မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်စဉ် ကျောက်စိမ်းနှင့်ရှားပါးတိရစ္ဆာန်များ တရားမဝင်ကုန်ကူးမှုဖြစ်လာနိုင်ဟုဆို

 3665

မျိုးကြီး (NP News) - ဇွန် ၂၄
မူဆယ်-မန္တလေးရထားလမ်းသစ်တည်ဆောက်ရေးကာလတွင် ကျောက် စိမ်းနှင့် ရှားပါးတိရစ္ဆာန်များကို တရားမဝင်ကုန်ကူးမှုဖြစ်လာနိုင်သည့် အတွက် သေချာစစ်ဆေးသွားရန် အကြံပြုထားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရရှိသော မူဆယ်-မန္တလေးရထားလမ်းတစ်လျှောက် တံတားများနှင့် ရေ နုတ်မြောင်းများအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ခြင်းအနှစ်ချုပ်အစီရင်ခံစာတွင် အထက်ပါကဲ့သို့ ထည့်သွင်းအကြံပြုထားခြင်းဖြစ်သည်။

၎င်းစီမံကိန်း၏ ဆောက်လုပ်ရေးအကြိုကာလ၊ ဆောက်လုပ်ရေးကာလ၊ လုပ်ငန်းလည်ပတ်မှုကာလနှင့် စီမံကိန်းဖျက်သိမ်းခြင်းကာလများတွင် ထပ်ဆင့်ဖြစ်ပွားလာနိုင်သောအခြေအနေများကို အစီရင်ခံစာတွင် သုံး သပ်အကြံပြုထားသည်။

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်ရေးစီမံကိန်း၏ ဆောက်လုပ်ရေးကာလတွင် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်စဉ် ကျောက်စိမ်း၊ ရှားပါးတိရစ္ဆာန်များ၊ သစ်ခွနှင့် အခြားသဘာဝသယံဇာတများသည် တရားမဝင်ကုန်ကူးမှုဖြစ်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံအတွင်းမှ မထွက်ခွာမီစစ်ဆေးရေးဂိတ်တိုင်းတွင် သေ ချာစစ်ဆေးရန်၊ ကားများကို စစ်ဆေးမှုပြုလုပ်ရန်အတွက် လုံလောက်သောအချိန်ပမာဏယူရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်သွားရန် အစီရင်ခံစာတွင်အကြံပြုထားသည်။

ထို့ပြင် စီမံကိန်းအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူလာမှုကြောင့် လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုများလည်း တိုးမြင့်လာနိုင်ကြောင်း သုံးသပ်ထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားရန်လည်း အစီရင်ခံစာတွင် အကြံပြုထားသည်။

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းတွင် တံတား ၁၂၄ စင်းတည်ဆောက်ခြင်း၊ ဥမင်လှိုဏ်ခေါင်း ၆ဝ ခု တည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံ(၁၁)ရုံ တည်ဆောက်ခြင်းနှင့် ၎င်းနှင့်ဆက်စပ်သော လျှပ် စစ်ဓာတ်အားလိုင်းသွယ်တန်း ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းနှင့်ပတ်သက်၍ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို့သည် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်အတွက် MoU ရေးထိုးခဲ့ကြောင်း သိရသည်။

မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအ ချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ လမ်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

https://npnewsmm.com/news/62b57af6c0aa15633035632a

zawgyi version
မူဆယ္-မႏၲေလးရထားလမ္းေဖာက္လုပ္စဥ္ ေက်ာက္စိမ္းႏွင့္ရွားပါးတိရစာၦန္မ်ား တရားမဝင္ကုန္ကူးမႈျဖစ္လာႏိုင္ဟုဆို
မ်ိဳးႀကီး (NP News) - ဇြန္ ၂၄

မူဆယ္-မႏၲေလးရထားလမ္းသစ္တည္ေဆာက္ေရးကာလတြင္ ေက်ာက္ စိမ္းႏွင့္ ရွားပါးတိရစာၦန္မ်ားကို တရားမဝင္ကုန္ကူးမႈျဖစ္လာႏိုင္သည့္ အတြက္ ေသခ်ာစစ္ေဆးသြားရန္ အႀကံျပဳထားသည္။

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ရရွိေသာ မူဆယ္-မႏၲေလးရထားလမ္းတစ္ေလွ်ာက္ တံတားမ်ားႏွင့္ ေရ ႏုတ္ေျမာင္းမ်ားအတြက္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေလ့လာဆန္းစစ္ျခင္းအႏွစ္ခ်ဳပ္အစီရင္ခံစာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းအႀကံျပဳထားျခင္းျဖစ္သည္။

၎စီမံကိန္း၏ ေဆာက္လုပ္ေရးအႀကိဳကာလ၊ ေဆာက္လုပ္ေရးကာလ၊ လုပ္ငန္းလည္ပတ္မႈကာလႏွင့္ စီမံကိန္းဖ်က္သိမ္းျခင္းကာလမ်ားတြင္ ထပ္ဆင့္ျဖစ္ပြားလာႏိုင္ေသာအေျခအေနမ်ားကို အစီရင္ခံစာတြင္ သုံး သပ္အႀကံျပဳထားသည္။

မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္ေရးစီမံကိန္း၏ ေဆာက္လုပ္ေရးကာလတြင္ ေဆာက္လုပ္ေရးပစၥည္းမ်ား သယ္ယူပို႔ေဆာင္စဥ္ ေက်ာက္စိမ္း၊ ရွားပါးတိရစာၦန္မ်ား၊ သစ္ခြႏွင့္ အျခားသဘာဝသယံဇာတမ်ားသည္ တရားမဝင္ကုန္ကူးမႈျဖစ္လာႏိုင္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံအတြင္းမွ မထြက္ခြာမီစစ္ေဆးေရးဂိတ္တိုင္းတြင္ ေသ ခ်ာစစ္ေဆးရန္၊ ကားမ်ားကို စစ္ေဆးမႈျပဳလုပ္ရန္အတြက္ လုံေလာက္ေသာအခ်ိန္ပမာဏယူရန္ႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းလုပ္ေဆာင္သြားရန္ အစီရင္ခံစာတြင္အႀကံျပဳထားသည္။

ထို႔ျပင္ စီမံကိန္းအတြင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား လြယ္ကူလာမႈေၾကာင့္ လူကုန္ကူးမႈမ်ား၊ မူးယစ္ေဆးဝါးကုန္သြယ္မႈမ်ားလည္း တိုးျမင့္လာႏိုင္ေၾကာင္း သုံးသပ္ထားၿပီး သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္သြားရန္လည္း အစီရင္ခံစာတြင္ အႀကံျပဳထားသည္။

မူဆယ္-မႏၲေလးရထားလမ္းသစ္ေဖာက္လုပ္ေရးစီမံကိန္းတြင္ တံတား ၁၂၄ စင္းတည္ေဆာက္ျခင္း၊ ဥမင္လႈိဏ္ေခါင္း ၆ဝ ခု တည္ေဆာက္ျခင္း၊ ဓာတ္အားခြဲ႐ုံ(၁၁)႐ုံ တည္ေဆာက္ျခင္းႏွင့္ ၎ႏွင့္ဆက္စပ္ေသာ လွ်ပ္ စစ္ဓာတ္အားလိုင္းသြယ္တန္း ျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မူဆယ္-မႏၲေလးရထားလမ္းစီမံကိန္းႏွင့္ပတ္သက္၍ ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ ေရးဝန္ႀကီးဌာနႏွင့္ တ႐ုတ္ႏိုင္ငံ China Railway Eryuan Engineering Group Co.Limited (CREEC)၊ China Railway Group Limited တို႔သည္ ရထားလမ္းေဖာက္လုပ္ေရးစီမံကိန္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ ေဆာင္႐ြက္ရန္အတြက္ MoU ေရးထိုးခဲ့ေၾကာင္း သိရသည္။

မူဆယ္-မႏၲေလး မီးရထားလမ္းသည္ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ကုန္သြယ္ေရးအ ခ်က္အခ်ာျဖစ္ေသာ မႏၲေလးၿမိဳ႕ကို ခ်ိတ္ဆက္ေဖာက္လုပ္မည့္ အျမန္ရထားလမ္းျဖစ္ၿပီး တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ လမ္း၏ အစိတ္အပိုင္းတစ္ခုလည္းျဖစ္သည္။

https://npnewsmm.com/news/62b57af6c0aa15633035632a

Related news

© 2021. All rights reserved.