မြောက်ကိုရီးယားက ၎င်းရဲ့နျူကလီးယားလက်နက်တိုက်နဲ့ သမားရိုးကျစစ်အင်အားကို အဆင့်မြှင့်တင်သွားမယ်

97

Pika (NP News) - စက်တင်ဘာ ၁၅
မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့နျူကလီးယားလက်နက်တိုက်နဲ့ သမားရိုးကျစစ်အင်အားကို အဆင့်မြှင့်တင်ဖို့ အတွက် မူဝါဒတစ်ခုကို ထုတ်ပြန်ပြသသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ (၂၀၁၉)ခုနှစ်မှာ အမေရိကန်နိုင်ငံနဲ့ထိပ်သီးအစည်းအဝေးတွေ မအောင်မြင်ချိန်ကနေ စတင် ပြီး မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ကြောင်း နဲ့ နျူကလီးယားနိုင်ငံအဖြစ် အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ကင်ဂျုံအန်းဟာ စစ်လက်နက်ပစ္စည်းသုတေသနအဆောက်အဦးသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား တပ်ဖွဲ့တွေ နဲ့ သမားရိုးကျလက်နက်ကိုင်တပ်ဖွဲ့တွေ တည်ဆောက်ရေးမူဝါဒကို တစ်ပြိုင်နက်တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံရဲ့သမားရိုးကျလက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင်လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကို ကင်ဂျုံအန်းက အလေးပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ကင်ဂျုံအန်းရဲ့ထုတ်ဖော်ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက ၎ရဲ႕န်ဴကလီးယားလက္နက္တိုက္နဲ႔ သမား႐ိုးက်စစ္အင္အားကို အဆင့္ျမႇင့္တင္သြားမယ္
Pika (NP News) - စက္တင္ဘာ ၁၅
ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕န်ဴကလီးယားလက္နက္တိုက္နဲ႔ သမား႐ိုးက်စစ္အင္အားကို အဆင့္ျမႇင့္တင္ဖို႔ အတြက္ မူဝါဒတစ္ခုကို ထုတ္ျပန္ျပသသြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ (၂၀၁၉)ခုႏွစ္မွာ အေမရိကန္ႏိုင္ငံနဲ႔ထိပ္သီးအစည္းအေဝးေတြ မေအာင္ျမင္ခ်ိန္ကေန စတင္ ၿပီး ေျမာက္ကိုရီးယားႏိုင္ငံဟာ ၎ရဲ႕န်ဴကလီးယားလက္နက္ေတြကို ဘယ္ေတာ့မွ စြန႔္လႊတ္မွာ မဟုတ္ေၾကာင္း နဲ႔ န်ဴကလီးယားႏိုင္ငံအျဖစ္ အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ကင္ဂ်ဳံအန္းဟာ စစ္လက္နက္ပစၥည္းသုေတသနအေဆာက္အဦးသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယား တပ္ဖြဲ႕ေတြ နဲ႔ သမား႐ိုးက်လက္နက္ကိုင္တပ္ဖြဲ႕ေတြ တည္ေဆာက္ေရးမူဝါဒကို တစ္ၿပိဳင္နက္တြန္းအားေပး ေဆာင္႐ြက္သြားမယ္လို႔ ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕သမား႐ိုးက်လက္နက္ကိုင္တပ္ဖြဲ႕ေတြကို ေခတ္မီေအာင္လုပ္ေဆာင္ဖို႔ လိုအပ္တယ္ ဆိုတာကို ကင္ဂ်ဳံအန္းက အေလးေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ ကင္ဂ်ဳံအန္းရဲ႕ထုတ္ေဖာ္ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။