မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သက်တမ်း (၇)နှစ်သာရှိသေးသည့် XY-AMK လေယာဉ်တစ်စင်း စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့

 3497

NP News - ဇွန် ၂၆
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ UB-313/ UB-314, XY-AMK လေ ယာဉ်တစ်စင်း စက်ချို့ယွင်းမှုဖြစ်ခဲ့ခြင်းကြောင့် ပျံသန်းမှုခရီးစဉ်ကိုရပ်ဆိုင်းခဲ့ရကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ လေယာဉ်သည် ၂ဝ၂၂ခုနှစ်၊ ဇွန်လ (၂၅)ရက်တွင် ရန်ကုန် - မြိတ် - ထားဝယ် - ရန်ကုန် ခရီးစဉ်အားပျံသန်းခဲ့ပြီး ထားဝယ်လေဆိပ်မှ နံနက် (၁ဝ)နာရီတွင် ထွက်ခွာခဲ့ရာ လေယာဉ် Take Off ပြုလုပ်ချိန်တွင် No. (1) Engine မှ ပုံမှန်မဟုတ်သော အသံ (၂)ချက်ကြားရ၍ Over TQ Limit Caution ပေါ်လာသဖြင့် လေယာဉ်ထွက်ခွာမှုရပ်ဆိုင်းရန် လုပ် ဆောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် လေကြောင်းလိုင်း၏ Safety Standard အရ ခရီးသည်များ ဘေးကင်းလုံခြုံစေရေး အတွက် လေယာဉ်မှူးမှ XY-AMK လေယာဉ်ထွက်ခွာခြင်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ပြီး အခြားလေယာဉ် (၁) စီးဖြင့် ခရီးသည်များအား တင်ဆောင်၍ခရီးစဉ်ဆက်လက် ပျံသန်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် XY-AMK လေယာဉ်အား ရန်ကုန်မြို့သို့ ပျံသန်းသယ်ဆောင်ခဲ့ပြီး စက်မှုဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ၂ဝ၁၅ ခုနှစ်တွင် ထုတ်လုပ်ထားသော စက်ရုံထုတ် လေယာဉ် အသစ်ဖြစ်ပြီး ဝယ်ငှား စနစ်ဖြင့် မြန်မာအမျိုးလေကြောင်းလိုင်းက ရယူထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ လေယာဉ်သက်တမ်းမှာ (၇)နှစ်သာရှိသေးကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် လေယာဉ် ၁၈ စီးဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များအပါအဝင် စင်းလုံးငှား ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

https://npnewsmm.com/news/62b7f1b76b2c345e125d7885

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ သက္တမ္း (၇) ႏွစ္သာရွိေသးသည့္ XY-AMK ေလယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္းမႈျဖစ္ေပၚခဲ့
NP News - ဇြန္ ၂၆

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ UB-313/ UB-314, XY-AMK ေလ ယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္းမႈျဖစ္ခဲ့ျခင္းေၾကာင့္ ပ်ံသန္းမႈခရီးစဥ္ကိုရပ္ဆိုင္းခဲ့ရေၾကာင္း ေလေၾကာင္းလိုင္း၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ေလယာဥ္သည္ ၂ဝ၂၂ခုႏွစ္၊ ဇြန္လ (၂၅)ရက္တြင္ ရန္ကုန္ - ၿမိတ္ - ထားဝယ္ - ရန္ကုန္ ခရီးစဥ္အားပ်ံသန္းခဲ့ၿပီး ထားဝယ္ေလဆိပ္မွ နံနက္ (၁ဝ)နာရီတြင္ ထြက္ခြာခဲ့ရာ ေလယာဥ္ Take Off ျပဳလုပ္ခ်ိန္တြင္ No. (1) Engine မွ ပုံမွန္မဟုတ္ေသာ အသံ (၂)ခ်က္ၾကားရ၍ Over TQ Limit Caution ေပၚလာသျဖင့္ ေလယာဥ္ထြက္ခြာမႈရပ္ဆိုင္းရန္ လုပ္ ေဆာင္ခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ေလေၾကာင္းလိုင္း၏ Safety Standard အရ ခရီးသည္မ်ား ေဘးကင္းလုံၿခဳံေစေရး အတြက္ ေလယာဥ္မႉးမွ XY-AMK ေလယာဥ္ထြက္ခြာျခင္းအား ရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္ျပဳလုပ္ခဲ့ၿပီး အျခားေလယာဥ္ (၁) စီးျဖင့္ ခရီးသည္မ်ားအား တင္ေဆာင္၍ခရီးစဥ္ဆက္လက္ ပ်ံသန္းေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ XY-AMK ေလယာဥ္အား ရန္ကုန္ၿမိဳ႕သို႔ ပ်ံသန္းသယ္ေဆာင္ခဲ့ၿပီး စက္မႈဆိုင္ရာစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ေလယာဥ္သည္ ၂ဝ၁၅ ခုႏွစ္တြင္ ထုတ္လုပ္ထားေသာ စက္႐ုံထုတ္ ေလယာဥ္ အသစ္ျဖစ္ၿပီး ဝယ္ငွား စနစ္ျဖင့္ ျမန္မာအမ်ိဳးေလေၾကာင္းလိုင္းက ရယူထားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ အဆိုပါ ေလယာဥ္သက္တမ္းမွာ (၇)ႏွစ္သာရွိေသးေၾကာင္း သိရသည္။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းသည္ ႏိုင္ငံပိုင္ေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ ေလယာဥ္ ၁၈ စီးျဖင့္ ျပည္တြင္း၊ ျပည္ပခရီးစဥ္မ်ားအပါအဝင္ စင္းလုံးငွား ခရီးစဥ္မ်ားကို ပ်ံသန္းေျပးဆြဲေပးလ်က္ရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/62b7f1b76b2c345e125d7885

Related news

© 2021. All rights reserved.