ဒေါ်နယ်ထရမ့်၏ သမိုင်းဝင် ဒုတိယမြောက် ဗြိတိန်ခရီးစဉ်နှင့် နှစ်နိုင်ငံအထူးဆက်ဆံရေး

91

သန်းထိုက်စိုး (NP News) - အောက်တိုဘာလ ၇
ဒေါ်နယ်ထရမ့်ကို အကြံဉာဏ်ပေးရန်ဆို သည်မှာ ရဲရင့်သူတို့အတွက်သာဖြစ်သည်။ သို့သော် ဘုရင်ချားလ်စ်သည် ထိုအလုပ်အတွက် အဆင်သင့် ဖြစ်နေသည်။ နှစ်ဦးသားသည် တော်ဝင်ဂုဏ်ပြုတပ်ဖွဲ့ ကိုစစ်ဆေးစဉ်တွင် ဘုရင် Charles က စစ်သားတစ် ဦးကို အမေရိကန်သမ္မတရှေ့တွင် ဓားရှည်ကိုရွှေ့ လိုက်ချိန်၌ " ဓားကိုသတိထား " ဟုပြောကြားခဲ့သည်။ သမိုင်းတွင် အကြီးမားဆုံး တော်ဝင်ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပနေချိန်တွင် ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာ စတာမားကမူ အခြားအရာတစ်ခုကိုသာ အာရုံစိုက်နေ ခဲ့သည်။ သူသည် နှစ်နိုင်ငံ အထူးဆက်ဆံရေးကို မျက်စိရှင်ရှင်ကြည့်နေခဲ့သည်။
အမေရိကန်နှင့်ဗြိတိန်တို့ကြား ဆက်ဆံ ရေးသည် အင်အားမမျှတမှုကြောင့် မည်သည့် ဗြိတိန် ဝန်ကြီးချုပ်လက်ထက်တွင်မဆို စီမံခန့်ခွဲရန် အမြဲတ စေခက်ခဲသည့်အရာတစ်ခု ဖြစ်ခဲ့သည်။ ယခုခရီးစဉ် သည် စတာမားအတွက် ပို၍ပင်စိန်ခေါ်မှုကြီးမားခဲ့ သည်။ အကြောင်းမှာ သူသည် မဲဆန္ဒရှင်များကြား ရုန်းကန်နေရချိန်ဖြစ်သည်။ အမေရိကန်သမ္မတမ ရောက်မီတစ်ပတ်အလို၌ လိပ်ပိုင်းဆိုင်ရာကျူးလွန် ထားသူအဖြစ် စွပ်စွဲခံနေရသူ ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) နှင့် ဆက်စပ်မှုများကြောင့် အမေ ရိကန်ဆိုင်ရာ ဗြိတိန်သံအမတ် လော့ဒ်ပီတာမန်ဒယ်လ် ဆန် (Lord Peter Mandelson) ကို ရာထူးမှထုတ် ပယ်ရန် ဝန်ကြီးချုပ်စတာမားကို အမေရိကန်အစိုးရက ဖိအားပေးခဲ့သည်။
ဗြိတိန် အလုပ်သမားပါတီသည် နိုင်ငံရေး ပါးနပ်မှုကြောင့် မန်ဒယ်လ်ဆန်ကို ဝါရှင်တန်ရှိ ရာထူး အတွက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မတည့်သူထရမ့်ကို သူ့ ဘက်ပါအောင်စည်းရုံးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ထရမ့်အစိုးရအဖွဲ့ကို အနှောင့်အယှက်ပေး နေသောကိစ္စရပ်များကြောင့် မန်ဒယ်လ်ဆန်၏အက်ပ် စတိုင်းနှင့်ဆက်စပ်မှုများအကြောင်းကို စတာမား တစ်ယောက် မည်သည့်အချိန်ကသိခဲ့သနည်းဆိုသော မေးခွန်းများ ပေါ်ပေါက်လာခဲ့သည်။ သူ၏ဆုံးဖြတ် ချက်ကို အရေးတကြီးလိုအပ်နေသောအချိန်၌ စိစစ် ခံနေခဲ့ရသည်။
ယခုလအစောပိုင်းတွင် ဗြိတိန်ဒုတိယဝန် ကြီးချုပ် အန်ဂျလာရေနာ(Angela Rayner) သည် သူ၏ ဒုတိယမြောက်အိမ်အတွက် ပေါင် (၄ဝ,ဝဝဝ) ($80,000) တန်ဖိုးရှိတံဆိပ်ခွန်ကို လျှော့ပေါ့၍ဆောင် ခဲ့သည်ဟုဝန်ခံပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရသည်။ အန်ဂျလာရေနာ နုတ်ထွက်ခြင်းမပြုမီတွင် စတာမား သည် အန်ဂျလာရေနာကိုထောက်ခံခဲ့သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်နီးပါးက အနိုင်ရခဲ့သောရွေး ကောက်ပွဲမှစ၍ သူ၏ အစိုးရအဖွဲ့မှထွက်ခွာခဲ့သော အဋ္ဌမမြောက်နှင့် အရေးအပါဆုံး ဝန်ကြီးဖြစ်ခဲ့သည်။ အမှတ်(၁၀) ဒေါင်းနင်းလမ်းသို့ရောက်ရှိပြီးနောက် ပိုင်းတွင် စတာမားသည် မဲဆန္ဒရှင်များအကြား ထောက်ခံမှုရရှိရန်ရုန်းကန်နေရပြီး စီးပွားရေးတုံ့နှေး ခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများဝင်ရောက်လာမှု အပေါ် မကျေနပ်မှုများဖြစ်စေခဲ့သည်။ ယူကရိန်းစစ် ပွဲတွင် စိုးရိမ်ပူပန်နေသောဥရောပနှင့် မတည်ငြိမ် သော အမေရိကန်အစိုးရကြားတွင် ပေါင်းကူးပေးရန် စတာမား၏ကြိုးပမ်းမှုများသည် သူ့အား အသိအမှတ် ပြုခံရမှုအချို့ ရရှိစေခဲ့သည်။ သို့သော် အနောက်တိုင်း ခေါင်းဆောင်များက သူ့ကို ဝါရှင်တန်တွင် ဩဇာ ညောင်းစေလိုသော်လည်း Brexit သည် ဗြိတိန်အား ဥရောပတွင် ဩဇာကျဆင်းစေခဲ့သည် ။
ဥရောပသမဂ္ဂမှထွက်ခွာခြင်းက ထရမ့်ကို ကျေနပ်စေခဲ့ပြီး စတာမား၏ ယခင်ဝန်ကြီးချုပ် ဘော ရစ်ဂျွန်ဆင် (Boris Johnson) ကို " ဗြိတိန် ထရမ့် " ဟုခေါ်ဆိုခဲ့သည်။ သို့သော် ဂါဇာ၊ ယူကရိန်း စစ်ပွဲ များနှင့် ထရမ့်အစိုးရအဖွဲ့၏ အခွန်အကောက်မူဝါဒ သည် မိတ်ဆွေဟောင်းများကြားတွင် ပွတ်တိုက်မှုများ ကိုဖြစ်ပေါ်စေခဲ့သည်။ ဗြိတိန်အခွန်ထမ်းများက ပေး ဆောင်ရသော နှစ်ရက်နီးပါးကြာ ခမ်းနားထည်ဝါသော တော်ဝင်ပွဲပြီးနောက် စတာမားသည် အထူးဆက်ဆံ ရေးကို မည်သည့်အခြေအနေတွင်ရှိနေကြောင်းကို ကမ္ဘာ့မီဒီယာများရှေ့တွင် အချိန်နှင့်တစ်ပြေးညီ သိရှိ ခဲ့ရသည်။
စတာမားနှင့်ထရမ့် သဘောမတူသော် လည်း သဘောတူညီကြသည်ဟု ဆိုရမည်ဖြစ်သည်။ နောက်ဆုံး သတင်းစာရှင်းလင်းပွဲ၏ ပထမဆုံးမေးခွန်း သည် စတာမားအတွက် အကြီးမားဆုံးသောအန္တရာယ် အဖြစ်ယူဆောင်လာခဲ့သည်။ ပါလက်စတိုင်းကို နိုင်ငံ အဖြစ်အသိအမှတ်ပြုရန် ဗြိတိန်၏အစီအစဉ်အပေါ် ထရမ့် မည်သို့ထင်မြင်သလဲ။
အိမ်ဖြူတော်တွေ့ဆုံမှုတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာဇယ်လန်စကီး (Volodymyr Zelenskyy) ကိုတိုက်ခိုက်ခဲ့သကဲ့သို့ သူ၏ ဗြိတိန်လုပ် ဖော်ကိုင်ဖက်ကိုတိုက်ခိုက်ခြင်းအစား ထရမ့်က တစ်မူ ထူးခြားစွာတုံ့ပြန်ခဲ့သည်။ ထရမ့်သည် သူ၏မကျေနပ် ချက်ကို အေးဆေးတည်ငြိမ်စွာဖြင့် လူသိရှင်ကြား ထုတ်ဖော်ခဲ့သည်။ စတာမားသည် အခြား ကမ္ဘာ့ခေါင်း ဆောင်အနည်းငယ်သာလုပ်ဆောင်နိုင်သည့်အရာ တစ်ခုကို အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့သည်။ သူသည် ထရမ့်နှင့်သဘောမတူညီရန်နှင့် ယင်းအ တွက် အပြစ်တင်ခံရခြင်းမရှိရန် အခွင့်အရေးရရှိခဲ့ သည်။
ဟားမာ့စ် (Hamas) သည် ပါလက်စတိုင်း ကိုအုပ်ချုပ်ရာတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင် မည်မဟုတ်ဟု စတာမားကပြောကြားချိန်တွင် ထရမ့် က စတာမား၏ပခုံးကိုပုတ်ခဲ့သည်။ " ဒါကောင်းတယ်"ဟု သူကပြောကြားခဲ့သည်။ ထရမ့်က စတာမားသည် မာရည်ကျောရည်ရှိသည့်ညှိနှိုင်းသူ" ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နှစ်နိုင်ငံကြားတွင် နောက်ဆုံးကုန်သွယ် ရေးသဘောတူညီချက်ကိုချုပ်ဆိုရန် သူ၏ကြိုးပမ်းမှု များကိုချီးကျူးခဲ့သည်။ "ကျွန်တော်ထင်တာတော့ ဒါက ကျွန်တော်တို့အတွက်ထက် ခင်ဗျားတို့အတွက် ပိုကောင်းတဲ့သဘောတူညီချက်ပဲ၊ ဒါပေမဲ့ ဒါတွေက တော့ အသေးအမွှားအချက်အလက်တွေပါ"ဟု ထရမ့်ကပြောဆိုခဲ့သည်။
ခရီးစဉ်အတွင်း ပေါင်(၂၅၀)ဘီလျံ ($510 ဘီလျံ)တန်ဖိုးရှိ နည်းပညာဆိုင်ရာ မိတ်ဖက်အဖွဲ့အ စည်းတစ်ခုနှင့်လက်မှတ်ရေးထိုးခဲ့ပြီး ဗြိတိန်တွင် အ လုပ်အကိုင် (၁၅ယဝဝဝ)ခန့် ဖန်တီးပေးမည်ဟု ခန့် မှန်းထားသည်။ ၎င်းသည် ဗြိတိန်အတွက် အရေးပါ သောသဘောတူညီချက်ဖြစ်ပြီး မိုက်ခရိုဆော့ဖ်(Microsoft) ၊ OpenAi နှင့် ဂူဂဲလ် (Google) အပါအဝင် အမေရိကန်ကုမ္ပဏီများအားလုံးသည် စတာမား၏ ထိပ်တန်းဦးစားပေးဖြစ်သော စီးပွားရေးတိုးတက်မှု စီမံကိန်းတွင်ပါဝင်ခဲ့သည်။
" AI ကနေ နျူကလီးယားဓာတ်ပေါင်း ဖိုငယ်တွေအထိ အရာရာတိုင်းမှာ ှငူငခသည ဠေူနပ က ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမယ့်နေရာအဖြစ် ဗြိတိန်ကိုရွေးချယ်ခဲ့ပါတယ်။ အဆုံးမှာတော့ ဒါဟာ ဆီလီကွန်နဲ့ သံမဏိထိပ်သီးအစည်းအဝေးဖြစ်ခဲ့ပါ တယ်။ အထူးဆက်ဆံရေးဟာ သူရဲ့ကတိတွေအသစ် ပြန်လုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုပါဟု Silicon Valley သတင်းစာက ဆောင်းပါးတစ်ပုဒ်တွင်ပြော ကြားခဲ့သည်။
ဂါဇာ၊ ယူကရိန်းနှင့် အခွန်အကောက်များ မပြောင်းလဲဘဲ ကျန်ရှိနေဆဲ ဂါဇာငြိမ်းချမ်းရေးဆွေး နွေးမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်းမရှိခဲ့ပါ ။ ရုရှားအပေါ် ပိတ်ဆို့အရေး ယူမှုအသစ်များ ကြေညာခြင်းမရှိခဲ့သကဲ့သို့ ဗြိတိန်သံမဏိတင်ပို့မှုအပေါ် အခွန်အကောက်များ လျှော့ချ ခြင်းလည်းမရှိခဲ့ပါ။ နိုင်ငံတကာပြဿနာများသည် မပြောင်းလဲဘဲ ကျန်ရှိနေဆဲဖြစ်ပြီး ဗြိတိန်၏ ကြိုးပမ်း မှုများအားလုံးအတွက် ထိုနည်းအတိုင်းပင်ရှိနေပေ လိမ့်မည်။ ဒေါ်နယ်ထရမ့်၏ ဝန်ထမ်းအကြီးအကဲဖြစ် သူ ဆူစီဝိုင်းလ်စ် (Susie Wiles) က ယခုခရီးစဉ်သည် ကုန်သွယ်ရေး၊ နိုင်ငံတကာရေးရာ သို့မဟုတ် အခွန် အကောက်များနှင့်ပတ်သက်သော အမေရိကန်မူဝါဒ ကို လုံးဝသက်ရောက်မှုရှိမည်မဟုတ်ကြောင်း ဘီဘီစီ(BBC)ကိုပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးကြား ရှိ ကြီးမားသောကွဲပြားမှုများရှိသော်လည်း ခရီးစဉ်တစ် လျှောက်လုံးတွင် ထရမ့်နှင့်စတာမားကြားတွင် စစ်မှန်သော နွေးထွေးမှုအခိုက်အတန့်များရှိခဲ့သည်။
ထရမ့်သည် သူ၏ ဒုတိယမြောက်နိုင်ငံတော် ခရီးစဉ်ကို " ကျွန်တော့်ဘဝရဲ့ အမြင့်ဆုံးဂုဏ်အသရေ တွေထဲကတစ်ခုပါပဲ"ဟု ဖော်ပြခဲ့သည်။ သူနှင့်သူ၏ ဇနီးဖြစ်သူ မီလာနီယာထရမ့် (Melania Trump) တို့သည် ခရီးစဉ်ကို ဘယ်တော့မှမေ့မည်မဟုတ်ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။
နှစ်ပေါင်း (၁,ဝဝဝ)နီးပါးသက်တမ်းရှိသော ရဲတိုက်တစ်ခုတွင် တော်ဝင်မိသားစုနှင့်အတူ လူ (၁၆)ပါဝင်သော နိုင်ငံတော်ညစာစားပွဲ၊ စစ်လေ ယာဉ်ပျံသန်းမှုများ၊ ဂီတဖျော်ဖြေမှုများ၊ ဝင်ဆာရဲတိုက် တွင် တစ်ညတာနေထိုင်ခြင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်၏ ကျေးလက်အိမ်တော်ဖြစ်သော Chequers တွင် တစ်ရက်တာနေထိုင်ခဲ့သည်။ ယခုခရီးစဉ်သည် ခမ်းနားထည်ဝါမှုအတွက် အမှတ်ရနေနိုင်သည်။ သို့သော် ဒေါင်းနင်းလမ်းအစိုးရသည် ခရီးစဉ်အတွင်း ပြဿနာ တစ်စုံတစ်ရာမရှိဘဲပြီးဆုံးသွားခြင်းအတွက် စိတ် သက်သာရာရလိမ့်မည်။ နှစ်နိုင်ငံအထူးဆက်ဆံရေး သည် အနည်းဆုံးတော့ ယခုအချိန်အထိ မပျက်မစီးရှိ နေဆဲဖြစ်သည်။

Zawgyi Version:
ေဒၚနယ္ထရမ့္၏ သမိုင္းဝင္ ဒုတိယေျမာက္ ၿဗိတိန္ခရီးစဥ္ႏွင့္ ႏွစ္ႏိုင္ငံ အထူးဆက္ဆံေရး
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာလ ၇
ေဒၚနယ္ထရမ့္ကို အႀကံဉာဏ္ေပးရန္ဆို သည္မွာ ရဲရင့္သူတို႔အတြက္သာျဖစ္သည္။ သို႔ေသာ္ ဘုရင္ခ်ားလ္စ္သည္ ထိုအလုပ္အတြက္ အဆင္သင့္ ျဖစ္ေနသည္။ ႏွစ္ဦးသားသည္ ေတာ္ဝင္ဂုဏ္ျပဳတပ္ဖြဲ႕ ကိုစစ္ေဆးစဥ္တြင္ ဘုရင္ Charles က စစ္သားတစ္ ဦးကို အေမရိကန္သမၼတေရွ႕တြင္ ဓားရွည္ကိုေ႐ႊ႕ လိုက္ခ်ိန္၌ " ဓားကိုသတိထား " ဟုေျပာၾကားခဲ့သည္။ သမိုင္းတြင္ အႀကီးမားဆုံး ေတာ္ဝင္ဂုဏ္ျပဳႀကိဳဆိုပြဲ က်င္းပေနခ်ိန္တြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဆာကီယာ စတာမားကမူ အျခားအရာတစ္ခုကိုသာ အာ႐ုံစိုက္ေန ခဲ့သည္။ သူသည္ ႏွစ္ႏိုင္ငံ အထူးဆက္ဆံေရးကို မ်က္စိရွင္ရွင္ၾကည့္ေနခဲ့သည္။
အေမရိကန္ႏွင့္ၿဗိတိန္တို႔ၾကား ဆက္ဆံ ေရးသည္ အင္အားမမွ်တမႈေၾကာင့္ မည္သည့္ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္လက္ထက္တြင္မဆို စီမံခန႔္ခြဲရန္ အၿမဲတ ေစခက္ခဲသည့္အရာတစ္ခု ျဖစ္ခဲ့သည္။ ယခုခရီးစဥ္ သည္ စတာမားအတြက္ ပို၍ပင္စိန္ေခၚမႈႀကီးမားခဲ့ သည္။ အေၾကာင္းမွာ သူသည္ မဲဆႏၵရွင္မ်ားၾကား ႐ုန္းကန္ေနရခ်ိန္ျဖစ္သည္။ အေမရိကန္သမၼတမ ေရာက္မီတစ္ပတ္အလို၌ လိပ္ပိုင္းဆိုင္ရာက်ဴးလြန္ ထားသူအျဖစ္ စြပ္စြဲခံေနရသူ ဂ်က္ဖရီ အက္ပ္စတိုင္း (Jeffrey Epstein) ႏွင့္ ဆက္စပ္မႈမ်ားေၾကာင့္ အေမ ရိကန္ဆိုင္ရာ ၿဗိတိန္သံအမတ္ ေလာ့ဒ္ပီတာမန္ဒယ္လ္ ဆန္ (Lord Peter Mandelson) ကို ရာထူးမွထုတ္ ပယ္ရန္ ဝန္ႀကီးခ်ဳပ္စတာမားကို အေမရိကန္အစိုးရက ဖိအားေပးခဲ့သည္။
ၿဗိတိန္ အလုပ္သမားပါတီသည္ ႏိုင္ငံေရး ပါးနပ္မႈေၾကာင့္ မန္ဒယ္လ္ဆန္ကို ဝါရွင္တန္ရွိ ရာထူး အတြက္ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး မတည့္သူထရမ့္ကို သူ႔ ဘက္ပါေအာင္စည္း႐ုံးႏိုင္မည္ဟု ေမွ်ာ္လင့္ခဲ့သည္။ သို႔ေသာ္ ထရမ့္အစိုးရအဖြဲ႕ကို အေႏွာင့္အယွက္ေပး ေနေသာကိစၥရပ္မ်ားေၾကာင့္ မန္ဒယ္လ္ဆန္၏အက္ပ္ စတိုင္းႏွင့္ဆက္စပ္မႈမ်ားအေၾကာင္းကို စတာမား တစ္ေယာက္ မည္သည့္အခ်ိန္ကသိခဲ့သနည္းဆိုေသာ ေမးခြန္းမ်ား ေပၚေပါက္လာခဲ့သည္။ သူ၏ဆုံးျဖတ္ ခ်က္ကို အေရးတႀကီးလိုအပ္ေနေသာအခ်ိန္၌ စိစစ္ ခံေနခဲ့ရသည္။
ယခုလအေစာပိုင္းတြင္ ၿဗိတိန္ဒုတိယဝန္ ႀကီးခ်ဳပ္ အန္ဂ်လာေရနာ(Angela Rayner) သည္ သူ၏ ဒုတိယေျမာက္အိမ္အတြက္ ေပါင္ (၄ဝ,ဝဝဝ) ($80,000) တန္ဖိုးရွိတံဆိပ္ခြန္ကို ေလွ်ာ့ေပါ့၍ေဆာင္ ခဲ့သည္ဟုဝန္ခံၿပီးေနာက္ ရာထူးမွႏုတ္ထြက္ခဲ့ရသည္။ အန္ဂ်လာေရနာ ႏုတ္ထြက္ျခင္းမျပဳမီတြင္ စတာမား သည္ အန္ဂ်လာေရနာကိုေထာက္ခံခဲ့သည္။ သူသည္ လြန္ခဲ့ေသာ ႏွစ္ႏွစ္နီးပါးက အႏိုင္ရခဲ့ေသာေ႐ြး ေကာက္ပြဲမွစ၍ သူ၏ အစိုးရအဖြဲ႕မွထြက္ခြာခဲ့ေသာ အ႒မေျမာက္ႏွင့္ အေရးအပါဆုံး ဝန္ႀကီးျဖစ္ခဲ့သည္။ အမွတ္(၁၀) ေဒါင္းနင္းလမ္းသို႔ေရာက္ရွိၿပီးေနာက္ ပိုင္းတြင္ စတာမားသည္ မဲဆႏၵရွင္မ်ားအၾကား ေထာက္ခံမႈရရွိရန္႐ုန္းကန္ေနရၿပီး စီးပြားေရးတုံ႔ေႏွး ျခင္းႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဝင္ေရာက္လာမႈ အေပၚ မေက်နပ္မႈမ်ားျဖစ္ေစခဲ့သည္။ ယူကရိန္းစစ္ ပြဲတြင္ စိုးရိမ္ပူပန္ေနေသာဥေရာပႏွင့္ မတည္ၿငိမ္ ေသာ အေမရိကန္အစိုးရၾကားတြင္ ေပါင္းကူးေပးရန္ စတာမား၏ႀကိဳးပမ္းမႈမ်ားသည္ သူ႔အား အသိအမွတ္ ျပဳခံရမႈအခ်ိဳ႕ ရရွိေစခဲ့သည္။ သို႔ေသာ္ အေနာက္တိုင္း ေခါင္းေဆာင္မ်ားက သူ႔ကို ဝါရွင္တန္တြင္ ဩဇာ ေညာင္းေစလိုေသာ္လည္း Brexit သည္ ၿဗိတိန္အား ဥေရာပတြင္ ဩဇာက်ဆင္းေစခဲ့သည္ ။
ဥေရာပသမဂၢမွထြက္ခြာျခင္းက ထရမ့္ကို ေက်နပ္ေစခဲ့ၿပီး စတာမား၏ ယခင္ဝန္ႀကီးခ်ဳပ္ ေဘာ ရစ္ဂြၽန္ဆင္ (Boris Johnson) ကို " ၿဗိတိန္ ထရမ့္ " ဟုေခၚဆိုခဲ့သည္။ သို႔ေသာ္ ဂါဇာ၊ ယူကရိန္း စစ္ပြဲ မ်ားႏွင့္ ထရမ့္အစိုးရအဖြဲ႕၏ အခြန္အေကာက္မူဝါဒ သည္ မိတ္ေဆြေဟာင္းမ်ားၾကားတြင္ ပြတ္တိုက္မႈမ်ား ကိုျဖစ္ေပၚေစခဲ့သည္။ ၿဗိတိန္အခြန္ထမ္းမ်ားက ေပး ေဆာင္ရေသာ ႏွစ္ရက္နီးပါးၾကာ ခမ္းနားထည္ဝါေသာ ေတာ္ဝင္ပြဲၿပီးေနာက္ စတာမားသည္ အထူးဆက္ဆံ ေရးကို မည္သည့္အေျခအေနတြင္ရွိေနေၾကာင္းကို ကမာၻ႔မီဒီယာမ်ားေရွ႕တြင္ အခ်ိန္ႏွင့္တစ္ေျပးညီ သိရွိ ခဲ့ရသည္။
စတာမားႏွင့္ထရမ့္ သေဘာမတူေသာ္ လည္း သေဘာတူညီၾကသည္ဟု ဆိုရမည္ျဖစ္သည္။ ေနာက္ဆုံး သတင္းစာရွင္းလင္းပြဲ၏ ပထမဆုံးေမးခြန္း သည္ စတာမားအတြက္ အႀကီးမားဆုံးေသာအႏၲရာယ္ အျဖစ္ယူေဆာင္လာခဲ့သည္။ ပါလက္စတိုင္းကို ႏိုင္ငံ အျဖစ္အသိအမွတ္ျပဳရန္ ၿဗိတိန္၏အစီအစဥ္အေပၚ ထရမ့္ မည္သို႔ထင္ျမင္သလဲ။
အိမ္ျဖဴေတာ္ေတြ႕ဆုံမႈတြင္ ယူကရိန္း သမၼတ ဗိုလိုဒီမာဇယ္လန္စကီး (Volodymyr Zelenskyy) ကိုတိုက္ခိုက္ခဲ့သကဲ့သို႔ သူ၏ ၿဗိတိန္လုပ္ ေဖာ္ကိုင္ဖက္ကိုတိုက္ခိုက္ျခင္းအစား ထရမ့္က တစ္မူ ထူးျခားစြာတုံ႔ျပန္ခဲ့သည္။ ထရမ့္သည္ သူ၏မေက်နပ္ ခ်က္ကို ေအးေဆးတည္ၿငိမ္စြာျဖင့္ လူသိရွင္ၾကား ထုတ္ေဖာ္ခဲ့သည္။ စတာမားသည္ အျခား ကမာၻ႔ေခါင္း ေဆာင္အနည္းငယ္သာလုပ္ေဆာင္ႏိုင္သည့္အရာ တစ္ခုကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ ႏိုင္ခဲ့သည္။ သူသည္ ထရမ့္ႏွင့္သေဘာမတူညီရန္ႏွင့္ ယင္းအ တြက္ အျပစ္တင္ခံရျခင္းမရွိရန္ အခြင့္အေရးရရွိခဲ့ သည္။
ဟားမာ့စ္ (Hamas) သည္ ပါလက္စတိုင္း ကိုအုပ္ခ်ဳပ္ရာတြင္ မည္သည့္အခန္းက႑မွ ပါဝင္ မည္မဟုတ္ဟု စတာမားကေျပာၾကားခ်ိန္တြင္ ထရမ့္ က စတာမား၏ပခုံးကိုပုတ္ခဲ့သည္။ " ဒါေကာင္းတယ္"ဟု သူကေျပာၾကားခဲ့သည္။ ထရမ့္က စတာမားသည္ မာရည္ေက်ာရည္ရွိသည့္ညႇိႏႈိင္းသူ" ျဖစ္သည္ဟု ေျပာၾကားခဲ့ၿပီး ႏွစ္ႏိုင္ငံၾကားတြင္ ေနာက္ဆုံးကုန္သြယ္ ေရးသေဘာတူညီခ်က္ကိုခ်ဳပ္ဆိုရန္ သူ၏ႀကိဳးပမ္းမႈ မ်ားကိုခ်ီးက်ဴးခဲ့သည္။ "ကြၽန္ေတာ္ထင္တာေတာ့ ဒါက ကြၽန္ေတာ္တို႔အတြက္ထက္ ခင္ဗ်ားတို႔အတြက္ ပိုေကာင္းတဲ့သေဘာတူညီခ်က္ပဲ၊ ဒါေပမဲ့ ဒါေတြက ေတာ့ အေသးအမႊားအခ်က္အလက္ေတြပါ"ဟု ထရမ့္ကေျပာဆိုခဲ့သည္။
ခရီးစဥ္အတြင္း ေပါင္(၂၅၀)ဘီလ်ံ ($510 ဘီလ်ံ)တန္ဖိုးရွိ နည္းပညာဆိုင္ရာ မိတ္ဖက္အဖြဲ႕အ စည္းတစ္ခုႏွင့္လက္မွတ္ေရးထိုးခဲ့ၿပီး ၿဗိတိန္တြင္ အ လုပ္အကိုင္ (၁၅ယဝဝဝ)ခန႔္ ဖန္တီးေပးမည္ဟု ခန႔္ မွန္းထားသည္။ ၎သည္ ၿဗိတိန္အတြက္ အေရးပါ ေသာသေဘာတူညီခ်က္ျဖစ္ၿပီး မိုက္ခ႐ိုေဆာ့ဖ္(Microsoft) ၊ OpenAi ႏွင့္ ဂူဂဲလ္ (Google) အပါအဝင္ အေမရိကန္ကုမၸဏီမ်ားအားလုံးသည္ စတာမား၏ ထိပ္တန္းဦးစားေပးျဖစ္ေသာ စီးပြားေရးတိုးတက္မႈ စီမံကိန္းတြင္ပါဝင္ခဲ့သည္။
" AI ကေန န်ဴကလီးယားဓာတ္ေပါင္း ဖိုငယ္ေတြအထိ အရာရာတိုင္းမွာ ွငူငခသည ေဠဴနပ က ဘီလ်ံေပါင္းမ်ားစြာ ရင္းႏွီးျမႇဳပ္ႏွံမယ့္ေနရာအျဖစ္ ၿဗိတိန္ကိုေ႐ြးခ်ယ္ခဲ့ပါတယ္။ အဆုံးမွာေတာ့ ဒါဟာ ဆီလီကြန္နဲ႔ သံမဏိထိပ္သီးအစည္းအေဝးျဖစ္ခဲ့ပါ တယ္။ အထူးဆက္ဆံေရးဟာ သူရဲ႕ကတိေတြအသစ္ ျပန္လုပ္ခဲ့တဲ့ ထိပ္သီးအစည္းအေဝးတစ္ခုပါဟု Silicon Valley သတင္းစာက ေဆာင္းပါးတစ္ပုဒ္တြင္ေျပာ ၾကားခဲ့သည္။
ဂါဇာ၊ ယူကရိန္းႏွင့္ အခြန္အေကာက္မ်ား မေျပာင္းလဲဘဲ က်န္ရွိေနဆဲ ဂါဇာၿငိမ္းခ်မ္းေရးေဆြး ေႏြးမႈမ်ားႏွင့္ပတ္သက္၍ တစ္စုံတစ္ရာ ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိခဲ့ပါ ။ ႐ုရွားအေပၚ ပိတ္ဆို႔အေရး ယူမႈအသစ္မ်ား ေၾကညာျခင္းမရွိခဲ့သကဲ့သို႔ ၿဗိတိန္သံမဏိတင္ပို႔မႈအေပၚ အခြန္အေကာက္မ်ား ေလွ်ာ့ခ် ျခင္းလည္းမရွိခဲ့ပါ။ ႏိုင္ငံတကာျပႆနာမ်ားသည္ မေျပာင္းလဲဘဲ က်န္ရွိေနဆဲျဖစ္ၿပီး ၿဗိတိန္၏ ႀကိဳးပမ္း မႈမ်ားအားလုံးအတြက္ ထိုနည္းအတိုင္းပင္ရွိေနေပ လိမ့္မည္။ ေဒၚနယ္ထရမ့္၏ ဝန္ထမ္းအႀကီးအကဲျဖစ္ သူ ဆူစီဝိုင္းလ္စ္ (Susie Wiles) က ယခုခရီးစဥ္သည္ ကုန္သြယ္ေရး၊ ႏိုင္ငံတကာေရးရာ သို႔မဟုတ္ အခြန္ အေကာက္မ်ားႏွင့္ပတ္သက္ေသာ အေမရိကန္မူဝါဒ ကို လုံးဝသက္ေရာက္မႈရွိမည္မဟုတ္ေၾကာင္း ဘီဘီစီ(BBC)ကိုေျပာၾကားခဲ့သည္။ ေခါင္းေဆာင္ႏွစ္ဦးၾကား ရွိ ႀကီးမားေသာကြဲျပားမႈမ်ားရွိေသာ္လည္း ခရီးစဥ္တစ္ ေလွ်ာက္လုံးတြင္ ထရမ့္ႏွင့္စတာမားၾကားတြင္ စစ္မွန္ေသာ ေႏြးေထြးမႈအခိုက္အတန႔္မ်ားရွိခဲ့သည္။
ထရမ့္သည္ သူ၏ ဒုတိယေျမာက္ႏိုင္ငံေတာ္ ခရီးစဥ္ကို " ကြၽန္ေတာ့္ဘဝရဲ႕ အျမင့္ဆုံးဂုဏ္အသေရ ေတြထဲကတစ္ခုပါပဲ"ဟု ေဖာ္ျပခဲ့သည္။ သူႏွင့္သူ၏ ဇနီးျဖစ္သူ မီလာနီယာထရမ့္ (Melania Trump) တို႔သည္ ခရီးစဥ္ကို ဘယ္ေတာ့မွေမ့မည္မဟုတ္ဟု သမၼတထရမ့္က ေျပာၾကားခဲ့သည္။
ႏွစ္ေပါင္း (၁,ဝဝဝ)နီးပါးသက္တမ္းရွိေသာ ရဲတိုက္တစ္ခုတြင္ ေတာ္ဝင္မိသားစုႏွင့္အတူ လူ (၁၆)ပါဝင္ေသာ ႏိုင္ငံေတာ္ညစာစားပြဲ၊ စစ္ေလ ယာဥ္ပ်ံသန္းမႈမ်ား၊ ဂီတေဖ်ာ္ေျဖမႈမ်ား၊ ဝင္ဆာရဲတိုက္ တြင္ တစ္ညတာေနထိုင္ျခင္းႏွင့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္၏ ေက်းလက္အိမ္ေတာ္ျဖစ္ေသာ Chequers တြင္ တစ္ရက္တာေနထိုင္ခဲ့သည္။ ယခုခရီးစဥ္သည္ ခမ္းနားထည္ဝါမႈအတြက္ အမွတ္ရေနႏိုင္သည္။ သို႔ေသာ္ ေဒါင္းနင္းလမ္းအစိုးရသည္ ခရီးစဥ္အတြင္း ျပႆနာ တစ္စုံတစ္ရာမရွိဘဲၿပီးဆုံးသြားျခင္းအတြက္ စိတ္ သက္သာရာရလိမ့္မည္။ ႏွစ္ႏိုင္ငံအထူးဆက္ဆံေရး သည္ အနည္းဆုံးေတာ့ ယခုအခ်ိန္အထိ မပ်က္မစီးရွိ ေနဆဲျဖစ္သည္။