အိန္ဒိယတွင် လုပ်ငန်းများချဲ့ထွင်ရန် မျက်စိကျနေသည့် တရုတ် EV ကုမ္ပဏီ BYD

167

Pika (NP News) - စက်တင်ဘာ ၁၅
တရုတ်လျှပ်စစ်ကား(EV) ထုတ်လုပ်သည့်ကုမ္ပဏီ BYD သည် အိန္ဒိယနိုင်ငံတွင် ၎င်း၏လုပ် ငန်းများကိုချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ BYD ကုမ္ပဏီ၏ အိန္ဒိယမန်နေးဂျင်းဒါရိုက်တာ Ketsu Zhang သည် လာမည့်လအနည်းငယ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ ကိစ္စနှင့်ရင်းနှီးသည့်သတင်းရင်းမြစ် များ၏ပြောကြားချက်များကိုကိုးကားပြီး Bloom berg ကရေးသားဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ Shenzhen မြို့အခြေစိုက် BYD ကုမ္ပဏီသည် ၎င်း၏ထိပ်တန်းမန်နေဂျာများနှင့် အင်ဂျင်နီယာများ အတွက် ဗီဇာများစတင်ရယူနေပြီဖြစ်ပြီး ကုမ္ပဏီ၏လေ့ကျင့်ရေးပရိုဂရမ်များကို ပြန်လည်စတင်ကာ ၎င်း၏စက်ပစ္စည်း ထိန်းသိမ်းမှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာအရသိရသည်။ (၂၀၂၀)ပြည့်နှစ်တွင် အိန္ဒိယနှင့် တရုတ်ကြား အပြန်အလှန်ဆက်ဆံရေးများဆိုးရွားလာခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံသားများအတွက် ဗီဇာမူဝါဒကန့်သတ်မှုများကိုချမှတ်ခဲ့ကြောင်းသိရ သည်။
သို့သော်လည်း နောက်ပိုင်းတွင် ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာစေရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းခဲ့မှု နှင့်အတူ အိန္ဒိယအစိုးရက ဗီဇာကန့်သတ်ချက်များကို တဖြည်းဖြည်းဖြေလျှော့လာခဲ့ ကြောင်းသိရသည်။ ထို့ပြင် BYD ကုမ္ပဏီသည် လမ်းနှင့်ကိုက်ညီမှုအတွက် အိန္ဒိယ၏စည်းမျဉ်းစည်းကမ်းကင်းရှင်းမှုများကိုလည်း ရယူရန်ရည်ရွယ်ထားပြီး ၎င်း၏လက်ရှိနှစ်စဉ်တင်သွင်းသော ကားအစီးရေ (၂၅၀ဝ)စီးခွဲတမ်းကို ကျော်လွန်သွားနိုင်ဖွယ်ရှိကြောင်း Bloomberg က ရေးသားဖော်ပြခဲ့သည်။
အိန္ဒိယသို့သွားရောက်လည်ပတ်မည့်ခရီးစဉ်အတွင်း Ketsu Zhang သည် အိန္ဒိယဖက်ဒရယ် အစိုးရအရာရှိ များနှင့် နယူးဒေလီမြို့တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်းသိရသည်။

Zawgyi Version:
အိႏၵိယတြင္ လုပ္ငန္းမ်ားခ်ဲ႕ထြင္ရန္ မ်က္စိက်ေနသည့္ တ႐ုတ္ EV ကုမၸဏီ BYD
Pika (NP News) - စက္တင္ဘာ ၁၅
တ႐ုတ္လွ်ပ္စစ္ကား(EV) ထုတ္လုပ္သည့္ကုမၸဏီ BYD သည္ အိႏၵိယႏိုင္ငံတြင္ ၎၏လုပ္ ငန္းမ်ားကိုခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းေနေၾကာင္း Bloomberg သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။ BYD ကုမၸဏီ၏ အိႏၵိယမန္ေနးဂ်င္းဒါ႐ိုက္တာ Ketsu Zhang သည္ လာမည့္လအနည္းငယ္အတြင္း အိႏၵိယႏိုင္ငံသို႔ သြားေရာက္လည္ပတ္ႏိုင္ဖြယ္ရွိေၾကာင္း အဆိုပါ ကိစၥႏွင့္ရင္းႏွီးသည့္သတင္းရင္းျမစ္ မ်ား၏ေျပာၾကားခ်က္မ်ားကိုကိုးကားၿပီး Bloom berg ကေရးသားေဖာ္ျပခဲ့သည္။
တ႐ုတ္ႏိုင္ငံ Shenzhen ၿမိဳ႕အေျခစိုက္ BYD ကုမၸဏီသည္ ၎၏ထိပ္တန္းမန္ေနဂ်ာမ်ားႏွင့္ အင္ဂ်င္နီယာမ်ား အတြက္ ဗီဇာမ်ားစတင္ရယူေနၿပီျဖစ္ၿပီး ကုမၸဏီ၏ေလ့က်င့္ေရးပ႐ိုဂရမ္မ်ားကို ျပန္လည္စတင္ကာ ၎၏စက္ပစၥည္း ထိန္းသိမ္းမႈမ်ားကို လုပ္ေဆာင္ႏိုင္ဖြယ္ရွိေၾကာင္း အစီရင္ခံစာအရသိရသည္။ (၂၀၂၀)ျပည့္ႏွစ္တြင္ အိႏၵိယႏွင့္ တ႐ုတ္ၾကား အျပန္အလွန္ဆက္ဆံေရးမ်ားဆိုး႐ြားလာခဲ့ၿပီးေနာက္ အိႏၵိယအစိုးရသည္ တ႐ုတ္ႏိုင္ငံသားမ်ားအတြက္ ဗီဇာမူဝါဒကန႔္သတ္မႈမ်ားကိုခ်မွတ္ခဲ့ေၾကာင္းသိရ သည္။
သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ ဆက္ဆံေရးမ်ား ျပန္လည္ေကာင္းမြန္လာေစရန္ ႏွစ္ႏိုင္ငံစလုံးက ႀကိဳးပမ္းခဲ့မႈ ႏွင့္အတူ အိႏၵိယအစိုးရက ဗီဇာကန႔္သတ္ခ်က္မ်ားကို တျဖည္းျဖည္းေျဖေလွ်ာ့လာခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ BYD ကုမၸဏီသည္ လမ္းႏွင့္ကိုက္ညီမႈအတြက္ အိႏၵိယ၏စည္းမ်ဥ္းစည္းကမ္းကင္းရွင္းမႈမ်ားကိုလည္း ရယူရန္ရည္႐ြယ္ထားၿပီး ၎၏လက္ရွိႏွစ္စဥ္တင္သြင္းေသာ ကားအစီးေရ (၂၅၀ဝ)စီးခြဲတမ္းကို ေက်ာ္လြန္သြားႏိုင္ဖြယ္ရွိေၾကာင္း Bloomberg က ေရးသားေဖာ္ျပခဲ့သည္။
အိႏၵိယသို႔သြားေရာက္လည္ပတ္မည့္ခရီးစဥ္အတြင္း Ketsu Zhang သည္ အိႏၵိယဖက္ဒရယ္ အစိုးရအရာရွိ မ်ားႏွင့္ နယူးေဒလီၿမိဳ႕တြင္ ေတြ႕ဆုံရန္ စီစဥ္ထားေၾကာင္းသိရသည္။