အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာထုတ်ယူမှုများ လျင်မြန်စေရန် ယခုလမှစတင်ကာ ဆောင်ရွက်ပေးမည်

1910

ဖူးပြည့် (NP News) - ဇူလိုင် ၉
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူမှုများ လျင်မြန်စေရန်အတွက် ယခုလ (ဇူလိုင်လ) မှစတင်ကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က အသိပေးထုတ်ပြန်လိုက်သည်။ မြန်မာ့စီးပွားရေးဘဏ်များသည် လက်ရှိအချိန်တွင် ပင်စင်လစာများကို တာဝန်ယူထုတ်ပေးလျက်ရှိသည့် ဘဏ်တစ်ခုဖြစ်သည်။
ပင်စင်လစာများကို သက်ဆိုင်ရာဘဏ်ခွဲများတွင် လစဉ်ရုံးဖွင့်ရက် (၂၁)ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန် မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
သို့သော်လည်း အချို့သောဘဏ်ခွဲများတွင် လတစ်လ၏ ပင်စင်လစာကို စတင်ထုတ် ပေးသည့်ရက်ဖြစ်သော ၂၁ ရက် တစ်နေ့တည်းတွင်စုပြုံလာရောက်ထုတ်ယူကြခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီရခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်ရခြင်းတို့ဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၂ဝ၂၂ ခုနှစ် ဇူလိုင်လမှစ၍ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်ပိုင်ပင်စင်လစာထုတ်ယူမှု အဆင်ပြေစေရန်အတွက် ဘဏ်များ တွင် ငွေပေးကောင်တာများတိုးချဲ့စီစဉ်ထားရှိခြင်း၊ ငွေထုတ်ပေးမှုလျင်မြန်စေရန် စီစဉ်ဆောင်ရွက်ခြင်း တို့အား ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း မြန်မာ့စီးပွား ရေးဘဏ်မှ အသိပေးထုတ်ပြန်လိုက်သည်။
ထို့ပြင် ပင်စင်လစာများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါ ငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှထုတ်ယူခြင်းဖြင့်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ Mobile Agent များမှတစ် ဆင့် ထုတ်ယူနိုင်ရန်လည်းကောင်း ဆောင်ရွက်ပေးထားပြီးဖြစ်သည်။
ထို့ကြောင့် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဘဏ်ခွဲများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က နိုင်ငံဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို (၆ဝ)သတ်မှတ်ထားသော် လည်း လက်ရှိ နစကလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို (၆၂) နှစ်အဖြစ် ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာထုတ်ပေးခြင်း လုပ် ငန်းကို ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ဆောင်ရွက်ခဲ့ပြီး ပင်စင်လစာကို လွယ်ကူလျင်မြန်စွာ အချိန်မရွေးထုတ်ယူနိုင်ရန် e-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်းကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လမှ စတင်ဆောင်ရွက်ခဲ့သည်။
၂ဝ၁၉ ခုနှစ်ကထုတ်ပြန်ခဲ့သည့် စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ပင်စင် စားဦးရေ တစ်သန်းကျော်ရှိပြီး နိုင်ငံတော်၏ အခွန်ကောက်ခံရရှိမှု စုစုပေါင်း၏ ၆ ပုံ ၁ ပုံကို ပင်စင်လစာပေးနေရကြောင်း သိရသည်။
https://npnewsmm.com/news/62c968269aa0611d326ddf13

zawgyi version
အၿငိမ္းစားဝန္ထမ္းမ်ား၏ ပင္စင္လစာထုတ္ယူမႈမ်ား လ်င္ျမန္ေစရန္ ယခုလမွစတင္ကာ ေဆာင္႐ြက္ေပးမည္
ဖူးျပည့္ (NP News) - ဇူလိုင္ ၉
ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားမ်ား၏ ပင္စင္လစာမ်ားထုတ္ယူမႈမ်ား လ်င္ျမန္ေစရန္အတြက္ ယခုလ (ဇူလိုင္လ) မွစတင္ကာ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျမန္မာ့စီးပြားေရးဘဏ္က အသိေပးထုတ္ျပန္လိုက္သည္။ ျမန္မာ့စီးပြားေရးဘဏ္မ်ားသည္ လက္ရွိအခ်ိန္တြင္ ပင္စင္လစာမ်ားကို တာဝန္ယူထုတ္ေပးလ်က္ရွိသည့္ ဘဏ္တစ္ခုျဖစ္သည္။
ပင္စင္လစာမ်ားကို သက္ဆိုင္ရာဘဏ္ခြဲမ်ားတြင္ လစဥ္႐ုံးဖြင့္ရက္ (၂၁)ရက္ တစ္ရက္တည္းတြင္သာ စုၿပဳံထုတ္ယူရန္ မလိုအပ္ဘဲ မိမိအဆင္ေျပမည့္ အျခားဘဏ္ဖြင့္သည့္ ရက္မ်ားတြင္လည္း လြယ္ကူအဆင္ေျပစြာထုတ္ယူႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးထားၿပီးျဖစ္သည္။
သို႔ေသာ္လည္း အခ်ိဳ႕ေသာဘဏ္ခြဲမ်ားတြင္ လတစ္လ၏ ပင္စင္လစာကို စတင္ထုတ္ ေပးသည့္ရက္ျဖစ္ေသာ ၂၁ ရက္ တစ္ေန႔တည္းတြင္စုၿပဳံလာေရာက္ထုတ္ယူၾကျခင္းေၾကာင့္ လူစုလူေဝးျဖစ္ေပၚျခင္း၊ ရွည္လ်ားစြာတန္းစီရျခင္း၊ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္ရျခင္းတို႔ျဖစ္ေပၚေနေၾကာင္း စိစစ္ေတြ႕ရွိရသည့္အတြက္ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လမွစ၍ ျမန္မာ့စီးပြားေရးဘဏ္တြင္ ကိုယ္ပိုင္ပင္စင္လစာထုတ္ယူမႈ အဆင္ေျပေစရန္အတြက္ ဘဏ္မ်ား တြင္ ေငြေပးေကာင္တာမ်ားတိုးခ်ဲ႕စီစဥ္ထားရွိျခင္း၊ ေငြထုတ္ေပးမႈလ်င္ျမန္ေစရန္ စီစဥ္ေဆာင္႐ြက္ျခင္း တို႔အား ေဆာင္႐ြက္ထားရွိမည္ျဖစ္ေၾကာင္း ျမန္မာ့စီးပြား ေရးဘဏ္မွ အသိေပးထုတ္ျပန္လိုက္သည္။
ထို႔ျပင္ ပင္စင္လစာမ်ားကို ဘဏ္တြင္ေငြစာရင္းဖြင့္လွစ္ထည့္သြင္း၍ လိုအပ္ခ်ိန္တြင္ အဆိုပါ ေငြစာရင္းမွ ထုတ္ယူျခင္းျဖင့္လည္းေကာင္း၊ ATM စာရင္းဖြင့္လွစ္၍ ATM စက္မ်ားမွထုတ္ယူျခင္းျဖင့္လည္းေကာင္း၊ Myanmar Mobile Money (MMM) စနစ္ႏွင့္ Wave Money စနစ္တို႔ကို အသုံးျပဳ၍လည္းေကာင္း နီးစပ္ရာ Mobile Agent မ်ားမွတစ္ ဆင့္ ထုတ္ယူႏိုင္ရန္လည္းေကာင္း ေဆာင္႐ြက္ေပးထားၿပီးျဖစ္သည္။
ထို႔ေၾကာင့္ ႏိုင္ငံဝန္ထမ္းအၿငိမ္းစားမ်ား၏ ပင္စင္လစာထုတ္ယူမႈ အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ သက္ဆိုင္ရာဘဏ္ခြဲမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က ႏိုင္ငံဝန္ထမ္းမ်ား အၿငိမ္းစားယူရမည့္ အသက္ကို (၆ဝ)သတ္မွတ္ထားေသာ္ လည္း လက္ရွိ နစကလက္ထက္တြင္ ႏိုင္ငံ့ဝန္ထမ္းမ်ား အၿငိမ္းစားယူရမည့္အသက္ကို (၆၂) ႏွစ္အျဖစ္ ၂ဝ၂၂ ခုႏွစ္ မတ္လ ၃၁ ရက္တြင္ ေျပာင္းလဲသတ္မွတ္ခဲ့သည္။
ျမန္မာ့စီးပြားေရးဘဏ္သည္ အၿငိမ္းစားဝန္ထမ္းမ်ားသို႔ ပင္စင္လစာထုတ္ေပးျခင္း လုပ္ ငန္းကို ၁၉၇၂ ခုႏွစ္ ေအာက္တိုဘာလ ၁ ရက္မွစတင္ေဆာင္႐ြက္ခဲ့ၿပီး ပင္စင္လစာကို လြယ္ကူလ်င္ျမန္စြာ အခ်ိန္မေ႐ြးထုတ္ယူႏိုင္ရန္ e-Pension စနစ္ျဖင့္ အၿငိမ္းစားလစာထုတ္ေပးျခင္းလုပ္ငန္းကို ၂ဝ၁၂ ခုႏွစ္၊ ၾသဂုတ္လမွ စတင္ေဆာင္႐ြက္ခဲ့သည္။
၂ဝ၁၉ ခုႏွစ္ကထုတ္ျပန္ခဲ့သည့္ စာရင္းအခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ ပင္စင္ စားဦးေရ တစ္သန္းေက်ာ္ရွိၿပီး ႏိုင္ငံေတာ္၏ အခြန္ေကာက္ခံရရွိမႈ စုစုေပါင္း၏ ၆ ပုံ ၁ ပုံကို ပင္စင္လစာေပးေနရေၾကာင္း သိရသည္။
https://npnewsmm.com/news/62c968269aa0611d326ddf13