မြစ်ကြီးနားမြို့ပေါ်ရှိ မန်ခိန်အခြေခံပညာအထက်တန်းကျောင်း မီးရှို့ခံရ

1191
NP News - ဇွန် ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မန်ခိန်အခြေခံပညာအထက်တန်း ကျောင်းဆောင်တစ်ခု မီးရှို့ခံရကာ ငွေကျပ်သိန်း (၆ဝ)ကျော် ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သတင်းရရှိသည်။
မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက် တန်းကျောင်းအတွင်းမှ ကျောင်းဆောင်တစ်ခုကို ယနေ့ (ဇွန်လ ၁၅ ရက်) နံ နက် ၃ နာရီအချိန်ခန့်တွင် မသမာသူများက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးက ဆိုသည်။
စာသင်ကျောင်းဆောင်အပေါ်ထပ်သို့ မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပေ ၁ဝဝ x ပေ ၃ဝ ရှိသော ကျောင်းဆောင် မီးလောင်ပျက်စီးခဲ့ကာ တန်ဖိုးငွေကျပ် ၆၇၅ဝဝဝဝ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အား မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိတွင် မီးရှို့ခဲ့သူများကို အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးက ဆိုသည်။
https://npnewsmm.com/news/62a9b6ffe4fe583b685083d9

zawgyi version
ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ မန္ခိန္အေျခခံပညာအထက္တန္းေက်ာင္း မီးရႈိ႕ခံရ
NP News - ဇြန္ ၁၅
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ မန္ခိန္အေျခခံပညာအထက္တန္းေက်ာင္းေဆာင္တစ္ခု မီးရႈိ႕ခံရကာ ေငြက်ပ္သိန္း (၆ဝ)ေက်ာ္ ဆုံးရႈံးခဲ့ေၾကာင္း ခ႐ိုင္မီးသတ္ဦးစီးမႉး႐ုံးမွ သတင္းရရွိသည္။
ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္ရွိ အမွတ္(၆)အေျခခံပညာအထက္တန္းေက်ာင္းအတြင္းမွ ေက်ာင္းေဆာင္တစ္ခုကို ယေန႔ (ဇြန္လ ၁၅ ရက္) နံနက္ ၃ နာရီအခ်ိန္ခန႔္တြင္ မသမာသူမ်ားက မီးရႈိ႕ခဲ့ျခင္းျဖစ္ေၾကာင္း ျမစ္ႀကီးနားခ႐ိုင္မီးသတ္ဦးစီးမႉး႐ုံးက ဆိုသည္။
စာသင္ေက်ာင္းေဆာင္အေပၚထပ္သို႔ မီးရႈိ႕ခဲ့ျခင္းျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ေပ ၁ဝဝ x ေပ ၃ဝ ရွိေသာ ေက်ာင္းေဆာင္ မီးေလာင္ပ်က္စီးခဲ့ကာ တန္ဖိုးေငြက်ပ္ ၆၇၅ဝဝဝဝ ခန႔္ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္စဥ္အား မီးသတ္ယာဥ္မ်ားျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ၿပီး နံနက္ ၃ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။
လက္ရွိတြင္ မီးရႈိ႕ခဲ့သူမ်ားကို အေရးယူႏိုင္ေရးအတြက္ သက္ဆိုင္ရာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ခ႐ိုင္မီးသတ္ ဦးစီးမႉး႐ုံးက ဆိုသည္။
https://npnewsmm.com/news/62a9b6ffe4fe583b685083d9