အမေရိကန်သမ္မတများပင် အသေးစိတ် မသိကြသည့် အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂိုဂါစီယာ လျှို့ဝှက်စစ်အခြေစိုက်စခန်း

 2440

Htay Oung (NP News) - ဇွန် ၁၈
လျှို့ဝှက်ဆန်းကြယ်တဲ့ အမေရိကန်စစ်အခြေစိုက်စခန်းများအနက် တစ်ခုဖြစ်တဲ့ ဒီယေဂိုဂါစီယာကျွန်းဟာ အငြင်းပွားဖွယ်ရာများနဲ့ ကျော်ကြားတဲ့ တီးတိုးပြော သီအိုရီများစွာတို့နဲ့ ရောထွေးနေတယ်လို့ Stars Insider က ဇွန်လ ၁၇ ရက်ကရေးသားပါတယ်။

လျှို့ဝှက်စစ်ဆင်ရေးအတွက် ကျွန်းပေါ်က နှင်ထုတ်ခြင်းခံရသူ ပြည်ပရောက် ဌာနေကျွန်းသားများဟာ ဇာတိမြေသို့ ပြန်လာခွင့်အတွက် နှစ်ပေါင်းများစွာ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ သီအိုရီထုတ်သူအချို့က မလေးရှားလေကြောင်းလိုင်းရဲ့ ပျောက်ဆုံးနေတဲ့ ခရီးသည်တင်လေယာဉ် MH-370 ကို ကျွန်းပေါ်မှာ ဝှက်ထားတယ်လို့ပင် ယုံကြည်ကြပါတယ်။ ၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်မှာ မလေးရှားနိုင်ငံက ပျံတက်ခဲ့တဲ့ ခရီးသည်တင်လေယာဉ်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ဦးတည်ပျံသန်းနေစဉ် ခရီးသည် ၂၂၇ ဦး၊ လေယာဉ်ဝန်ထမ်း ၁၂ ဦးတို့နဲ့အတူ ပျောက်ဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံကို ဦးတည်ရမည့် လေယာဉ်ဟာ ခရီးလမ်းကြောင်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အိန္ဒိယသမုဒ္ဒရာဘက်ကို ပျံသန်းသွားခဲ့ကြောင်း အထောက်အထားများတွေ့ရှိရပါတယ်။ ခရီးသည်အများစု တရုတ်နွယ်ဖွားများ ဖြစ်နေခြင်းဟာ အပြင်းအထန်ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။ လေယာဉ်မှ အစိတ်အပိုင်းအချို့ကို အိန္ဒိသမုဒ္ဒရာတောင်ပိုင်း ပင် လယ်ပြင်မှာ တွေ့ရှိရပေမဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးကုန်ပြီလို့ မှတ်ယူထားကြပါတယ်။

နောက်ထပ် ၄ လခန့်အကြာ မလေးရှားလေကြောင်းလိုင်းကပဲ ခရီးသည်တင်လေယာဉ် MH-17 ဟာ ယခု တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာပျက်ကျခဲ့ပါတယ်။ ပစ်ချခံရတဲ့အထောက်အထား များ တွေ့ရတယ်ဆိုပေမဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက သူတို့လက်ချက်မဟုတ်ဖူးလို့ ငြင်းဆန်ကြ ပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးများနဲ့ စစ်အခြေစိုက်စခန်းများကို သာမန်လူထုနဲ့ ခပ်ကင်းကင်း ရှိနေစေဖို့ အကြောင်းပြချက်ကောင်းတွေ တစ်ပုံကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒါက အမှားတွေ လုပ်နေတာနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတာ မဟုတ်၊ စပ်စပ်စုစုလုပ်ပြီး ပုံဖော်ဖို့ ကြိုးစားတဲ့ နိုင်ငံသားများရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း တားမြစ်မှာ မဟုတ်ဖူးလို့ဆိုပါတယ်။ အမေရိကန်အချို့ ယုံကြည်ထားတဲ့ သို့လောသို့သော ပြောစကားတွေနဲ့ ပင်တာဂွန်က လျှို့ဝှက်ထားသင့်တယ်လို့ ယူဆတဲ့ နယ်မြေနဲ့ စစ်ဆင်ရေးအချို့ဟာ စိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပါဘဲ။

ဒီယေဂိုဂါးစီယားကျွန်းဟာ အိန္ဒိယသမုဒ္ဒရာ အီကွေတာတောင်ဘက် ဗြိတိသျှ-အိန္ဒိယပိုင်နက်နယ်မြေမှာ တည်ရှိပါတယ်။ ကျွန်းပေါင်း ၆ဝ ပါဝင်တဲ့ ချာဂိုးစ်ကျွန်းစုမှာ အကြီးဆုံး သန္တာကျွန်းတန်းဖြစ်ပါတယ်။ ပထမဆုံး စတင်တွေ့ရှိသူ ဥရောပတိုက်သားတွေဟာ ပေါ်တူဂီများဖြစ်ကြပြီး ၁၇၉ဝ ခုနှစ်မှာ ပြင်သစ်တို့က အခြေချနေထိုင်ခဲ့ပါတယ်။ နပိုလီယံစစ်ပွဲများအပြီးမှာ ဗြိတိသျှတို့အုပ်ချုပ်မှုအောက်ကို ရောက်ရှိသွားပြန်ပါတယ်။ ၁၉၆၈- ၁၉၇၃ ခုနှစ်အကြား အင်္ဂလိပ်တို့က ကျွန်းပေါ်နေထိုင်သူများကို မော်ရေးရှားနဲ့ ဆေရှဲလ်နိုင်ငံများသို့ အတင်းအဓမ္မ နှင်ထုတ်ခဲ့ပြီး ဗြိတိန်-အမေရိကန် ပူးတွဲစစ်စခန်း တည်ဆောက်ခဲ့ပါတယ်။

စစ်အေးကာလ စူးအက်တူးမြောင်း အရှေ့ဘက်မှ ဗြိတိသျှတို့ ဆုတ်ခွာသွားခဲ့ပြီးနောက် အမေရိကန်အနေနဲ့ ဆိုဗီယက်သြဇာလွှမ်းမိုးမှုကို ကာကွယ်ရန်၊ ဒေသတွင်း ကြီးစိုးရန်နဲ့ ကုန်သွယ်ရေကြောင်းသင်္ဘောများကို စောင့်ကြည့်ရာမှာ အရေးပါတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ အမေရိကန်အတွက် ပစိတ်ဒေသမှာ ဂူအမ်ကျွန်းရှိ အင်ဒါဆင်လေတပ်အခြေ စိုက်စခန်းလို အင်ဒို-ပစိတ်ဒေသမှာ ဒီယေဂိုဂါးစီးယားဟာ ဗုံးကြဲလေ ယာဉ်များ တပ်စွဲထားတဲ့ အရေးပါ စစ်အခြေစိုက်စခန်းဖြစ်ပါတယ်။

၁၉၇၈-၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလမှာ ဒီယေဂိုဂါစီယာဟာ နှစ်မြှုပ်မရနိုင်သော လေယာဉ်တင်သင်္ဘောကြီးဖြစ်ခဲ့ပြီး၊ ကူဝိတ်နိုင်ငံအ တွင်း အီရတ်ကျူးကျော်မှူအတွက် ၁၉၉၈ ခုနှစ် သဲကန္တာရမြေခွေးစစ် ဆင်ရေး၊ ၂ဝဝ၃ ခုနှစ် အာဏာရှင်ဆဒမ်ဟူစိန်ဖယ်ရှားရေး အီရတ်လွတ် မြောက်ရေး စစ်ပွဲတွေမှာ အထူးတလည် အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂ဝဝ၁ ခုနှစ် အာဖဂန်ကျူးကျော်မှုမှာ အမေရိကန်လေတပ်ဗုံး ကြဲလေယာဉ်များ၊ ရေတပ်စစ်သင်္ဘောများအတွက် အလွန်အသုံးဝင်တဲ့ ထောက်ပို့ စခန်းတစ်ခုဖြစ်ခဲ့မှာ မလွဲပါဘူး။

ဒီယေဂိုဂါးစီးယားကျွန်းပေါ်မှာ အမေရိကန် အမှတ် ၃၆ MSG လေတပ်၊ လေကြောင်းရွေ့လျားလေယာဉ်အုပ်၊ အမှတ်-၂၁ အာကာသစစ်ဆင်ရေးအုပ် ဂြိုလ်တုထိန်းချုပ်ရေးကွန်ရက် အဝေးထိန်းလမ်းကြောင်းနဲ့ အာ ကာသစစ်ဆင်ရေး ကွပ်ကဲမှုဋ္ဌာနတို့လို အရေးပါတဲ့ စစ်ဘက်ဌာနများ တည်ရှိနေပါတယ်။

အမေရိကန် မရိန်းတပ်မှ ကြိုတင်နေရာချထားရေး တပ် ၂ တပ်တို့ဟာ နျူကလီယာဗုံးများ တပ်ဆင်ထားပါတယ်။ အဲ့ဒီတပ်မှာ ပါဝင်တဲ့ သင်္ဘောများဟာ တင့်ကား၊ သံချပ်ကာတင်ယာဉ်၊ လက်နက်ခဲယမ်း၊ လောင်စာ ဆီနဲ့ အပိုပစ္စည်းမျာကိုလည်း သယ်ဆောင်ပေးနိုင်ပါတယ်။

ဒီယေဂိုဂါးစီးယား အိန္ဒိယသမုဒ္ဒရာအမေရိကန်စစ်အခြေစိုက်စခန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာများမှာ အထင်အရှား ဖော်ပြတာ အလွန်နည်းယုံမက အသေးစိတ်အချက်အလက်များကို အမေရိကန်သမ္မတအဆက်ဆက်ပင် မသိခဲ့ကြဘူးလို့ အဆိုရှိပါတယ်။


https://www.msn.com/en-sg/lifestyle/travel/diego-garcia-the-secrets-behind-the-remote-us-military-base/ss-AAYxEDe?ocid=msedgdhp&pc=U531&cvid=f045b21f62634402b273fc49002362e5

https://www.starsinsider.com/lifestyle/189773/military-secrets-the-us-government-doesnt-want-you-to-know

https://www.researchgate.net/figure/DIEGO-GARCIA-IN-THE-INDIAN-OCEAN_fig2_254224904

https://asia.nikkei.com/Editor-s-Picks/Interview/Mauritius-makes-play-for-future-with-US-base-on-Diego-Garcia
https://edition.cnn.com/2019/02/25/asia/uk-chagos-mauritius-intl/index.html

https://www.abc.net.au/news/2019-06-04/the-uss-saratoga-moored-at-diego-garcia-(1985)-1/11112176?nw=0
https://www.naval-technology.com/projects/diego-garcia/

zawgyi version
အေမရိကန္သမၼတမ်ားပင္ အေသးစိတ္ မသိၾကသည့္ အိႏၵိယသမုဒၵရာရွိ ဒီေယဂိုဂါစီယာ လွ်ိဳ႕ဝွက္စစ္အေျခစိုက္စခန္း
Htay Oung (NP News) - ဇြန္ ၁၈

လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားအနက္ တစ္ခုျဖစ္တဲ့ ဒီေယဂိုဂါစီယာကြၽန္းဟာ အျငင္းပြားဖြယ္ရာမ်ားနဲ႔ ေက်ာ္ၾကားတဲ့ တီးတိုးေျပာ သီအိုရီမ်ားစြာတို႔နဲ႔ ေရာေထြးေနတယ္လို႔ Stars Insider က ဇြန္လ ၁၇ ရက္ကေရးသားပါတယ္။

လွ်ိဳ႕ဝွက္စစ္ဆင္ေရးအတြက္ ကြၽန္းေပၚက ႏွင္ထုတ္ျခင္းခံရသူ ျပည္ပေရာက္ ဌာေနကြၽန္းသားမ်ားဟာ ဇာတိေျမသို႔ ျပန္လာခြင့္အတြက္ ႏွစ္ေပါင္းမ်ားစြာ ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။ သီအိုရီထုတ္သူအခ်ိဳ႕က မေလးရွားေလေၾကာင္းလိုင္းရဲ႕ ေပ်ာက္ဆုံးေနတဲ့ ခရီးသည္တင္ေလယာဥ္ MH-370 ကို ကြၽန္းေပၚမွာ ဝွက္ထားတယ္လို႔ပင္ ယုံၾကည္ၾကပါတယ္။ ၂ဝ၁၄ ခုႏွစ္ မတ္လ ၈ ရက္မွာ မေလးရွားႏိုင္ငံက ပ်ံတက္ခဲ့တဲ့ ခရီးသည္တင္ေလယာဥ္ဟာ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ကို ဦးတည္ပ်ံသန္းေနစဥ္ ခရီးသည္ ၂၂၇ ဦး၊ ေလယာဥ္ဝန္ထမ္း ၁၂ ဦးတို႔နဲ႔အတူ ေပ်ာက္ဆုံးခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံကို ဦးတည္ရမည့္ ေလယာဥ္ဟာ ခရီးလမ္းေၾကာင္းနဲ႔ လုံးဝသက္ဆိုင္ျခင္းမရွိတဲ့ အိႏၵိယသမုဒၵရာဘက္ကို ပ်ံသန္းသြားခဲ့ေၾကာင္း အေထာက္အထားမ်ားေတြ႕ရွိရပါတယ္။ ခရီးသည္အမ်ားစု တ႐ုတ္ႏြယ္ဖြားမ်ား ျဖစ္ေနျခင္းဟာ အျပင္းအထန္ေဝဖန္စရာျဖစ္ခဲ့ရပါတယ္။ ေလယာဥ္မွ အစိတ္အပိုင္းအခ်ိဳ႕ကို အိႏၵိသမုဒၵရာေတာင္ပိုင္း ပင္ လယ္ျပင္မွာ ေတြ႕ရွိရေပမဲ့ ေလယာဥ္ေပၚမွာ လိုက္ပါသြားသူအားလုံး ေသဆုံးကုန္ၿပီလို႔ မွတ္ယူထားၾကပါတယ္။

ေနာက္ထပ္ ၄ လခန႔္အၾကာ မေလးရွားေလေၾကာင္းလိုင္းကပဲ ခရီးသည္တင္ေလယာဥ္ MH-17 ဟာ ယခု တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနတဲ့ ယူကရိန္းအေရွ႕ပိုင္းမွာပ်က္က်ခဲ့ပါတယ္။ ပစ္ခ်ခံရတဲ့အေထာက္အထား မ်ား ေတြ႕ရတယ္ဆိုေပမဲ့ ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြက သူတို႔လက္ခ်က္မဟုတ္ဖူးလို႔ ျငင္းဆန္ၾက ပါတယ္။

အေမရိကန္စစ္တပ္အေနနဲ႔ သူတို႔ရဲ႕ စစ္ဆင္ေရးမ်ားနဲ႔ စစ္အေျခစိုက္စခန္းမ်ားကို သာမန္လူထုနဲ႔ ခပ္ကင္းကင္း ရွိေနေစဖို႔ အေၾကာင္းျပခ်က္ေကာင္းေတြ တစ္ပုံႀကီး ရွိပါတယ္။ ဒါေပမယ့္ အဲဒါက အမွားေတြ လုပ္ေနတာနဲ႔ ဖုံးကြယ္ဖို႔ ႀကိဳးစားေနတာ မဟုတ္၊ စပ္စပ္စုစုလုပ္ၿပီး ပုံေဖာ္ဖို႔ ႀကိဳးစားတဲ့ ႏိုင္ငံသားမ်ားရဲ႕ စိတ္ကူးစိတ္သန္းေတြကိုလည္း တားျမစ္မွာ မဟုတ္ဖူးလို႔ဆိုပါတယ္။ အေမရိကန္အခ်ိဳ႕ ယုံၾကည္ထားတဲ့ သို႔ေလာသို႔ေသာ ေျပာစကားေတြနဲ႔ ပင္တာဂြန္က လွ်ိဳ႕ဝွက္ထားသင့္တယ္လို႔ ယူဆတဲ့ နယ္ေျမနဲ႔ စစ္ဆင္ေရးအခ်ိဳ႕ဟာ စိတ္ဝင္စားစရာ ေကာင္းေနတာ အမွန္ပါဘဲ။

ဒီေယဂိုဂါးစီယားကြၽန္းဟာ အိႏၵိယသမုဒၵရာ အီေကြတာေတာင္ဘက္ ၿဗိတိသွ်-အိႏၵိယပိုင္နက္နယ္ေျမမွာ တည္ရွိပါတယ္။ ကြၽန္းေပါင္း ၆ဝ ပါဝင္တဲ့ ခ်ာဂိုးစ္ကြၽန္းစုမွာ အႀကီးဆုံး သႏၲာကြၽန္းတန္းျဖစ္ပါတယ္။ ပထမဆုံး စတင္ေတြ႕ရွိသူ ဥေရာပတိုက္သားေတြဟာ ေပၚတူဂီမ်ားျဖစ္ၾကၿပီး ၁၇၉ဝ ခုႏွစ္မွာ ျပင္သစ္တို႔က အေျခခ်ေနထိုင္ခဲ့ပါတယ္။ နပိုလီယံစစ္ပြဲမ်ားအၿပီးမွာ ၿဗိတိသွ်တို႔အုပ္ခ်ဳပ္မႈေအာက္ကို ေရာက္ရွိသြားျပန္ပါတယ္။ ၁၉၆၈- ၁၉၇၃ ခုႏွစ္အၾကား အဂၤလိပ္တို႔က ကြၽန္းေပၚေနထိုင္သူမ်ားကို ေမာ္ေရးရွားနဲ႔ ေဆရွဲလ္ႏိုင္ငံမ်ားသို႔ အတင္းအဓမၼ ႏွင္ထုတ္ခဲ့ၿပီး ၿဗိတိန္-အေမရိကန္ ပူးတြဲစစ္စခန္း တည္ေဆာက္ခဲ့ပါတယ္။

စစ္ေအးကာလ စူးအက္တူးေျမာင္း အေရွ႕ဘက္မွ ၿဗိတိသွ်တို႔ ဆုတ္ခြာသြားခဲ့ၿပီးေနာက္ အေမရိကန္အေနနဲ႔ ဆိုဗီယက္ၾသဇာလႊမ္းမိုးမႈကို ကာကြယ္ရန္၊ ေဒသတြင္း ႀကီးစိုးရန္နဲ႔ ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားကို ေစာင့္ၾကည့္ရာမွာ အေရးပါတဲ့ ေနရာတစ္ခုျဖစ္လာပါတယ္။ အေမရိကန္အတြက္ ပစိတ္ေဒသမွာ ဂူအမ္ကြၽန္းရွိ အင္ဒါဆင္ေလတပ္အေျခ စိုက္စခန္းလို အင္ဒို-ပစိတ္ေဒသမွာ ဒီေယဂိုဂါးစီးယားဟာ ဗုံးႀကဲေလ ယာဥ္မ်ား တပ္စြဲထားတဲ့ အေရးပါ စစ္အေျခစိုက္စခန္းျဖစ္ပါတယ္။

၁၉၇၈-၇၉ ခုႏွစ္ အီရန္ေတာ္လွန္ေရးကာလမွာ ဒီေယဂိုဂါစီယာဟာ ႏွစ္ျမႇဳပ္မရႏိုင္ေသာ ေလယာဥ္တင္သေဘၤာႀကီးျဖစ္ခဲ့ၿပီး၊ ကူဝိတ္ႏိုင္ငံအ တြင္း အီရတ္က်ဴးေက်ာ္မႉအတြက္ ၁၉၉၈ ခုႏွစ္ သဲကႏၲာရေျမေခြးစစ္ ဆင္ေရး၊ ၂ဝဝ၃ ခုႏွစ္ အာဏာရွင္ဆဒမ္ဟူစိန္ဖယ္ရွားေရး အီရတ္လြတ္ ေျမာက္ေရး စစ္ပြဲေတြမွာ အထူးတလည္ အေရးပါခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ၂ဝဝ၁ ခုႏွစ္ အာဖဂန္က်ဴးေက်ာ္မႈမွာ အေမရိကန္ေလတပ္ဗုံး ႀကဲေလယာဥ္မ်ား၊ ေရတပ္စစ္သေဘၤာမ်ားအတြက္ အလြန္အသုံးဝင္တဲ့ ေထာက္ပို႔ စခန္းတစ္ခုျဖစ္ခဲ့မွာ မလြဲပါဘူး။

ဒီေယဂိုဂါးစီးယားကြၽန္းေပၚမွာ အေမရိကန္ အမွတ္ ၃၆ MSG ေလတပ္၊ ေလေၾကာင္းေ႐ြ႕လ်ားေလယာဥ္အုပ္၊ အမွတ္-၂၁ အာကာသစစ္ဆင္ေရးအုပ္ ၿဂိဳလ္တုထိန္းခ်ဳပ္ေရးကြန္ရက္ အေဝးထိန္းလမ္းေၾကာင္းနဲ႔ အာ ကာသစစ္ဆင္ေရး ကြပ္ကဲမႈ႒ာနတို႔လို အေရးပါတဲ့ စစ္ဘက္ဌာနမ်ား တည္ရွိေနပါတယ္။

အေမရိကန္ မရိန္းတပ္မွ ႀကိဳတင္ေနရာခ်ထားေရး တပ္ ၂ တပ္တို႔ဟာ န်ဴကလီယာဗုံးမ်ား တပ္ဆင္ထားပါတယ္။ အဲ့ဒီတပ္မွာ ပါဝင္တဲ့ သေဘၤာမ်ားဟာ တင့္ကား၊ သံခ်ပ္ကာတင္ယာဥ္၊ လက္နက္ခဲယမ္း၊ ေလာင္စာ ဆီနဲ႔ အပိုပစၥည္းမ်ာကိုလည္း သယ္ေဆာင္ေပးႏိုင္ပါတယ္။

ဒီေယဂိုဂါးစီးယား အိႏၵိယသမုဒၵရာအေမရိကန္စစ္အေျခစိုက္စခန္းနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာမီဒီယာမ်ားမွာ အထင္အရွား ေဖာ္ျပတာ အလြန္နည္းယုံမက အေသးစိတ္အခ်က္အလက္မ်ားကို အေမရိကန္သမၼတအဆက္ဆက္ပင္ မသိခဲ့ၾကဘူးလို႔ အဆိုရွိပါတယ္။


https://www.msn.com/en-sg/lifestyle/travel/diego-garcia-the-secrets-behind-the-remote-us-military-base/ss-AAYxEDe?ocid=msedgdhp&pc=U531&cvid=f045b21f62634402b273fc49002362e5

https://www.starsinsider.com/lifestyle/189773/military-secrets-the-us-government-doesnt-want-you-to-know

https://www.researchgate.net/figure/DIEGO-GARCIA-IN-THE-INDIAN-OCEAN_fig2_254224904

https://asia.nikkei.com/Editor-s-Picks/Interview/Mauritius-makes-play-for-future-with-US-base-on-Diego-Garcia
https://edition.cnn.com/2019/02/25/asia/uk-chagos-mauritius-intl/index.html

https://www.abc.net.au/news/2019-06-04/the-uss-saratoga-moored-at-diego-garcia-(1985)-1/11112176?nw=0
https://www.naval-technology.com/projects/diego-garcia/

Related news

© 2021. All rights reserved.