မြန်မာနိုင်ငံရေးအခက်အခဲများက အာဆီယံရဲ့ကုန်သွယ်ရေးဆွေးနွေးမှုများကို အတားအဆီးသဖွယ်ဖြစ်နေကြောင်း မလေးရှားအစိုးရ ဝေဖန်

 1228

ဂျန်ဇက် (NP News) - ဇွန် ၂၁
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆာရီ ဆိုင်ဖူဒင်အဒူလာ က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခက်အခဲ များက စီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများနဲ့ အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံရဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ရဲ့ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်များထဲမှာ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ခွင့်ပြုချက်မရတဲ့အတွက် ကုန်သွယ်ရေးသဘောတူညီမှုများ ရယူနိုင်ဖို့ အခက်အခဲ တွေ ဖြစ်လာဖွယ်ရှိတယ်လို့လည်း ဆိုထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဖွဲ့ဝင် ၉ နိုင်ငံနဲ့သာ အာဆီယံအဖွဲ့ရဲ့သဘောတူညီမှုများ၊ ဆွေးနွေးမှုများ လုပ်ဆောင်ဖို့ သင့်၊ မသင့် ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားစရာဖြစ်လာစေခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး က ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက "အာဆီယံအဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ကုန်သွယ်ရေး သဘောတူညီမှုများကို လက်မှတ်ရေးထိုးဖို့ လိုအပ်မှုများရှိလာချိန်မှာ မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိတဲ့အတွက် အခက်အခဲတွေဖြစ်လာစေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို စုစည်းညီညွတ်စွာနဲ့ထည့်သွင်းစဉ်းစားရဖွယ်ရှိနေတယ်။ အာဆီယံအဖွဲ့မှာ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပေမယ့် တစ်နိုင်ငံ က လက်မှတ်မရေးထိုးဘူးဆိုရင် ကျန် ၉ နိုင်ငံက လက်မှတ်ရေးထိုးလို့မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂအပါအဝင် အခြားဆွေးနွေးဖက်မိတ်ဖက်တွေနဲ့ ကုန်သွယ်ရေးစာချုပ်တွေ ချုပ်ဆိုလို့မရဘဲ ဖြစ်နေ တယ်" လို့ပြောပါတယ်။

ဒါ့အပြင် ၎င်းက "မြန်မာနိုင်ငံရေးအခက်အခဲကို ဆွေးနွေးဖြေရှင်းမှုများဟာ သိသာတဲ့တိုးတက်မှုများ မရှိသေး ဘူး။ ဇွန်လကုန်ချိန်မှာ မြန်မာနိုင်ငံကိုသွားရောက်မယ့် အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း မြန်မာနိုင်ငံရေး မှာ ပါဝင်နေသူအားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့ အကြံပြုတာမျိုးတွေရှိခဲ့တယ်" လို့ပြောပါတယ်။

https://www.malaymail.com/news/malaysia/2022/06/20/saifuddin-myanmar-crisis-hampers-asean-trade-talks-with-partners/13304

Zawgyi Version;
ျမန္မာႏိုင္ငံေရးအခက္အခဲမ်ားက အာဆီယံရဲ႕ကုန္သြယ္ေရးေဆြးေႏြးမႈမ်ားကို အတားအဆီးသဖြယ္ျဖစ္ေန ေၾကာင္း မေလးရွားအစိုးရ ေဝဖန္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဒါတြတ္ဆာရီ ဆိုင္ဖူဒင္အဒူလာ က ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ႏိုင္ငံေရးအခက္အခဲ မ်ားက စီးပြားေရး မိတ္ဖက္အဖြဲ႕အစည္းမ်ားနဲ႔ အာဆီယံအဖြဲ႕ဝင္ ၁ဝ ႏိုင္ငံရဲ႕ကုန္သြယ္ေရးေဆြးေႏြးမႈေတြကို ထိခိုက္ေစခဲ့တယ္လို႔ ဆိုပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံအဖြဲ႕ရဲ႕ဆုံးျဖတ္ခ်က္ခ်မွတ္ေရးလုပ္ငန္းစဥ္မ်ားထဲမွာ အဖြဲ႕ဝင္ တစ္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ခြင့္ျပဳခ်က္မရတဲ့အတြက္ ကုန္သြယ္ေရးသေဘာတူညီမႈမ်ား ရယူႏိုင္ဖို႔ အခက္အခဲ ေတြ ျဖစ္လာဖြယ္ရွိတယ္လို႔လည္း ဆိုထားပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးအဖြဲ႕ဝင္ ၉ ႏိုင္ငံနဲ႔သာ အာဆီယံအဖြဲ႕ရဲ႕သေဘာတူညီမႈမ်ား၊ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ဖို႔ သင့္၊ မသင့္ ဆိုတဲ့အခ်က္ကို ထည့္သြင္းစဥ္းစားစရာျဖစ္လာေစခဲ့ေၾကာင္း မေလးရွားႏိုင္ငံျခားေရး ဝန္ႀကီး က ေျပာပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက "အာဆီယံအဖြဲ႕အေနနဲ႔ မိတ္ဖက္အဖြဲ႕အစည္းမ်ားနဲ႔ ကုန္သြယ္ေရး သေဘာတူညီမႈမ်ားကို လက္မွတ္ေရးထိုးဖို႔ လိုအပ္မႈမ်ားရွိလာခ်ိန္မွာ ျမန္မာႏိုင္ငံ ပါဝင္လက္မွတ္ေရးထိုးႏိုင္ျခင္း မရွိတဲ့အတြက္ အခက္အခဲေတြျဖစ္လာေစခဲ့တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္လိုလုပ္ေဆာင္ရမလဲဆိုတာကို စုစည္းညီၫြတ္စြာနဲ႔ထည့္သြင္းစဥ္းစားရဖြယ္ရွိေနတယ္။ အာဆီယံအဖြဲ႕မွာ အဖြဲ႕ဝင္ ၁ဝ ႏိုင္ငံရွိေပမယ့္ တစ္ႏိုင္ငံ က လက္မွတ္မေရးထိုးဘူးဆိုရင္ က်န္ ၉ ႏိုင္ငံက လက္မွတ္ေရးထိုးလို႔မရေတာ့ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ဥေရာပသမဂၢအပါအဝင္ အျခားေဆြးေႏြးဖက္မိတ္ဖက္ေတြနဲ႔ ကုန္သြယ္ေရးစာခ်ဳပ္ေတြ ခ်ဳပ္ဆိုလို႔မရဘဲ ျဖစ္ေန တယ္" လို႔ေျပာပါတယ္။

ဒါ့အျပင္ ၄င္းက "ျမန္မာႏိုင္ငံေရးအခက္အခဲကို ေဆြးေႏြးေျဖရွင္းမႈမ်ားဟာ သိသာတဲ့တိုးတက္မႈမ်ား မရွိေသး ဘူး။ ဇြန္လကုန္ခ်ိန္မွာ ျမန္မာႏိုင္ငံကိုသြားေရာက္မယ့္ အာဆီယံအထူးကိုယ္စားလွယ္ကိုလည္း ျမန္မာႏိုင္ငံေရး မွာ ပါဝင္ေနသူအားလုံးနဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔ အႀကံျပဳတာမ်ိဳးေတြရွိခဲ့တယ္" လို႔ေျပာပါတယ္။

https://www.malaymail.com/news/malaysia/2022/06/20/saifuddin-myanmar-crisis-hampers-asean-trade-talks-with-partners/13304

Picture

Shwe Wah

22/06/2022 01:58

ကောင်းတယ်။ဝမ်းသာလိုက်တာ။ကိုယ်ပြုသမျှကံ ကိုယ်.ထံပြန်လာတယ်ဆိုတာဒါပဲ။ နစက ဘာလက်မှတ်မှမထိုးပေးပါနဲ.လို.တောင်းဆိုပါရ စေ။

Picture

Ko Win

22/06/2022 21:34

good

Related news

© 2021. All rights reserved.