ ခုနှစ် မေလမှာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် တစ်ဖက်နဲ့တစ်ဖက် ခါးခါးသီးဖြစ်နေကြပါတယ်။ အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အစိုးရက ဖွင့်လှစ်ထားတဲ့ ယာယီခိုလှုံရေးစခန်းများမှာ ယနေ့တိုင် နေထိုင်နေရဆဲဖြစ်ပါတယ်။
မဏိပူရမှာ ပုံမှန်လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိဖို့အတွက် အိန္ဒိယအစိုးရအနေနဲ့ တတ်နိုင်သမျှ ကြိုးပမ်း နေပါတယ်လို့ မိုဒီက ကူကီး အများစုနေထိုင်ရာ ချူရာချန်ပူမြို့ စနေနေ့ လူထောင်ပေါင်းများစွာ တက်ရောက်တဲ့ လူထုအစည်းအဝေးမှာ ပြောပါတယ်။
“ခင်ဗျားတို့နဲ့အတူ ရှိနေဖို့ ဒီနေ့ ကျွန်တော် ကတိပေးပါတယ်။ အိန္ဒိယအစိုးရဟာ မဏိပူရပြည်သူတွေနဲ့အတူ ရှိနေပါတယ်၊ “အုပ်စုအားလုံးတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းကြဖို့ ပန်ကြားလိုက်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ပြည်နယ်မြို့တော် အင်ဖာမြို့ မေထေးအများစုကို မိန့်ခွန်းပြောရာမှာ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူ မိသားစု တွေအတွက် အိုးအိမ်သစ် ၇,၀၀၀ ကို ဆောက်လုပ်ပေးရေး အစိုးရက ပံ့ပိုးပေးနေတယ်လို့ ပါရှိပါတယ်။ နှစ်ဖက်အသိုက်အဝန်းအချင်းချင်း တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်ကြရန်၊ တောင်ကုန်းနဲ့ ချိုင့်ဝှမ်းနေ ညီအစ်ကိုတို့ရဲ့ ပေါင်းကူးတံတားကို ခိုင်မာအောင် လုပ်သင့်တယ်လို့ ပြောပါတယ်။
နယူးဒေလီမြို့မှ မိုင် ၁၀၅၀ ခန့် ကွာဝေးတဲ့ မြန်မာနယ်စပ်ပြည်နယ်ကို ဟိန္ဒူအမျိုးသားရေးဝါဒီ ခေါင်းဆောင်ရဲ့ နောက်ဆုံးသွားရောက်လည်ပတ်ခဲ့တာ ၂၀၂၂-ခုနှစ် ဖြစ်ပါတယ်။ ယခု ခရီးစဉ်အတွင်း ဝန်ကြီးချုပ်မိုဒီဟာ အဝေး ပြေးလမ်း ၅ ခု၊ ရဲဌာနချုပ်အသစ်အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်တန်ဖိုးရှိ ဖွံ့ဖြိုးရေးစီမံကိန်းများ ကို အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

မိုဒီရဲ့ “ဘာရတ်တီယာ ဂျနာတာ” ဟိန္ဒူအမျိုးသားရေး ပါတီမှ မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န်ဘီရန် ဆင်းဟာ လူမျိုးရေးပဋိပက္ခများဖြစ်ပွားစဉ် သွေးထွက်သံယိုမှုများကို ရပ်တန့်ရန် ပျက်ကွက်ခဲ့ကြောင်း ဝေဖန်မှုများကြောင့် ဖေဖော်ဝါရီလမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ပြည်နယ်ကို နယူးဒေလီမှ တိုက်ရိုက် အုပ်ချုပ်လာ ခဲ့ပါတယ်။
မြေယာနဲ့ အစိုးရအလုပ်အကိုင်များအတွက် ပြိုင်ဆိုင်ရာမှာ အမြစ်တွယ်နေတဲ့ မေထေးနဲ့ ကူကီးတို့အကြား တင်းမာ မှုတွေဟာ ဒေသအတွင်းမှာ ကာလအတန်ကြာ တအုံနွေးနွေး ရှိနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ သဘောထားကွဲလွဲမှုများကို သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် မီးထိုးပေးနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေကြပါတယ်။
မိုဒီရဲ့မဏိပူရခရီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အာသံပြည်နယ်အပြင် အိန္ဒိယရဲ့တတိယ မြောက် လူဦးရေအများဆုံးနေထိုင်ရာ ဘီဟာပြည်နယ်တို့ပါဝင်တဲ့ သုံးရက်ကြာ ခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါ တယ်။
ဘီဟာပြည်နယ်ဟာ လာမယ့် အောက်တိုဘာ (သို့) နိုဝင်ဘာလမှာ ကျင်းပရန် စီစဉ်ထားတဲ့ ရွေးကောက် ပွဲများမတိုင်မီ မဲရရှိရေး အဓိကတိုက်ပွဲဝင်ရမယ့်နေရာဖြစ်ပါတယ်။ အိန္ဒိယမြောက်ပိုင်း ဟိန္ဒူစတန်နီ ဘာသာ စကားပြောဒေသမှာ မိုဒီရဲ့ BJP ပါတီဝင်တို့ မအုပ်ချုပ်ခဲ့ဖူးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပါတယ်။
အိန္ဒိယရဲ့ပြည်နယ်များအနက် အဆင်းရဲဆုံးလည်းဖြစ်ပြီး စိုက်ပျိုးရေးပရောဂျက်များ၊ မီးရထားလမ်း ချိတ်ဆက် မှုများ၊ လမ်းအဆင့်မြှင့်တင်မှုနဲ့ လေဆိပ်ဂိတ်များ ပါဝင်တဲ့ ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ် နှံမှုများကို ထုတ်ဖော်ပြသရန် မိုဒီက စီစဉ်ထားပါတယ်။

#HtayOung #OungMarine

Zawgyi Version:
လူမ်ိဳးေရးမ်ား ပဋိပကၡ နိဂုံးခ်ဳပ္၍ ေလဆိပ္မ်ား၊ အေဝးေျပးလမ္းမ်ား တည္ေဆာက္မည္
Htay Oung (NP News) - စက္တင္ဘာ ၁၅

အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ျဒာ မိုဒီဟာ လူမ်ိဳးေရး ပဋိပကၡျဖစ္ပြားၿပီး လူ ၂၆၀ ထက္မနည္း ေသဆုံးခဲ့ရတဲ့ မဏိ ပူရျပည္နယ္ကို လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ေရာက္ရွိလာတယ္လို႔ “အယ္လ္ဂ်ာဇီးယား” က စက္တင္ဘာလ ၁၃ ရက္မွာ ေရးသားခဲ့ပါတယ္။
ႏိုင္ငံအေရွ႕ေျမာက္ဖ်ား မဏိပူရျပည္နယ္ဟာ အိမ္နီးခ်င္း ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနၿပီး ဟိႏၵဴဘာ သာဝင္ ေမေထး (ကသည္း) လူမ်ားစုတို႔နဲ႔ ခရစ္ယာန္ ကူကီး-ခ်င္း ဝအသိုင္းအဝန္းတို႔အၾကား ၂၀၂၃ ခုႏွစ္ ေမလမွာ အၾကမ္းဖက္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ တစ္ဖက္နဲ႔တစ္ဖက္ ခါးခါးသီးျဖစ္ေနၾကပါတယ္။ အၾကမ္းဖက္မႈမ်ားေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရၿပီး အစိုးရက ဖြင့္လွစ္ထားတဲ့ ယာယီခိုလႈံေရးစခန္းမ်ားမွာ ယေန႔တိုင္ ေနထိုင္ေနရဆဲျဖစ္ပါတယ္။
မဏိပူရမွာ ပုံမွန္လမ္းေၾကာင္းမွန္ေပၚျပန္လည္ေရာက္ရွိဖို႔အတြက္ အိႏၵိယအစိုးရအေနနဲ႔ တတ္ႏိုင္သမွ် ႀကိဳးပမ္း ေနပါတယ္လို႔ မိုဒီက ကူကီး အမ်ားစုေနထိုင္ရာ ခ်ဴရာခ်န္ပူၿမိဳ႕ စေနေန႔ လူေထာင္ေပါင္းမ်ားစြာ တက္ေရာက္တဲ့ လူထုအစည္းအေဝးမွာ ေျပာပါတယ္။
“ခင္ဗ်ားတို႔နဲ႔အတူ ရွိေနဖို႔ ဒီေန႔ ကြၽန္ေတာ္ ကတိေပးပါတယ္။ အိႏၵိယအစိုးရဟာ မဏိပူရျပည္သူေတြနဲ႔အတူ ရွိေနပါတယ္၊ “အုပ္စုအားလုံးတို႔ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ၿငိမ္းခ်မ္းေရးလမ္းစဥ္အတိုင္း ေလွ်ာက္လွမ္းၾကဖို႔ ပန္ၾကားလိုက္ပါတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
ျပည္နယ္ၿမိဳ႕ေတာ္ အင္ဖာၿမိဳ႕ ေမေထးအမ်ားစုကို မိန႔္ခြန္းေျပာရာမွာ ပဋိပကၡေၾကာင့္ အိုးအိမ္စြန႔္ခြာခဲ့ရသူ မိသားစု ေတြအတြက္ အိုးအိမ္သစ္ ၇,၀၀၀ ကို ေဆာက္လုပ္ေပးေရး အစိုးရက ပံ့ပိုးေပးေနတယ္လို႔ ပါရွိပါတယ္။ ႏွစ္ဖက္အသိုက္အဝန္းအခ်င္းခ်င္း ေတြ႕ဆုံေဆြးေႏြးေရးမွာ ပါဝင္ၾကရန္၊ ေတာင္ကုန္းနဲ႔ ခ်ိဳင့္ဝွမ္းေန ညီအစ္ကိုတို႔ရဲ႕ ေပါင္းကူးတံတားကို ခိုင္မာေအာင္ လုပ္သင့္တယ္လို႔ ေျပာပါတယ္။
နယူးေဒလီၿမိဳ႕မွ မိုင္ ၁၀၅၀ ခန႔္ ကြာေဝးတဲ့ ျမန္မာနယ္စပ္ျပည္နယ္ကို ဟိႏၵဴအမ်ိဳးသားေရးဝါဒီ ေခါင္းေဆာင္ရဲ႕ ေနာက္ဆုံးသြားေရာက္လည္ပတ္ခဲ့တာ ၂၀၂၂-ခုႏွစ္ ျဖစ္ပါတယ္။ ယခု ခရီးစဥ္အတြင္း ဝန္ႀကီးခ်ဳပ္မိုဒီဟာ အေဝး ေျပးလမ္း ၅ ခု၊ ရဲဌာနခ်ဳပ္အသစ္အပါအဝင္ အေမရိကန္ေဒၚလာ သန္း ၉၆၀ ေက်ာ္တန္ဖိုးရွိ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ား ကို အခမ္းအနားနဲ႔ ဖြင့္လွစ္ေပးခဲ့ပါတယ္။

မိုဒီရဲ႕ “ဘာရတ္တီယာ ဂ်နာတာ” ဟိႏၵဴအမ်ိဳးသားေရး ပါတီမွ မဏိပူရျပည္နယ္ ဝန္ႀကီးခ်ဳပ္ အင္န္ဘီရန္ ဆင္းဟာ လူမ်ိဳးေရးပဋိပကၡမ်ားျဖစ္ပြားစဥ္ ေသြးထြက္သံယိုမႈမ်ားကို ရပ္တန႔္ရန္ ပ်က္ကြက္ခဲ့ေၾကာင္း ေဝဖန္မႈမ်ားေၾကာင့္ ေဖေဖာ္ဝါရီလမွာ ရာထူးမွ ႏႈတ္ထြက္သြားခဲ့ပါတယ္။ အဲဒီေနာက္ ျပည္နယ္ကို နယူးေဒလီမွ တိုက္႐ိုက္ အုပ္ခ်ဳပ္လာ ခဲ့ပါတယ္။
ေျမယာနဲ႔ အစိုးရအလုပ္အကိုင္မ်ားအတြက္ ၿပိဳင္ဆိုင္ရာမွာ အျမစ္တြယ္ေနတဲ့ ေမေထးနဲ႔ ကူကီးတို႔အၾကား တင္းမာ မႈေတြဟာ ေဒသအတြင္းမွာ ကာလအတန္ၾကာ တအုံေႏြးေႏြး ရွိေနပါတယ္။ ႏိုင္ငံေရးေခါင္းေဆာင္ေတြဟာ သေဘာထားကြဲလြဲမႈမ်ားကို သူတို႔ရဲ႕ကိုယ္က်ိဳးစီးပြားအတြက္ မီးထိုးေပးေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕မ်ားက စြပ္စြဲေနၾကပါတယ္။
မိုဒီရဲ႕မဏိပူရခရီးစဥ္ဟာ ဘဂၤလားေဒ့ရွ္နဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အာသံျပည္နယ္အျပင္ အိႏၵိယရဲ႕တတိယ ေျမာက္ လူဦးေရအမ်ားဆုံးေနထိုင္ရာ ဘီဟာျပည္နယ္တို႔ပါဝင္တဲ့ သုံးရက္ၾကာ ခရီးစဥ္ရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္ပါ တယ္။
ဘီဟာျပည္နယ္ဟာ လာမယ့္ ေအာက္တိုဘာ (သို႔) ႏိုဝင္ဘာလမွာ က်င္းပရန္ စီစဥ္ထားတဲ့ ေ႐ြးေကာက္ ပြဲမ်ားမတိုင္မီ မဲရရွိေရး အဓိကတိုက္ပြဲဝင္ရမယ့္ေနရာျဖစ္ပါတယ္။ အိႏၵိယေျမာက္ပိုင္း ဟိႏၵဴစတန္နီ ဘာသာ စကားေျပာေဒသမွာ မိုဒီရဲ႕ BJP ပါတီဝင္တို႔ မအုပ္ခ်ဳပ္ခဲ့ဖူးတဲ့ တစ္ခုတည္းေသာျပည္နယ္ျဖစ္ပါတယ္။
အိႏၵိယရဲ႕ျပည္နယ္မ်ားအနက္ အဆင္းရဲဆုံးလည္းျဖစ္ၿပီး စိုက္ပ်ိဳးေရးပေရာဂ်က္မ်ား၊ မီးရထားလမ္း ခ်ိတ္ဆက္ မႈမ်ား၊ လမ္းအဆင့္ျမႇင့္တင္မႈနဲ႔ ေလဆိပ္ဂိတ္မ်ား ပါဝင္တဲ့ ေဒၚလာ ၈ ဘီလီယံတန္ဖိုးရွိ ဖြံ႕ၿဖိဳးေရး ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ားကို ထုတ္ေဖာ္ျပသရန္ မိုဒီက စီစဥ္ထားပါတယ္။

#HtayOung #OungMarine

Related news

© 2021. All rights reserved.