မန္တလေးတွင် သေနတ်အတုဖြင့် ခြိမ်းခြောက်လုယက်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

365

ချယ်ရီ (NP News) - ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် သေနတ်အတုဖြင့်ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်အချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇွန်လ ၂၀ ရက်)၊ ည (၈) နာရီခွဲအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် နေထိုင်သော အသက်(၂၉)နှစ်ရှိ ကိုထက်လင်းအောင်သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်ဘက်မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ပြန်လာစဉ် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် (၃၉) လမ်း၊ (၅၁×၅၂) လမ်းကြားအရောက်တွင် အမျိုးသား(၃)ဦးက ဆိုင်ကယ်အရှေ့မှပိတ်ရပ်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားကြောင်း သိရသည်။
ထို့နောက် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဇွန်လ(၂၅)ရက်၊ ညနေ (၄) နာရီအချိန်ခန့်က ခြိမ်းခြောက်လုယက်မှုကျူးလွန်ခဲ့သူများအနက်မှ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်တွင် နေထိုင်သော အသက် (၁၉)နှစ်အရွယ်ရှိ ညီညီထွန်း(ခ)စီစီကို မဟာမြိုင်(၂)ရပ်ကွက်၊ (၆၃x၄၃) လမ်းထောင့်၌ စူပါကပ်အမျိုးအစားဆိုင်ကယ်တစ်စီး၊ ၎င်းဆိုင်ကယ်ခွကြားအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးသိုဝှက်၍ သယ်ဆောင်လာသည့် အရှည် (၃၂) လက်မခန့်ရှိ လွယ်ကြိုးပါကော်သေနတ် အရှည်(အတု) တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ညီညီထွန်း(ခ)စီစီ၏ထွက်ဆိုချက်အရ ၎င်းသည် ဇွန်လ(၂၀)ရက်၊ ညပိုင်းက ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာတွင်နေသော အသက်(၂၅)နှစ်ရှိ စိုးမိုးအောင်(ခ)ဖိုးကျော်၊ ဟာနစ်တို့နှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ HONDA CLICK ဆိုင်ကယ်တစ်စီးအား သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင်တစ်ဆိုင်၌ ပေါင်နှံ၍ ၎င်းတို့သုံးဦးခွဲဝေသုံးစွဲခဲ့ကြောင်း သိရသည်။
ထို့နောက် စိုးမိုးအောင် (ခ) ဖိုးကျော်မှာ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ (၃၇) လမ်း၊ (၇၃x၇၅) လမ်းကြားရှိ “Dream37” တည်းခိုခန်း၌ တည်းခိုနေထိုင်ခဲ့ကြောင်းသိရှိရ၍ စိုးမိုးအောင် (ခ) ဖိုးကျော်အား အဆိုပါတည်းခိုခန်းရှိ အခန်းအမှတ် (၆၀၄၀) အတွင်းမှ အရိုး/ အသွား (၁၃) လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်း၊ ဆိုင်ကယ်တစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး လုယက်ယူဆောင်ခြင်းခံရသည့် ဆိုင်ကယ်အား ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင်မှ ပြန် လည်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
သေနတ်အတုပြ၍ ခြိမ်းခြောက်လုယက်မှုကျူးလွန်သူ(၃)ဦးအနက် ညီညီထွန်း (ခ) စီစီနှင့် စိုးမိုးအောင် (ခ) ဖိုးကျော်တို့(၂)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဖမ်းဆီးရန်ကျန်ရှိသော ပြစ်မှုကျူးလွန်သူဟာနစ်ကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိသူများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ ေသနတ္အတုျဖင့္ ၿခိမ္းေျခာက္လုယက္သူမ်ားအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇြန္ ၂၇
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေသနတ္အတုျဖင့္ၿခိမ္းေျခာက္ကာ လုယက္မႈက်ဴးလြန္သူမ်ားကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္အခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇြန္လ ၂၀ ရက္)၊ ည (၈) နာရီခြဲအခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၂၉)ႏွစ္ရွိ ကိုထက္လင္းေအာင္သည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ (၃) ရပ္ကြက္ဘက္မွ ၎၏ေနအိမ္သို႔ ဆိုင္ကယ္ျဖင့္ တစ္ဦးတည္းေမာင္းႏွင္ျပန္လာစဥ္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္ (၃၉) လမ္း၊ (၅၁×၅၂) လမ္းၾကားအေရာက္တြင္ အမ်ိဳးသား(၃)ဦးက ဆိုင္ကယ္အေရွ႕မွပိတ္ရပ္ကာ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ၿပီး ၎စီးနင္းလာသည့္ ဆိုင္ကယ္အား လုယက္ယူေဆာင္သြားေၾကာင္း သိရသည္။
ထို႔ေနာက္ ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရးေဆာင္႐ြက္ခဲ့ရာ ဇြန္လ(၂၅)ရက္၊ ညေန (၄) နာရီအခ်ိန္ခန႔္က ၿခိမ္းေျခာက္လုယက္မႈက်ဴးလြန္ခဲ့သူမ်ားအနက္မွ မဟာေအာင္ေျမၿမိဳ႕နယ္၊ ေဟမမာလာေတာင္ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္ (၁၉)ႏွစ္အ႐ြယ္ရွိ ညီညီထြန္း(ခ)စီစီကို မဟာၿမိဳင္(၂)ရပ္ကြက္၊ (၆၃x၄၃) လမ္းေထာင့္၌ စူပါကပ္အမ်ိဳးအစားဆိုင္ကယ္တစ္စီး၊ ၎ဆိုင္ကယ္ခြၾကားအတြင္း ဆာလာအိတ္ျဖင့္ ထုပ္ပိုးသိုဝွက္၍ သယ္ေဆာင္လာသည့္ အရွည္ (၃၂) လက္မခန႔္ရွိ လြယ္ႀကိဳးပါေကာ္ေသနတ္ အရွည္(အတု) တစ္လက္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ညီညီထြန္း(ခ)စီစီ၏ထြက္ဆိုခ်က္အရ ၎သည္ ဇြန္လ(၂၀)ရက္၊ ညပိုင္းက ဆားလင္းႀကီးၿမိဳ႕နယ္၊ ေက်ာက္မ်က္ေက်း႐ြာတြင္ေနေသာ အသက္(၂၅)ႏွစ္ရွိ စိုးမိုးေအာင္(ခ)ဖိုးေက်ာ္၊ ဟာနစ္တို႔ႏွင့္အတူ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္တြင္ အမ်ိဳးသားတစ္ဦးထံမွ HONDA CLICK ဆိုင္ကယ္တစ္စီးအား ေသနတ္ျပၿခိမ္းေျခာက္ကာ လုယက္ယူေဆာင္ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ အေပါင္ဆိုင္တစ္ဆိုင္၌ ေပါင္ႏွံ၍ ၎တို႔သုံးဦးခြဲေဝသုံးစြဲခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စိုးမိုးေအာင္ (ခ) ဖိုးေက်ာ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္၊ စၾကၤာႏြယ္စဥ္ရပ္ကြက္၊ (၃၇) လမ္း၊ (၇၃x၇၅) လမ္းၾကားရွိ “Dream37” တည္းခိုခန္း၌ တည္းခိုေနထိုင္ခဲ့ေၾကာင္းသိရွိရ၍ စိုးမိုးေအာင္ (ခ) ဖိုးေက်ာ္အား အဆိုပါတည္းခိုခန္းရွိ အခန္းအမွတ္ (၆၀၄၀) အတြင္းမွ အ႐ိုး/ အသြား (၁၃) လက္မခန႔္ရွိ ဓားဦးခြၽန္တစ္ေခ်ာင္း၊ ဆိုင္ကယ္တစ္စီးႏွင့္အတူဖမ္းဆီးရမိခဲ့ၿပီး လုယက္ယူေဆာင္ျခင္းခံရသည့္ ဆိုင္ကယ္အား ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ အေပါင္ဆိုင္မွ ျပန္ လည္သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ေသနတ္အတုျပ၍ ၿခိမ္းေျခာက္လုယက္မႈက်ဴးလြန္သူ(၃)ဦးအနက္ ညီညီထြန္း (ခ) စီစီႏွင့္ စိုးမိုးေအာင္ (ခ) ဖိုးေက်ာ္တို႔(၂)ဦးကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိၿပီး ဖမ္းဆီးရန္က်န္ရွိေသာ ျပစ္မႈက်ဴးလြန္သူဟာနစ္ကို အျမန္ဆုံးဖမ္းဆီးရမိႏိုင္ေရးႏွင့္ ဖမ္းဆီးရမိသူမ်ားအား တရားဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။