ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် BFRAF အဖွဲ့ဝင်(၁၁)ဦးကို ထပ်မံဖမ်းမိ

 3348

NP News - ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းထောင်ဖောက်ခွဲခြင်း ၊ သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့သည့် Burma Final Revolution Armed Force- BFRAF အဖွဲ့ဝင်(၁၁)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကဘက်မှဇွန်လ(၂၈)ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

BFRAF အဖွဲ့ဝင်အား ဦးဆောင်သူတစ်ဦးဖြစ်သည့် ရဲနောင်ထွန်းအပါအ ဝင်(၇)ဦးကို နစကမှ ဇွန်လ(၂၆)က ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်ရာ ၎င်းတို့နှင့်ဆက်စပ်သူ(၁၁)ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၆ ရက်ညပိုင်းတွင် BFRAF အဖွဲ့ဝင်များဖြစ်သည့် ရှုမောင်မောင်အောင်၊ သင်းရနံ့လှိုင်၊ ထက်လင်းနိုင်၊ အေးသီရိမိုး၊ ဝေယံဖြိုး၊ ဇွန်ပွင့်ခင်ဦး၊ ကျော်ဇင်သိန်း၊ ဖြူဖြူသွယ်၊ ကောင်းဆက်သူ၊ ခင်သန္တာလွင်နှင့် ဝေယံမိုးဦး(ခ)ဂျင်မီတို့ ၁၁ ဦးသည် ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်း၌ ပါတီပွဲကျင်းပနေစဉ် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူ(၁၁)ဦးထဲမှ ရှုမောင်မောင်အောင်သည် KLNA တပ်မ ဟာ(၃)နယ်မြေ၌လည်းကောင်း၊ ဝေယံဖြိုး၊ ဝေယံမိုးဦး(ခ)ဂျင်မီနှင့် ခင်သန္တာလွင်တို့သည် တိုက်ကြီးမြို့နယ်အနီးရှိ တောတွင်းတစ်နေရာ၌ လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း (၁)လ တက်ရောက်ခဲ့ကြောင်းနှင့်၎င်းတို့အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွက် ဖောက်ခွဲရေးဖြစ်စဉ်(၂)ခု လုပ်ဆောင်ထားကြောင်း နစကဘက်မှ ဆက်လက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် စုစုပေါင်း (၁၈)ဦးဖမ်ဆီးရမိထားပြီး ၎င်းတို့ထံမှ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈ဝ ကျည် ၅ဝ တောင့်၊ လက် လုပ်မိုင်း ၇၅ လုံး၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံ ၃ ပုံ၊ ၂ ဂါလံဆံ့အက်ဆစ်ပုံ ၂ လုံး၊ Keypad ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

https://npnewsmm.com/news/62bc197f6434f619746c74a7

zawgyi version
ရန္ကုန္တိုင္းအတြင္း ေဖာက္ခြဲဖ်က္ဆီးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့သည့္ BFRAF အဖြဲ႕ဝင္(၁၁)ဦးကို ထပ္မံဖမ္းမိ
NP News - ဇြန္ ၂၉

ရန္ကုန္တိုင္းေဒသႀကီးအတြင္း မိုင္းေထာင္ေဖာက္ခြဲျခင္း ၊ သတ္ျဖတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့သည့္ Burma Final Revolution Armed Force- BFRAF အဖြဲ႕ဝင္(၁၁)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကဘက္မွဇြန္လ(၂၈)ရက္၊ ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

BFRAF အဖြဲ႕ဝင္အား ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ရဲေနာင္ထြန္းအပါအ ဝင္(၇)ဦးကို နစကမွ ဇြန္လ(၂၆)က ဖမ္းဆီးရမိခဲ့ေၾကာင္းထုတ္ျပန္ေၾက ညာခဲ့ၿပီးျဖစ္ရာ ၎တို႔ႏွင့္ဆက္စပ္သူ(၁၁)ဦးကို ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဇြန္လ ၂၆ ရက္ညပိုင္းတြင္ BFRAF အဖြဲ႕ဝင္မ်ားျဖစ္သည့္ ရႈေမာင္ေမာင္ေအာင္၊ သင္းရနံ႔လႈိင္၊ ထက္လင္းႏိုင္၊ ေအးသီရိမိုး၊ ေဝယံၿဖိဳး၊ ဇြန္ပြင့္ခင္ဦး၊ ေက်ာ္ဇင္သိန္း၊ ျဖဴျဖဴသြယ္၊ ေကာင္းဆက္သူ၊ ခင္သႏၲာလြင္ႏွင့္ ေဝယံမိုးဦး(ခ)ဂ်င္မီတို႔ ၁၁ ဦးသည္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ တိုက္ခန္း၌ ပါတီပြဲက်င္းပေနစဥ္ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဖမ္းဆီးရမိသူ(၁၁)ဦးထဲမွ ရႈေမာင္ေမာင္ေအာင္သည္ KLNA တပ္မ ဟာ(၃)နယ္ေျမ၌လည္းေကာင္း၊ ေဝယံၿဖိဳး၊ ေဝယံမိုးဦး(ခ)ဂ်င္မီႏွင့္ ခင္သႏၲာလြင္တို႔သည္ တိုက္ႀကီးၿမိဳ႕နယ္အနီးရွိ ေတာတြင္းတစ္ေနရာ၌ လည္းေကာင္း အၾကမ္းဖက္ေဖာက္ခြဲေရးသင္တန္း (၁)လ တက္ေရာက္ခဲ့ေၾကာင္းႏွင့္၎တို႔အဖြဲ႕သည္ ရန္ကုန္တိုင္းေဒသႀကီးအတြက္ ေဖာက္ခြဲေရးျဖစ္စဥ္(၂)ခု လုပ္ေဆာင္ထားေၾကာင္း နစကဘက္မွ ဆက္လက္ထုတ္ျပန္ထားသည္။

လက္ရွိတြင္ စုစုေပါင္း (၁၈)ဦးဖမ္ဆီးရမိထားၿပီး ၎တို႔ထံမွ Sigsauer ပစၥတို ၁ လက္၊ ၎က်ည္အိမ္ ၁ ခု၊ ပြိဳင့္-၃၈ဝ က်ည္ ၅ဝ ေတာင့္၊ လက္ လုပ္မိုင္း ၇၅ လုံး၊ လမ္းေလွ်ာက္ စကားေျပာစက္ ၂ လုံး၊ ၅ ဂါလံဆံ့အက္ဆစ္ပုံ ၃ ပုံ၊ ၂ ဂါလံဆံ့အက္ဆစ္ပုံ ၂ လုံး၊ Keypad ဖုန္း ၁ လုံး၊ ေဖာက္ခြဲေရးဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

https://npnewsmm.com/news/62bc197f6434f619746c74a7

Picture

Shwe Wah

29/06/2022 19:34

အကြမ်းဘက်သောင်းကျန်းသူများအမြန် ဆုံးကျရှုံးပါစေ။ အဲဒါမှတို.မြန်မာပြည် အေးချမ်းမှာ။

Related news

© 2021. All rights reserved.