အမေရိကန်မှာ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် Yellowstone အထင်ကရပန်းခြံ ပိတ်လိုက်ရ

981

ရောင်နီ (NP News) - ဇွန် ၁၄
အမေရိကန်ပြည်ထောင်စု၊ Yellowstone မြစ်ကမ်းနံဘေးရှိ Yellowstone အမျိုးသားဥယျာဉ်ကြီးမှာ စံချိန်တင် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားကာ လမ်းတွေနဲ့ တံတားတွေ ပျက်စီးခဲ့ရတာကြောင့် ပိတ်ထားခဲ့ရပါတယ်။
ဝေါမင်း၊ မွန်တားနားနဲ့ အင်ဒါဟိုပြည်နယ် အနောက်ဘက်ပိုင်းရှိ Yellowstone ပန်းခြံတစ်ခုလုံးကို အပျက်အစီး စစ်ဆေးနေဆဲဖြစ်တာကြောင့် အနည်းဆုံး ဇွန်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့အထိ တည်းခိုခန်းနဲ့ စခန်းချနေရာ ယူထားသူတွေအပါအဝင် ခရီးသွားများကို ပိတ်ထားမှာဖြစ်ကြောင်း ပန်းခြံတာဝန်ခံက ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
၁၉၈၈ ခုနှစ် တောမီးလောင်ကျွမ်းမှုဆက်တိုက်ဖြစ်ပွားပြီးနောက်ပိုင်း နှစ်ပေါင်း ၃၄ နှစ် အကြာမှာ ပထမဆုံး အကြိမ် ပန်းခြံ ပိတ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် ပန်းခြံရဲ့မြောက်ပိုင်းဟာ ထိခိုက်မှု အပြင်းထန်ဆုံးဖြစ်နေ ပြီး နေရာအသီးသီးမှာ ကျန်ရှိနေတဲ့ ခရီးသွားတွေနဲ့ ဝန်ထမ်းတွေကို ရွှေ့ပြောင်းဖို့ အမျိုးသားဥယျာဉ်ဝန်ဆောင်မှု (NPS) က လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
"မြောက်ဘက်လှည့်ပတ်မှုကို အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားနိုင်ဖွယ်ရှိတယ်" လို့ ပန်းခြံတာဝန်ခံ ကန် ရှိးလီ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NPS မှ ထုတ်လွှင့်တဲ့ ဝေဟင်မှ ဗီဒီယိုဖိုင်မှာ ဂါဒနာမြစ်နဲ့ Mammoth Hot Springs ရှိ ပန်းခြံရုံးချုပ်ကြား အကွေ့ အကောက်များတဲ့ မြောက်ဝင်ပေါက်လမ်းမကြီးရဲ့အစိတ်အပိုင်းအများအပြားဟာ ဂါဒနာမြစ်တစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် မျောပါသွားခဲ့တာ ပြသနေပါတယ်။
ရေကြီးမှုကြောင့် တံတားများစွာလည်း ပျက်စီးခဲ့ပြီး ဧက ၈၉ဝဝဝဝ (ဧက ၂ ဒသမ ၂ သန်း) ပန်းခြံရဲ့ အစိတ် အပိုင်းအချို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိခဲ့ပါတယ်။ Yellowstone မြစ်ဟာ ဇွန်လ ၁၃ ရက်၊ တနင်္လာနေ့က ၄ ဒသမ ၂ (၁၃ ဒသမ ၈ ပေ) ထိ တက်လာပြီး ၁၉၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ ယခင်စံချိန်ထက် ၃ ဒသမ ၅ မီတာ (၁၁ ဒသမ ၅ ပေ) ပိုများကြောင်း ပန်းခြံဝန်ဆောင်မှုမှ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့သုံးရက်အတွင်း နွေရာသီအပူချိန် ရုတ်တရက်မြင့်တက်မှုကြောင့် ဆောင်းနှောင်းပိုင်း မုန်တိုင်းတွေ အတွင်း တောင်တန်းများပေါ် စုပြုံနေတဲ့ ဆီးနှင်းများ အရည်ပျော်မှုနှုန်းလည်းရှိတာကြောင့် ဒီလောက်ထိ မြစ်ရေ တက်သွားရတယ်လို့ ယူဆရပါတယ်။
"မိုးတွေ အရမ်းရွာနေတယ်။ ဒါပေမယ့် ဆီးနှင်းအရေပျော်တာတွေ မရှိရင် ဒီရေကြီးမှု ဖြစ်မှာမဟုတ်ဘူး" လို့ မွန်တာနာပြည်နယ်၊ ဘေးလင်းရှိ အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ကော်ရေးမိုတစ် က ပြော ကြားခဲ့ပါတယ်။
“ဒါဟာ ကျွန်တော်တို့တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ ရေကြီးခြင်းပါပဲ။ လာမယ့်ရက်တွေမှာ နှင်းအရည်ပျော်မှု တွေ လျော့ပါးသွားပေမယ့် ပိုအေးတဲ့အပူချိန်ကြောင့် မိုးရွာတာ သက်သာမယ်" လို့ မိုတစ် က ပြောပါတယ်။ Yellowstone ဟာ ကမ္ဘာ့ပထမဆုံး အမျိုးသားဥယျာဉ်အဖြစ် ၁၈၇၂ မှာ တည်ထောင်ခဲ့ပြီး အမေရိကန် ပြင်ပ ခရီးသွားနေရာတွေအနက်မှ တစ်ခုအဖြစ် တန်ဖိုးထားခံရကာ ၎င်းရဲ့ တောရိုင်းတိရစ္ဆာန်တွေ ပေါများတဲ့ ဥယျာဉ် မြေနဲ့ အံ့မခန်းရှုခင်းတွေကြောင့် ကျော်ကြားပါတယ်။ တစ်နှစ်ကို လူလေးသန်းခန့် အဆိုပါဒေသသို့ လာရောက် လည်ပတ်လေ့ရှိတယ်လို့ သိရပါတယ်။
https://www.aljazeera.com/news/2022/6/14/yellowstone-iconic-us-park-closed-for-1st-time-in-34-years?sf166078944=1

Zawgyi Version;
အေမရိကန္မွာ စံခ်ိန္တင္ ေရႀကီးေရလွ်ံမႈေၾကာင့္ Yellowstone အထင္ကရပန္းၿခံ ပိတ္လိုက္ရ
ေရာင္နီ (NP News) - ဇြန္ ၁၄
အေမရိကန္ျပည္ေထာင္စု၊ Yellowstone ျမစ္ကမ္းနံေဘးရွိ Yellowstone အမ်ိဳးသားဥယ်ာဥ္ႀကီးမွာ စံခ်ိန္တင္ ေရႀကီး၊ ေရလွ်ံမႈေတြျဖစ္ပြားကာ လမ္းေတြနဲ႔ တံတားေတြ ပ်က္စီးခဲ့ရတာေၾကာင့္ ပိတ္ထားခဲ့ရပါတယ္။
ေဝါမင္း၊ မြန္တားနားနဲ႔ အင္ဒါဟိုျပည္နယ္ အေနာက္ဘက္ပိုင္းရွိ Yellowstone ပန္းၿခံတစ္ခုလုံးကို အပ်က္အစီး စစ္ေဆးေနဆဲျဖစ္တာေၾကာင့္ အနည္းဆုံး ဇြန္လ ၁၅ ရက္၊ ဗုဒၶဟူးေန႔အထိ တည္းခိုခန္းနဲ႔ စခန္းခ်ေနရာ ယူထားသူေတြအပါအဝင္ ခရီးသြားမ်ားကို ပိတ္ထားမွာျဖစ္ေၾကာင္း ပန္းၿခံတာဝန္ခံက ဇြန္လ ၁၃ ရက္၊ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။
၁၉၈၈ ခုႏွစ္ ေတာမီးေလာင္ကြၽမ္းမႈဆက္တိုက္ျဖစ္ပြားၿပီးေနာက္ပိုင္း ႏွစ္ေပါင္း ၃၄ ႏွစ္ အၾကာမွာ ပထမဆုံး အႀကိမ္ ပန္းၿခံ ပိတ္ထားတာျဖစ္ပါတယ္။ အထူးသျဖင့္ ပန္းၿခံရဲ႕ေျမာက္ပိုင္းဟာ ထိခိုက္မႈ အျပင္းထန္ဆုံးျဖစ္ေန ၿပီး ေနရာအသီးသီးမွာ က်န္ရွိေနတဲ့ ခရီးသြားေတြနဲ႔ ဝန္ထမ္းေတြကို ေ႐ႊ႕ေျပာင္းဖို႔ အမ်ိဳးသားဥယ်ာဥ္ဝန္ေဆာင္မႈ (NPS) က လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။
"ေျမာက္ဘက္လွည့္ပတ္မႈကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ပိတ္ထားႏိုင္ဖြယ္ရွိတယ္" လို႔ ပန္းၿခံတာဝန္ခံ ကန္ ရွိးလီ က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
NPS မွ ထုတ္လႊင့္တဲ့ ေဝဟင္မွ ဗီဒီယိုဖိုင္မွာ ဂါဒနာျမစ္နဲ႔ Mammoth Hot Springs ရွိ ပန္းၿခံ႐ုံးခ်ဳပ္ၾကား အေကြ႕ အေကာက္မ်ားတဲ့ ေျမာက္ဝင္ေပါက္လမ္းမႀကီးရဲ႕အစိတ္အပိုင္းအမ်ားအျပားဟာ ဂါဒနာျမစ္တစ္ေလွ်ာက္ ေရလႊမ္းမိုးမႈေၾကာင့္ ေမ်ာပါသြားခဲ့တာ ျပသေနပါတယ္။
ေရႀကီးမႈေၾကာင့္ တံတားမ်ားစြာလည္း ပ်က္စီးခဲ့ၿပီး ဧက ၈၉ဝဝဝဝ (ဧက ၂ ဒသမ ၂ သန္း) ပန္းၿခံရဲ႕ အစိတ္ အပိုင္းအခ်ဳိ႕မွာ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြရွိခဲ့ပါတယ္။ Yellowstone ျမစ္ဟာ ဇြန္လ ၁၃ ရက္၊ တနလၤာေန႔က ၄ ဒသမ ၂ (၁၃ ဒသမ ၈ ေပ) ထိ တက္လာၿပီး ၁၉၁၈ ခုႏွစ္က သတ္မွတ္ထားတဲ့ ယခင္စံခ်ိန္ထက္ ၃ ဒသမ ၅ မီတာ (၁၁ ဒသမ ၅ ေပ) ပိုမ်ားေၾကာင္း ပန္းၿခံဝန္ေဆာင္မႈမွ ေျပာၾကားခဲ့ပါတယ္။
လြန္ခဲ့တဲ့သုံးရက္အတြင္း ေႏြရာသီအပူခ်ိန္ ႐ုတ္တရက္ျမင့္တက္မႈေၾကာင့္ ေဆာင္းေႏွာင္းပိုင္း မုန္တိုင္းေတြ အတြင္း ေတာင္တန္းမ်ားေပၚ စုၿပဳံေနတဲ့ ဆီးႏွင္းမ်ား အရည္ေပ်ာ္မႈႏႈန္းလည္းရွိတာေၾကာင့္ ဒီေလာက္ထိ ျမစ္ေရ တက္သြားရတယ္လို႔ ယူဆရပါတယ္။
"မိုးေတြ အရမ္း႐ြာေနတယ္။ ဒါေပမယ့္ ဆီးႏွင္းအေရေပ်ာ္တာေတြ မရွိရင္ ဒီေရႀကီးမႈ ျဖစ္မွာမဟုတ္ဘူး" လို႔ မြန္တာနာျပည္နယ္၊ ေဘးလင္းရွိ အမ်ိဳးသားမိုးေလဝသဌာနမွ မိုးေလဝသပညာရွင္ ေကာ္ေရးမိုတစ္ က ေျပာ ၾကားခဲ့ပါတယ္။
“ဒါဟာ ကြၽန္ေတာ္တို႔တစ္သက္မွာ တစ္ခါမွမျမင္ဖူးတဲ့ ေရႀကီးျခင္းပါပဲ။ လာမယ့္ရက္ေတြမွာ ႏွင္းအရည္ေပ်ာ္မႈ ေတြ ေလ်ာ့ပါးသြားေပမယ့္ ပိုေအးတဲ့အပူခ်ိန္ေၾကာင့္ မိုး႐ြာတာ သက္သာမယ္" လို႔ မိုတစ္ က ေျပာပါတယ္။ Yellowstone ဟာ ကမာၻ႔ပထမဆုံး အမ်ိဳးသားဥယ်ာဥ္အျဖစ္ ၁၈၇၂ မွာ တည္ေထာင္ခဲ့ၿပီး အေမရိကန္ ျပင္ပ ခရီးသြားေနရာေတြအနက္မွ တစ္ခုအျဖစ္ တန္ဖိုးထားခံရကာ ၎ရဲ႕ ေတာ႐ိုင္းတိရစာၦန္ေတြ ေပါမ်ားတဲ့ ဥယ်ာဥ္ ေျမနဲ႔ အံ့မခန္းရႈခင္းေတြေၾကာင့္ ေက်ာ္ၾကားပါတယ္။ တစ္ႏွစ္ကို လူေလးသန္းခန႔္ အဆိုပါေဒသသို႔ လာေရာက္ လည္ပတ္ေလ့ရွိတယ္လို႔ သိရပါတယ္။
https://www.aljazeera.com/news/2022/6/14/yellowstone-iconic-us-park-closed-for-1st-time-in-34-years?sf166078944=1