မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့်ချထားပေးသည့် ဧက(၂၂)သိန်းကျော်မှ လုပ်ငန်းမဆောင်ရွက်သော ဧက(၁၅)သိန်းကျော်ကို နိုင်ငံပိုင်ပြန်သိမ်း

 1283

မျိုးကြီး (NP News) - ဇွန် ၂၈
လက်ရှိအချိန်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအသုံးပြုခွင့်အတွက်ဧက (၂၂) သိန်းကျော်ခွင့်ပြုခဲ့သော်လည်း လုပ်ငန်းမဆောင်ရွက်သော မြေဧက (၁၅)သိန်းကျော်ကို နိုင်ငံပိုင်ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီအစည်း အဝေးကို ဇွန်လ ၂၇ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးအချက် အလက်များအရ အထက်ပါကဲ့သို့ သိရခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျစီမံခန့် ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့်မြေများကို ပြန်လည်သိမ်းဆည်းနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

လက်ရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီလက်ထက်တွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ ထောက်ခံတင်ပြမှုအပေါ် လုပ်ငန်းနှင့်သက်ဆိုင်သောပြည်ထောင်စုအ ဆင့် ဝန်ကြီးဌာနများ၏ ထောက်ခံချက်များနှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိကြောင်း သိရသည်။

အသုံးပြုခွင့်ချထားပေးသော လုပ်ငန်းများမှာ စိုက်ပျိုးရေးလုပ်ငန်းအ တွက် မြေဧက ၆ဝဝဝ ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် မြေဧက ၈ဝဝ ကျော်၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက် မြေဧက ၄ဝဝ ခန့်နှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းအတွက် မြေဧက ၃ဝဝဝ ကျော် စုစုပေါင်း မြေဧက ၁၁ဝဝဝ ကျော်ကို အသုံးပြု အမိန့်များထုတ်ပေးခဲ့ကြောင်း သိရသည်။

၁၉၉၁ ခုနှစ်မှ ယနေ့အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်၊ အ သုံးပြုခွင့် ဧက(၂၂)သိန်းကျော်ကို ခွင့်ပြုပေးခဲ့ကြောင်း ဗဟိုကော်မတီက ဆိုသည်။

လက်ရှိ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီလက်ထက်တွင် အသုံးပြုခွင့်ချပေးခဲ့သော မြေဧကများအနက် သတ် မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်မဖော်သော မြေဧက ၂၄ဝဝဝ ကျော်ကို အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ခွင့်ပြုချက်ချပေးထားသော မြေဧက ၂၂ သိန်းကျော်အနက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အတွက် စုစုပေါင်း မြေဧက ၁၅ သိန်းကျော်ကို ပြန်လည်သိမ်း ဆည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

https://npnewsmm.com/news/62ba8e7ec55079722747f3e4

zawgyi version
ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္း အသုံးျပဳခြင့္ခ်ထားေပးသည့္ ဧက(၂၂)သိန္းေက်ာ္မွ လုပ္ငန္းမေဆာင္႐ြက္ေသာ ဧက (၁၅)သိန္းေက်ာ္ကို ႏိုင္ငံပိုင္ျပန္သိမ္း
မ်ိဳးႀကီး (NP News) - ဇြန္ ၂၈

လက္ရွိအခ်ိန္အထိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းအသုံးျပဳခြင့္အတြက္ဧက (၂၂) သိန္းေက်ာ္ခြင့္ျပဳခဲ့ေသာ္လည္း လုပ္ငန္းမေဆာင္႐ြက္ေသာ ေျမဧက (၁၅)သိန္းေက်ာ္ကို ႏိုင္ငံပိုင္ျပန္လည္သိမ္းဆည္းခဲ့ေၾကာင္း သတင္းရရွိသည္။

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန႔္ခြဲေရးဗဟိုေကာ္မတီအစည္း အေဝးကို ဇြန္လ ၂၇ ရက္က ေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနတြင္ က်င္းပခဲ့ၿပီး အဆိုပါအစည္းအေဝးအခ်က္ အလက္မ်ားအရ အထက္ပါကဲ့သို႔ သိရျခင္းျဖစ္သည္။

ႏိုင္ငံတစ္ဝန္းရွိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို စနစ္တက်စီမံခန႔္ ခြဲၿပီး အမွန္တကယ္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ကိုင္လိုသူမ်ား အသုံးခ်ႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ျခင္းမရွိသည့္ေျမမ်ားကို ျပန္လည္သိမ္းဆည္းႏိုင္ေရး စိစစ္ေဆာင္႐ြက္ေနေၾကာင္း ဗဟိုေကာ္မတီဥကၠ႒ဝန္ႀကီး ဦးတင္ထြဋ္ဦးက ေျပာသည္။

လက္ရွိ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားစီမံခန႔္ခြဲေရးဗဟိုေကာ္မတီလက္ထက္တြင္ သက္ဆိုင္ရာ တိုင္းႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ ေထာက္ခံတင္ျပမႈအေပၚ လုပ္ငန္းႏွင့္သက္ဆိုင္ေသာျပည္ေထာင္စုအ ဆင့္ ဝန္ႀကီးဌာနမ်ား၏ ေထာက္ခံခ်က္မ်ားႏွင့္အညီ ခြင့္ျပဳခ်ထားေပးလ်က္ရွိေၾကာင္း သိရသည္။

အသုံးျပဳခြင့္ခ်ထားေပးေသာ လုပ္ငန္းမ်ားမွာ စိုက္ပ်ိဳးေရးလုပ္ငန္းအ တြက္ ေျမဧက ၆ဝဝဝ ေက်ာ္၊ ေမြးျမဴေရးလုပ္ငန္းအတြက္ ေျမဧက ၈ဝဝ ေက်ာ္၊ ဓာတ္သတၱဳထုတ္လုပ္ျခင္းလုပ္ငန္းအတြက္ ေျမဧက ၄ဝဝ ခန႔္ႏွင့္ အစိုးရကခြင့္ျပဳထားေသာ ဥပေဒႏွင့္ညီၫြတ္သည့္ အျခားလုပ္ငန္းအတြက္ ေျမဧက ၃ဝဝဝ ေက်ာ္ စုစုေပါင္း ေျမဧက ၁၁ဝဝဝ ေက်ာ္ကို အသုံးျပဳ အမိန႔္မ်ားထုတ္ေပးခဲ့ေၾကာင္း သိရသည္။

၁၉၉၁ ခုႏွစ္မွ ယေန႔အထိ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္း လုပ္ပိုင္ခြင့္၊ အ သုံးျပဳခြင့္ ဧက(၂၂)သိန္းေက်ာ္ကို ခြင့္ျပဳေပးခဲ့ေၾကာင္း ဗဟိုေကာ္မတီက ဆိုသည္။

လက္ရွိ ေျမလြတ္၊ ေျမလပ္ ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန႔္ခြဲေရးဗဟိုေကာ္မတီလက္ထက္တြင္ အသုံးျပဳခြင့္ခ်ေပးခဲ့ေသာ ေျမဧကမ်ားအနက္ သတ္ မွတ္ကာလအတြင္း လုပ္ငန္းအေကာင္အထည္မေဖာ္ေသာ ေျမဧက ၂၄ဝဝဝ ေက်ာ္ကို အသုံးျပဳခြင့္ ျပန္လည္သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ခြင့္ျပဳခ်က္ခ်ေပးထားေသာ ေျမဧက ၂၂ သိန္းေက်ာ္အနက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ရယူထားၿပီး လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ စုစုေပါင္း ေျမဧက ၁၅ သိန္းေက်ာ္ကို ျပန္လည္သိမ္း ဆည္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

https://npnewsmm.com/news/62ba8e7ec55079722747f3e4

Related news

© 2021. All rights reserved.