တပ်မတော် ပြန်လည်ထိန်းချုပ်နိုင်သော မြို့များမှပြည်သူများ အကြောက်တရားမရှိဘဲ လုံခြုံမှုကို ပြန်လည်ခံစားနေကြရ

286

သန့်ဇင် (NP News)စက်တင်ဘာ ၁၅
တပ်မတော်က ပြန်လည်ထိန်းချုပ်ထားသောမြို့များမှ ပြည်သူများအနေဖြင့် အကြောက်တရား အစား လုံခြုံမှုကိုပြန်လည်ခံစားနေကြရပြီဖြစ်ကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်း ခဲ့ရာ တူညီစွာပြန်လည်ဖြေဆိုထားကြသည်။
တပ်မတော်သည် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာမြို့များသို့ ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ရာ မြို့ပေါင်း(၈)မြို့ထက်မနည်းကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့များအတွင်း ဆီဆိုင်မြို့၊ ဖယ်ခုံ မြို့၊ လွိုင်ကော်မြို့၊ နောင်ချိုမြို့နှင့် လားရှိုးမြို့တွင် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း လုပ် ဆောင်ပြီး အကြောက်တရားများလျော့ကျလာကာ လုံခြုံမှုပြန်ရနေပြီဖြစ်ကြောင်း သိရသည်။
“သူတို့ဝင်ရောက်နေထိုင်နေစဉ်ကာလ အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုယူတယ်။ သူတို့ နဲ့အတူ မနေတဲ့လူတွေကို ရိုက်တာနှက်တာတွေ ရှိတယ်။ ကလေးတွေဆိုရင်လည်း အစအနပျောက်သွား တဲ့ကလေးတွေရှိတယ်။ မီးတွေလည်းပြတ်သွားတာ ပေါ့။ အစိုးရဌာနဆိုင်ရာတွေလည်း မီးရှို့ခံခဲ့ရတာ ပေါ့။ တပ်ပြန်လည်ထိန်းချုပ်ပြီးတော့ လုံခြုံတယ်လို့ ခံစားရတာပေါ့။ စိတ်လုံခြုံမှုပြန်ရတာပေါ့။ တရား ဥပဒေ စိုးမိုးမှု ပြန်ရတာပေါ့” ဟု ဆီဆိုင်မြို့ခံတစ်ဦးက ဆို သည်။
ထို့ပြင် ဖယ်ခုံမြို့ဒေသခံများသည်လည်း တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့တွင်းပြန် လည်ဝင်ရောက်နေထိုင်နေကြပြီး KNDF ပူးပေါင်းအဖွဲ့တို့ပြန်လည်တိုက်ပွဲဖော်ဆောင်ပါက မဖယ်ပေး တော့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အခုဝင်လာတဲ့အဖွဲ့တွေရှိတာပေါ့။ အခု ထပ်ဝင်လာလည်း နောက်တစ်ခေါက်လာလုပ်မယ် ဆိုရင်လည်း သူတို့မဖယ်တော့ဘူးပေါ့။ အရင်က တော့ မသိကြသေးဘူးလေ။ ဘယ်ဟာကောင်းနိုးနိုး နဲ့ဒေသခံတွေက အရိုးခံဆိုတော့ အဲဒီလိုဆွဲဆောင် တာပါသွားတာပေါ့။ စစ်ရှောင်ရင်းနဲ့မှ တဖြည်းဖြည်း သိသာကြတာပေါ့။ သိလာတော့ အကုန်ပြန်ရောက် ကြပါပြီ။ လုံခြုံတယ်လို့ခံစားကြရတာပေါ့။ ဈေးတွေ လည်းအကုန်ပြန်စည်နေပြီပေါ့။ အခုနောက်ပိုင်အပြင် မှာတစ်ခုခုဆို တပ်ကို ပုံမှန်သွားပြီးသတင်းပို့ကြတယ်။ ဈေးတို့ဘာတို့ဖွင့်ချင်တယ်ဆိုရင်တောင် တပ်ကို သတင်းပို့ကြတယ်။ သူတို့ဖွင့်ချင်လို့ပါပေါ့”ဟု ဖယ်ခုံ မြို့ခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့သည်လည်း တပ်မတော် ပြန်လည်ထိန်းချုပ်ထားပြီးနောက် ကုန်ဈေးနှုန်း၊ လျှပ်စစ် မီးနှင့် ဆက်သွယ်ရေးများ ပြန်လည်အဆင်ပြေနေပြီဖြစ်ပြီး နေရပ်စွန့်တိမ်းရှောင်ခဲ့သူများလည်း ပြန် ဝင် ရောက်နေလျက်ရှိကြောင်း သိရသည်။
“ပြန်လာတိုက်မယ်ဆိုပြီး သတင်းတွေ လွှင့်တယ်။ လာလည်းဘယ်သူမှ မရှောင်တော့ဘူး။ လာ တိုက်လို့လည်း မရတော့ဘူး။ အခုဆို ဈေးတွေ လည်းပြန်ဖွင့်နေပြီ။ အဆင်ပြေတယ်။ မီးလည်း (၂၄) နာရီ ပဲ။ ဆက်သွယ်ရေးလည်း ကောင်းတယ်။ ဘယ် သူက ဘာလဲဆိုတာ လူတွေက သိသွားပြီ”ဟု လွိုင်ကော် မြို့ခံတစ်ဦးက ပြောသည်။
အလားတူ နောင်ချိုမြို့တွင်လည်း TNLA ထိန်းချုပ်စဉ်က အကြောက်တရားများနှင့်နေထိုင်ခဲ့ ရသော်လည်း လက်ရှိတွင် လုံခြုံမှုပြန်လည်ရရှိလာပြီဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်နည်းတူ ဆိုသည်။
“TNLA ထိန်းချုပ်ထားတုန်းက နံပါတ် (၁) အကြောက်တရားတွေနဲ့ ထိန်းချုပ်၊ ကုန်ဈေးနှုန်းတွေ တအားမြင့်တက်တယ်။ ဖုန်းလိုင်းတွေနဲ့ လမ်း ပန်းဆက်သွယ်ရေးတွေပြတ်တောက်ခဲ့တယ်။ တပ်မတော် ပြန်လည်ထိန်းချုပ်ပြီးတော့ လုံခြုံမှုစိတ်ချရတာ ပေါ့။ ညဘက်ဆိုလည်း အပြင်ထွက်ရဲသွားတယ်။ ကုန် ဈေးနှုန်းတွေဆိုရင်လည်း အခုကြက်ဥတစ်လုံး (၅၀ဝ) ကျပ် ဒီလောက်ပြန်ရောက်သွားတယ်။ အခြေခံ ကုန်စည်တွေဈေးပြန်ကျသွားတယ်။ မြို့နယ်တွင်း က ရွာပေါင်း (၂၁) ရွာပြန်ပြီးတော့ ဖုန်းလိုင်း ပြန်ရ သွားပြီ” ဟု နောင်ချိုဒေသခံက ပြောသည်။
အလားတူ လားရှိုးမြို့တွင်လည်း MNDAA ထိန်းချုပ်စဉ်က ဒေသခံများနေရပ်ပြန်သူများစွာ မရှိခဲ့ သော်လည်း လက်ရှိကာလ တပ်မတော် ပြန် လည် ထိန်းချုပ်ထားချိန်တွင် မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
“လားရှိုးမှာက ကိုးကန့်တွေရှိတုန်းက တော်တော်များများပြန်မဝင်ရဲဘူး။ အခုက တော့ပြန်ဝင် နေပြီ။ စစ်တလင်းလိုဖြစ်သွားတဲ့နေရာဆိုတော့ တော်တော်များများပြန်ပြင်နေရတယ်။ မြို့က စွန့်ခွာ သွားတဲ့လူတွေလည်း ပြန်ဝင်နေကြပြီ။ တပ်ပြန်ဝင်ပြီး နောက် ပိုပြီးစိတ်အေးလာရတယ်။ လုံခြုံလာ တယ်” ဟု ၎င်းပြောသည်။

Zawgyi Version:
တပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ေသာ ၿမိဳ႕မ်ားမွျပည္သူမ်ား အေၾကာက္တရားမရွိဘဲ လုံၿခဳံမႈကို ျပန္လည္ခံစားေနၾကရ
သန႔္ဇင္ (NP News)စက္တင္ဘာ ၁၅
တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ထားေသာၿမိဳ႕မ်ားမွ ျပည္သူမ်ားအေနျဖင့္ အေၾကာက္တရား အစား လုံၿခဳံမႈကိုျပန္လည္ခံစားေနၾကရၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္း ခဲ့ရာ တူညီစြာျပန္လည္ေျဖဆိုထားၾကသည္။
တပ္မေတာ္သည္ လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ထားရာၿမိဳ႕မ်ားသို႔ ျပန္လည္စစ္ေၾကာင္းထိုး တိုက္ခိုက္ခဲ့ရာ ၿမိဳ႕ေပါင္း(၈)ၿမိဳ႕ထက္မနည္းကို ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿမိဳ႕မ်ားအတြင္း ဆီဆိုင္ၿမိဳ႕၊ ဖယ္ခုံ ၿမိဳ႕၊ လြိဳင္ေကာ္ၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ လားရႈိးၿမိဳ႕တြင္ ေဒသခံမ်ားျပန္လည္ဝင္ေရာက္ေနထိုင္လ်က္ရွိကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားလည္း လုပ္ ေဆာင္ၿပီး အေၾကာက္တရားမ်ားေလ်ာ့က်လာကာ လုံၿခဳံမႈျပန္ရေနၿပီျဖစ္ေၾကာင္း သိရသည္။
“သူတို႔ဝင္ေရာက္ေနထိုင္ေနစဥ္ကာလ အတြင္းက ျပည္သူပိုင္ပစၥည္းေတြကိုယူတယ္။ သူတို႔ နဲ႔အတူ မေနတဲ့လူေတြကို ႐ိုက္တာႏွက္တာေတြ ရွိတယ္။ ကေလးေတြဆိုရင္လည္း အစအနေပ်ာက္သြား တဲ့ကေလးေတြရွိတယ္။ မီးေတြလည္းျပတ္သြားတာ ေပါ့။ အစိုးရဌာနဆိုင္ရာေတြလည္း မီးရႈိ႕ခံခဲ့ရတာ ေပါ့။ တပ္ျပန္လည္ထိန္းခ်ဳပ္ၿပီးေတာ့ လုံၿခဳံတယ္လို႔ ခံစားရတာေပါ့။ စိတ္လုံၿခဳံမႈျပန္ရတာေပါ့။ တရား ဥပေဒ စိုးမိုးမႈ ျပန္ရတာေပါ့” ဟု ဆီဆိုင္ၿမိဳ႕ခံတစ္ဦးက ဆို သည္။
ထို႔ျပင္ ဖယ္ခုံၿမိဳ႕ေဒသခံမ်ားသည္လည္း တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ ၿမိဳ႕တြင္းျပန္ လည္ဝင္ေရာက္ေနထိုင္ေနၾကၿပီး KNDF ပူးေပါင္းအဖြဲ႕တို႔ျပန္လည္တိုက္ပြဲေဖာ္ေဆာင္ပါက မဖယ္ေပး ေတာ့ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“အခုဝင္လာတဲ့အဖြဲ႕ေတြရွိတာေပါ့။ အခု ထပ္ဝင္လာလည္း ေနာက္တစ္ေခါက္လာလုပ္မယ္ ဆိုရင္လည္း သူတို႔မဖယ္ေတာ့ဘူးေပါ့။ အရင္က ေတာ့ မသိၾကေသးဘူးေလ။ ဘယ္ဟာေကာင္းႏိုးႏိုး နဲ႔ေဒသခံေတြက အ႐ိုးခံဆိုေတာ့ အဲဒီလိုဆြဲေဆာင္ တာပါသြားတာေပါ့။ စစ္ေရွာင္ရင္းနဲ႔မွ တျဖည္းျဖည္း သိသာၾကတာေပါ့။ သိလာေတာ့ အကုန္ျပန္ေရာက္ ၾကပါၿပီ။ လုံၿခဳံတယ္လို႔ခံစားၾကရတာေပါ့။ ေဈးေတြ လည္းအကုန္ျပန္စည္ေနၿပီေပါ့။ အခုေနာက္ပိုင္အျပင္ မွာတစ္ခုခုဆို တပ္ကို ပုံမွန္သြားၿပီးသတင္းပို႔ၾကတယ္။ ေဈးတို႔ဘာတို႔ဖြင့္ခ်င္တယ္ဆိုရင္ေတာင္ တပ္ကို သတင္းပို႔ၾကတယ္။ သူတို႔ဖြင့္ခ်င္လို႔ပါေပါ့”ဟု ဖယ္ခုံ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
လြိဳင္ေကာ္ၿမိဳ႕သည္လည္း တပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ထားၿပီးေနာက္ ကုန္ေဈးႏႈန္း၊ လွ်ပ္စစ္ မီးႏွင့္ ဆက္သြယ္ေရးမ်ား ျပန္လည္အဆင္ေျပေနၿပီျဖစ္ၿပီး ေနရပ္စြန႔္တိမ္းေရွာင္ခဲ့သူမ်ားလည္း ျပန္ ဝင္ ေရာက္ေနလ်က္ရွိေၾကာင္း သိရသည္။
“ျပန္လာတိုက္မယ္ဆိုၿပီး သတင္းေတြ လႊင့္တယ္။ လာလည္းဘယ္သူမွ မေရွာင္ေတာ့ဘူး။ လာ တိုက္လို႔လည္း မရေတာ့ဘူး။ အခုဆို ေဈးေတြ လည္းျပန္ဖြင့္ေနၿပီ။ အဆင္ေျပတယ္။ မီးလည္း (၂၄) နာရီ ပဲ။ ဆက္သြယ္ေရးလည္း ေကာင္းတယ္။ ဘယ္ သူက ဘာလဲဆိုတာ လူေတြက သိသြားၿပီ”ဟု လြိဳင္ေကာ္ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
အလားတူ ေနာင္ခ်ိဳၿမိဳ႕တြင္လည္း TNLA ထိန္းခ်ဳပ္စဥ္က အေၾကာက္တရားမ်ားႏွင့္ေနထိုင္ခဲ့ ရေသာ္လည္း လက္ရွိတြင္ လုံၿခဳံမႈျပန္လည္ရရွိလာၿပီျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္နည္းတူ ဆိုသည္။
“TNLA ထိန္းခ်ဳပ္ထားတုန္းက နံပါတ္ (၁) အေၾကာက္တရားေတြနဲ႔ ထိန္းခ်ဳပ္၊ ကုန္ေဈးႏႈန္းေတြ တအားျမင့္တက္တယ္။ ဖုန္းလိုင္းေတြနဲ႔ လမ္း ပန္းဆက္သြယ္ေရးေတြျပတ္ေတာက္ခဲ့တယ္။ တပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္ၿပီးေတာ့ လုံၿခဳံမႈစိတ္ခ်ရတာ ေပါ့။ ညဘက္ဆိုလည္း အျပင္ထြက္ရဲသြားတယ္။ ကုန္ ေဈးႏႈန္းေတြဆိုရင္လည္း အခုၾကက္ဥတစ္လုံး (၅၀ဝ) က်ပ္ ဒီေလာက္ျပန္ေရာက္သြားတယ္။ အေျခခံ ကုန္စည္ေတြေဈးျပန္က်သြားတယ္။ ၿမိဳ႕နယ္တြင္း က ႐ြာေပါင္း (၂၁) ႐ြာျပန္ၿပီးေတာ့ ဖုန္းလိုင္း ျပန္ရ သြားၿပီ” ဟု ေနာင္ခ်ိဳေဒသခံက ေျပာသည္။
အလားတူ လားရႈိးၿမိဳ႕တြင္လည္း MNDAA ထိန္းခ်ဳပ္စဥ္က ေဒသခံမ်ားေနရပ္ျပန္သူမ်ားစြာ မရွိခဲ့ ေသာ္လည္း လက္ရွိကာလ တပ္မေတာ္ ျပန္ လည္ ထိန္းခ်ဳပ္ထားခ်ိန္တြင္ ၿမိဳ႕ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
“လားရႈိးမွာက ကိုးကန႔္ေတြရွိတုန္းက ေတာ္ေတာ္မ်ားမ်ားျပန္မဝင္ရဲဘူး။ အခုက ေတာ့ျပန္ဝင္ ေနၿပီ။ စစ္တလင္းလိုျဖစ္သြားတဲ့ေနရာဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားျပန္ျပင္ေနရတယ္။ ၿမိဳ႕က စြန႔္ခြာ သြားတဲ့လူေတြလည္း ျပန္ဝင္ေနၾကၿပီ။ တပ္ျပန္ဝင္ၿပီး ေနာက္ ပိုၿပီးစိတ္ေအးလာရတယ္။ လုံၿခဳံလာ တယ္” ဟု ၎ေျပာသည္။