ဆောက်လုပ်ရေးလုပ်ငန်းများ၏ သုံးပုံနှစ်ပုံခန့် ရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သား (၈) သိန်းခန့် အလုပ်လက်မဲ့ပြဿနာနှင့်ရင်ဆိုင်နေရ

 1171

ဖူးပြည့် (NP News) - ဇွန် ၁၇
ကွန်ဒိုမီနီယံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ သုံးပုံနှစ်ပုံခန့် ရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေး လုပ်သား (၈)သိန်းဝန်းကျင်အလုပ် လက်မဲ့ပြဿနာနှင့်ရင်ဆိုင်နေရကြောင်း အိမ်ခြံမြေရောင်းဝယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော ကွန်ဒိုမီနီယံများအနက် ၇ဝ ရာခိုင်နှုန်းခန့်ရပ်တန့်နေကြောင်းသိရသည်။ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုအားလုံး၏ ၈၅ ရာခိုင်နှုန်းခန့်မှာလည်း ရန်ကုန်မြို့တွင် အများဆုံးဖြစ်ပြီး ကျန်ရှိသည့် ၁၅ ရာခိုင်နှုန်းမှာ မန္တလေးနှင့် မြိတ်မြို့တို့တွင် အများဆုံးဖြစ်ကြောင်းသိရသည်။

“ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေအရ ငွေကြေးစီးဆင်းမှု ခက်ခဲတယ်။ ငွေးသားဖြစ်လွယ်မှု ခက်ခဲတယ်။ ငွေကြေးဖောင်းပွမှုမြင့်တက်နေတာနဲ့အတူ အိမ်ဆောက်ပစ္စည်းအများစုရဲ့ ဈေးနှုန်းလည်း အဆမတန်မြင့်တက်လာတယ်။ ဒါကြောင့် ဆောက်လုပ်ရေးနဲ့ ဆက်စပ်လုပ်ငန်းတွေကို မှီခိုနေရတဲ့ လုပ် သားအင်အားထုနဲ့ ၎င်းတို့ရဲ့ မိသားစုတွေကလည်း အလုပ်လက်မဲ့နှင့် စားဝတ်နေရေး အခက်အခဲများ ကြုံ တွေ့နေရပါတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍ၏ ၂ဝ၁၈ ခုနှစ်တွင် တရားဝင်ကောက် ယူထားသော စစ်တမ်းများအရ အဆိုပါကဏ္ဍတွင် လုပ်သားအင်အား ၁ ဒသမ ၂ သန်းရှိကြောင်း သိရသည်။

ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်းများသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဝင်ငွေစီးဆင်းမှု နှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သော အခန်းကဏ္ဍကြီးတစ်ခုဖြစ်ပြီး အဆိုပါလုပ်ငန်းကြီး တစ်ရပ်လုံးတွင် ငွေကျပ်ဘီလျံ ၅ဝဝဝ ခန့် လည်ပတ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်း ကြပ်နှုန်းထားများကို မြို့နယ်အလိုက် (၁)စတုရန်းပေဖြင့် သတ်မှတ်ထားပြီး ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း တစ်လျှောက်ရှိ မြေကွက်များ ရောင်း/ဝယ်ခြင်းအတွက် (၁)စတုရန်းပေကို ငွေကျပ် ၃ သိန်းခွဲ စည်းကြပ်ရန် သတ်မှတ်ထားကာ အဆောက်အဦးဆောက်လုပ်ခြင်းအပေါ် ပထမတန်းစား(RC) ကွန်ဒို ၁၅ ထပ်နှင့်အထက်ကို ငွေကျပ် ၄ သောင်း၊ ပထမတန်းစား(RC) ၈ ထပ်နှင့်အထက်ကို ငွေကျပ် ၂ သောင်းမှ ၂၈ဝဝဝ၊ ပထမတန်းစား(RC)ကို ငွေကျပ် ၁၆ဝဝဝ၊ ဒုတိယတန်းစား(RC)ကို ငွေကျပ် ၁၂ဝဝဝ စည်းကြပ်ရမည်ဟု ပြဌာန်းထားကြောင်းသိရသည်။

အဆောက်အအုံခွင့်ပြုချက်နှင့်ပတ်သက်ပြီး စည်ပင်သာယာနှင့်ပတ် သက်သည့် မူဝါဒအချို့ကိုဖြေလျော့မှုများ လုပ်ဆောင်ရန်လိုအပ်သည့်အပြင် တင်သွင်းသော အခြေခံအိမ်ဆောက်ပစ္စည်းများ၏ အခွန်အခနှုန်းထားများကိုလည်း ယခုထက်ဖြေလျော့ပေးနိုင်ရန်လိုလားကြောင်းလည်း လုပ်ငန်းရှင်များဘက်ကတောင်းဆိုမှုများရှိနေသည်။ အဆိုပါ ဖြေလျော့မှုများရှိလာပါက လက်ရှိဆောက်လုပ်ရေးလုပ်ငန်းများပြန်လည်လည်ပတ်ကာ အလုပ်လက်မဲ့ အခက်အခဲများအား တဖက်တလမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

Crd : MPD

https://npnewsmm.com/news/62ac6865b2661907fc4ea3e6

zawgyi version
ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ သုံးပုံႏွစ္ပုံခန႔္ ရပ္တန႔္ေနျခင္းေၾကာင့္ ေဆာက္လုပ္ေရးလုပ္သား (၈) သိန္းခန႔္ အလုပ္လက္မဲ့ျပႆနာႏွင့္ရင္ဆိုင္ေနရ
ဖူးျပည့္ (NP News) - ဇြန္ ၁၇

ကြန္ဒိုမီနီယံႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ သုံးပုံႏွစ္ပုံခန႔္ ရပ္တန႔္ေနျခင္းေၾကာင့္ ေဆာက္လုပ္ေရး လုပ္သား (၈)သိန္းဝန္းက်င္အလုပ္ လက္မဲ့ျပႆနာႏွင့္ရင္ဆိုင္ေနရေၾကာင္း အိမ္ၿခံေျမေရာင္းဝယ္ေရးႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသိုင္းအဝိုင္းထံမွသိရသည္။

လက္ရွိျမန္မာႏိုင္ငံတြင္ တည္ေဆာက္လ်က္ရွိေသာ ကြန္ဒိုမီနီယံမ်ားအနက္ ၇ဝ ရာခိုင္ႏႈန္းခန႔္ရပ္တန႔္ေနေၾကာင္းသိရသည္။ ေဆာက္လုပ္ၿပီးႏွင့္ ေဆာက္လုပ္ဆဲ ကြန္ဒိုအားလုံး၏ ၈၅ ရာခိုင္ႏႈန္းခန႔္မွာလည္း ရန္ကုန္ၿမိဳ႕တြင္ အမ်ားဆုံးျဖစ္ၿပီး က်န္ရွိသည့္ ၁၅ ရာခိုင္ႏႈန္းမွာ မႏၲေလးႏွင့္ ၿမိတ္ၿမိဳ႕တို႔တြင္ အမ်ားဆုံးျဖစ္ေၾကာင္းသိရသည္။

“ကိုဗစ္ကာလနဲ႔ ႏိုင္ငံေရးအေျခအေနအရ ေငြေၾကးစီးဆင္းမႈ ခက္ခဲတယ္။ ေငြးသားျဖစ္လြယ္မႈ ခက္ခဲတယ္။ ေငြေၾကးေဖာင္းပြမႈျမင့္တက္ေနတာနဲ႔အတူ အိမ္ေဆာက္ပစၥည္းအမ်ားစုရဲ႕ ေဈးႏႈန္းလည္း အဆမတန္ျမင့္တက္လာတယ္။ ဒါေၾကာင့္ ေဆာက္လုပ္ေရးနဲ႔ ဆက္စပ္လုပ္ငန္းေတြကို မွီခိုေနရတဲ့ လုပ္ သားအင္အားထုနဲ႔ ၎တို႔ရဲ႕ မိသားစုေတြကလည္း အလုပ္လက္မဲ့ႏွင့္ စားဝတ္ေနေရး အခက္အခဲမ်ား ႀကဳံ ေတြ႕ေနရပါတယ္” ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာ သည္။

အိမ္ၿခံေျမေဆာက္လုပ္ေရးက႑၏ ၂ဝ၁၈ ခုႏွစ္တြင္ တရားဝင္ေကာက္ ယူထားေသာ စစ္တမ္းမ်ားအရ အဆိုပါက႑တြင္ လုပ္သားအင္အား ၁ ဒသမ ၂ သန္းရွိေၾကာင္း သိရသည္။

ေဆာက္လုပ္ေရး ႏွင့္ အိမ္ၿခံေျမလုပ္ငန္းမ်ားသည္ ႏိုင္ငံသူ ႏိုင္ငံသားမ်ားအတြက္ ဝင္ေငြစီးဆင္းမႈ ႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္ေသာ အခန္းက႑ႀကီးတစ္ခုျဖစ္ၿပီး အဆိုပါလုပ္ငန္းႀကီး တစ္ရပ္လုံးတြင္ ေငြက်ပ္ဘီလ်ံ ၅ဝဝဝ ခန႔္ လည္ပတ္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေျမေရာင္း/ဝယ္ျခင္းအေပၚ အခြန္စည္း ၾကပ္ႏႈန္းထားမ်ားကို ၿမိဳ႕နယ္အလိုက္ (၁)စတုရန္းေပျဖင့္ သတ္မွတ္ထားၿပီး ျပည္လမ္းႏွင့္ ကမာၻေအးဘုရားလမ္း တစ္ေလွ်ာက္ရွိ ေျမကြက္မ်ား ေရာင္း/ဝယ္ျခင္းအတြက္ (၁)စတုရန္းေပကို ေငြက်ပ္ ၃ သိန္းခြဲ စည္းၾကပ္ရန္ သတ္မွတ္ထားကာ အေဆာက္အဦးေဆာက္လုပ္ျခင္းအေပၚ ပထမတန္းစား(RC) ကြန္ဒို ၁၅ ထပ္ႏွင့္အထက္ကို ေငြက်ပ္ ၄ ေသာင္း၊ ပထမတန္းစား(RC) ၈ ထပ္ႏွင့္အထက္ကို ေငြက်ပ္ ၂ ေသာင္းမွ ၂၈ဝဝဝ၊ ပထမတန္းစား(RC)ကို ေငြက်ပ္ ၁၆ဝဝဝ၊ ဒုတိယတန္းစား(RC)ကို ေငြက်ပ္ ၁၂ဝဝဝ စည္းၾကပ္ရမည္ဟု ျပဌာန္းထားေၾကာင္းသိရသည္။

အေဆာက္အအုံခြင့္ျပဳခ်က္ႏွင့္ပတ္သက္ၿပီး စည္ပင္သာယာႏွင့္ပတ္ သက္သည့္ မူဝါဒအခ်ိဳ႕ကိုေျဖေလ်ာ့မႈမ်ား လုပ္ေဆာင္ရန္လိုအပ္သည့္အျပင္ တင္သြင္းေသာ အေျခခံအိမ္ေဆာက္ပစၥည္းမ်ား၏ အခြန္အခႏႈန္းထားမ်ားကိုလည္း ယခုထက္ေျဖေလ်ာ့ေပးႏိုင္ရန္လိုလားေၾကာင္းလည္း လုပ္ငန္းရွင္မ်ားဘက္ကေတာင္းဆိုမႈမ်ားရွိေနသည္။ အဆိုပါ ေျဖေလ်ာ့မႈမ်ားရွိလာပါက လက္ရွိေဆာက္လုပ္ေရးလုပ္ငန္းမ်ားျပန္လည္လည္ပတ္ကာ အလုပ္လက္မဲ့ အခက္အခဲမ်ားအား တဖက္တလမ္းမွ ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း လုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။

Crd : MPD

https://npnewsmm.com/news/62ac6865b2661907fc4ea3e6

Related news

© 2021. All rights reserved.