ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် NDF ပါတီတောင်းဆို

 1601

မျိုးကြီး (NP News) - ဇွန် ၁၄
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)က ယနေ့ (ဇွန်လ ၁၄ ရက်)တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဒီမိုကရေစီနည်းလမ်းနှင့်လျော်ညီစွာ ပြည်သူရွေးချယ်တင်မြှောက်သည့် လွှတ်တော်နှင့်အစိုးရတို့ ပေါ်ပေါက်ရေးကို ရှေ့ရှု၍ ၂ဝ၂၃ ခုနှစ်တွင် PR စနစ်ဖြင့် ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးကို NDF ပါတီက အထူးကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ယခုအခါသည် ၂ဝ၂၃ ရွေးကောက်ပွဲအကြိုကာလဖြစ်ကြောင်း ပြောကြားထားသည်ကို တွေ့ရှိရသည်ဟု NDF ပါတီက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလအဖြစ် သတ်မှတ်ထားသည့်အတွက် တရားဝင်နိုင်ငံရေးပါတီများမှ သဘော ထားအမြင်များတင်ပြနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် တွေ့ဆုံပွဲများ ပြုလုပ်ပေးရန် ၎င်းပါတီက တောင်းဆိုခဲ့သည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရှေးကပြုလုပ်ခဲ့သည့်အစဉ်အ လာအတိုင်း ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ ပါတီများ၏ သဘောထားများကို တွေ့ဆုံတင်ပြခွင့်ပြုရန်လည်း NDF ပါတီက ထည့်သွင်းတောင်းဆိုထားသည်။

၂ဝ၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံ ရေးအပြောင်းအလဲနှင့် နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်လည်း မှတ်ယူနိုင်ကြောင်း ၎င်းပါတီက မှတ်ချက်ပြုထားသည်။

လက်ရှိတွင် နစကဥက္ကဋ္ဌသည် ငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်ကာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ဖိတ်ခေါ်ကာ တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးလျက်ရှိနေသည်။

https://npnewsmm.com/news/62a817a5a8dcac59b81eccd4

zawgyi version
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံရန္ NDF ပါတီေတာင္းဆို
မ်ိဳးႀကီး (NP News) - ဇြန္ ၁၄

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနျဖင့္ ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံရန္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ(NDF)က ယေန႔ (ဇြန္လ ၁၄ ရက္)တြင္ ထုတ္ျပန္ေတာင္းဆိုလိုက္သည္။

ဒီမိုကေရစီနည္းလမ္းႏွင့္ေလ်ာ္ညီစြာ ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္သည့္ လႊတ္ေတာ္ႏွင့္အစိုးရတို႔ ေပၚေပါက္ေရးကို ေရွ႕ရႈ၍ ၂ဝ၂၃ ခုႏွစ္တြင္ PR စနစ္ျဖင့္ က်င္းပရန္ရွိေသာ အေထြေထြေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေရးကို NDF ပါတီက အထူးႀကိဳဆိုေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္တစ္ဦးက ယခုအခါသည္ ၂ဝ၂၃ ေ႐ြးေကာက္ပြဲအႀကိဳကာလျဖစ္ေၾကာင္း ေျပာၾကားထားသည္ကို ေတြ႕ရွိရသည္ဟု NDF ပါတီက ဆိုသည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲအႀကိဳကာလအျဖစ္ သတ္မွတ္ထားသည့္အတြက္ တရားဝင္ႏိုင္ငံေရးပါတီမ်ားမွ သေဘာ ထားအျမင္မ်ားတင္ျပႏိုင္ေရးအတြက္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ေတြ႕ဆုံပြဲမ်ား ျပဳလုပ္ေပးရန္ ၎ပါတီက ေတာင္းဆိုခဲ့သည္။

ထို႔ျပင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ ေရွးကျပဳလုပ္ခဲ့သည့္အစဥ္အ လာအတိုင္း ေ႐ြးေကာက္ပြဲမတိုင္မီ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံ၍ ပါတီမ်ား၏ သေဘာထားမ်ားကို ေတြ႕ဆုံတင္ျပခြင့္ျပဳရန္လည္း NDF ပါတီက ထည့္သြင္းေတာင္းဆိုထားသည္။

၂ဝ၂၃ ခုႏွစ္တြင္ က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲသည္ ျမန္မာ့ႏိုင္ငံ ေရးအေျပာင္းအလဲႏွင့္ ႏိုင္ငံေရးထြက္ေပါက္တစ္ခုအျဖစ္လည္း မွတ္ယူႏိုင္ေၾကာင္း ၎ပါတီက မွတ္ခ်က္ျပဳထားသည္။

လက္ရွိတြင္ နစကဥကၠ႒သည္ ၿငိမ္းခ်မ္းေရးရရွိရန္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးတို႔အတြက္ ရည္႐ြယ္ကာ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ေခါင္းေဆာင္မ်ားကို ဖိတ္ေခၚကာ တစ္ဖြဲ႕ခ်င္းစီ ေတြ႕ဆုံေဆြးေႏြးလ်က္ရွိေနသည္။

https://npnewsmm.com/news/62a817a5a8dcac59b81eccd4

Related news

© 2021. All rights reserved.