အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယား ဘုရားဖူးရာသီအတွင်း ရေကြီးမှုကြောင့် လူအများအပြားသေဆုံးပြီး၊ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

1032

ရောင်နီ (NP News) - ဇူလိုင် ၉
အိန္ဒိယနိုင်ငံ အုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားရှိ Amarnath ဂူဘုရားကျောင်းရဲ့ နှစ်စဉ် ဟိန္ဒူဘုရားဖူး ခရီးစဉ်အတွင်း ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ဟိန္ဒူဘာသာဝင်များ ကြည်ညိုလေးစားတဲ့ ဂူဘုရားကျောင်းအနီးမှာ ဇူလိုင်လ ၈ ရက် သောကြာနေ့က မိုးတိမ် တောင်များ ပြိုကျသည်းထန်စွာမိုးရွာခြင်းကြောင့် ရေတံတိုင်းနံရံတစ်ခုပြိုကျခဲ့ပြီး စခန်းနှစ်ဒါဇင်ခန့် မျောပါသွားခဲ့ ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် ပျောက်ဆုံးနေသူအများအပြားကို အရေးပေါ်လုပ်သားများက ရှာဖွေနေကြောင်း၊ အခုအချိန် အထိ ရုပ်အလောင်း ၁၆ လောင်း တွေ့ရှိပြီး အနည်းဆုံး ၄ဝ လောက် ပျောက်ဆုံးနေကြောင်း ပြည်နယ် သဘာဝဘေး အန္တရာယ်တုံ့ပြန်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး ပျောက်ဆုံးနေပြီး ဒဏ်ရာရသူတွေကို ရှာဖွေနေပါ တယ်” လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာမိုဒီ က ဝမ်းနည်းကြေကွဲကြောင်း တွစ်တာပို့စ်တစ်ခုနဲ့အတူ ဖော်ပြခဲ့ပါတယ်။ Amarnath ဘုရားဖူးခရီးစဉ်ကာလဟာ ဇွန်လ ၃ဝ ရက်နေ့မှ စတင်ခဲ့ပြီး သောင်းနဲ့ချီတဲ့ ဘုရားဖူးများ ဟိန္ဒူ ဘာသာဝင်များကိုးကွယ်တဲ့ Lingam ဂူဗိမာန်သို့ လာရောက်လည်ပတ်ကြပြီး သဘာဝအတိုင်း ဖွဲ့စည်းထားတဲ့ ရေခဲ ပုံပန်းပုံပန်းဆွဲ၊ ဟိန္ဒူနတ်ဘုရား သီဝရဲ့ လူ့ဇာတိခံယူခြင်း ရာဇဝင်အရ Lingam ကိုးကွယ်ကြပါတယ်။
အိန္ဒိယတစ်ဝန်းမှ သိန်းနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်များဟာ အဆိုပါ ၄၅ ရက်ကြာ ဘုရားဖူးခရီးစဉ်မှာ ပါဝင်ခဲ့ကြပြီး လာမယ့် ၄၃ ရက်အတွင်း ဘုရားဖူးခရီးစဉ်မှာ လူတစ်သန်းခန့် ပါဝင်လာမယ်လို့ အာဏာပိုင်များက မျှော်လင့်ထားပါ တယ်။
လွန်ခဲ့တဲ့နှစ်တွေက အေးခဲတဲ့တောင်များကိုဖြတ်ကာ ဘုရားဖူးခရီးသွားစဉ် ရာနဲ့ချီသော ဘုရားဖူးများ ပင်ပန်း နွမ်းနယ်မှုနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်တို့ကြောင့် သေဆုံးခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ လူပေါင်း ၂၅ဝ ထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဆိုပါ ဘုရားဖူးခရီးစဉ်ဟာ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။
https://www.aljazeera.com/news/2022/7/8/at-least-10-killed-in-floods-during-pilgrimage-in-kashmir?sf167316001=1

Zawgyi Version;
အိႏၵိယႏိုင္ငံ၊ ကက္ရွ္မီးယား ဘုရားဖူးရာသီအတြင္း ေရႀကီးမႈေၾကာင့္ လူအမ်ားအျပားေသဆုံးၿပီး၊ ဒါဇင္နဲ႔ခ်ီ ေပ်ာက္ဆုံးေန
ေရာင္နီ (NP News) - ဇူလိုင္ ၉
အိႏၵိယႏိုင္ငံ အုပ္ခ်ဳပ္ခြင့္ရ ကက္ရွ္မီးယားရွိ Amarnath ဂူဘုရားေက်ာင္းရဲ႕ ႏွစ္စဥ္ ဟိႏၵဴဘုရားဖူး ခရီးစဥ္အတြင္း ႐ုတ္တရက္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူ ၁၆ ဦးထက္မနည္းေသဆုံးၿပီး ဒါဇင္မ်ားစြာ ေပ်ာက္ဆုံးေန ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။
ဟိႏၵဴဘာသာဝင္မ်ား ၾကည္ညိဳေလးစားတဲ့ ဂူဘုရားေက်ာင္းအနီးမွာ ဇူလိုင္လ ၈ ရက္ ေသာၾကာေန႔က မိုးတိမ္ ေတာင္မ်ား ၿပိဳက်သည္းထန္စြာမိုး႐ြာျခင္းေၾကာင့္ ေရတံတိုင္းနံရံတစ္ခုၿပိဳက်ခဲ့ၿပီး စခန္းႏွစ္ဒါဇင္ခန႔္ ေမ်ာပါသြားခဲ့ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။
မိုး႐ြာသြန္းမႈေၾကာင့္ ေပ်ာက္ဆုံးေနသူအမ်ားအျပားကို အေရးေပၚလုပ္သားမ်ားက ရွာေဖြေနေၾကာင္း၊ အခုအခ်ိန္ အထိ ႐ုပ္အေလာင္း ၁၆ ေလာင္း ေတြ႕ရွိၿပီး အနည္းဆုံး ၄ဝ ေလာက္ ေပ်ာက္ဆုံးေနေၾကာင္း ျပည္နယ္ သဘာဝေဘး အႏၲရာယ္တုံ႔ျပန္ေရးေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
“လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြအားလုံး ေပ်ာက္ဆုံးေနၿပီး ဒဏ္ရာရသူေတြကို ရွာေဖြေနပါ တယ္” လို႔ အမည္မေဖာ္လိုသူ အရာရွိတစ္ဦးက ဆိုပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္ နာရမ္ဒရာမိုဒီ က ဝမ္းနည္းေၾကကြဲေၾကာင္း တြစ္တာပို႔စ္တစ္ခုနဲ႔အတူ ေဖာ္ျပခဲ့ပါတယ္။ Amarnath ဘုရားဖူးခရီးစဥ္ကာလဟာ ဇြန္လ ၃ဝ ရက္ေန႔မွ စတင္ခဲ့ၿပီး ေသာင္းနဲ႔ခ်ီတဲ့ ဘုရားဖူးမ်ား ဟိႏၵဴ ဘာသာဝင္မ်ားကိုးကြယ္တဲ့ Lingam ဂူဗိမာန္သို႔ လာေရာက္လည္ပတ္ၾကၿပီး သဘာဝအတိုင္း ဖြဲ႕စည္းထားတဲ့ ေရခဲ ပုံပန္းပုံပန္းဆြဲ၊ ဟိႏၵဴနတ္ဘုရား သီဝရဲ႕ လူ႔ဇာတိခံယူျခင္း ရာဇဝင္အရ Lingam ကိုးကြယ္ၾကပါတယ္။
အိႏၵိယတစ္ဝန္းမွ သိန္းနဲ႔ခ်ီတဲ့ ဟိႏၵဴဘာသာဝင္မ်ားဟာ အဆိုပါ ၄၅ ရက္ၾကာ ဘုရားဖူးခရီးစဥ္မွာ ပါဝင္ခဲ့ၾကၿပီး လာမယ့္ ၄၃ ရက္အတြင္း ဘုရားဖူးခရီးစဥ္မွာ လူတစ္သန္းခန႔္ ပါဝင္လာမယ္လို႔ အာဏာပိုင္မ်ားက ေမွ်ာ္လင့္ထားပါ တယ္။
လြန္ခဲ့တဲ့ႏွစ္ေတြက ေအးခဲတဲ့ေတာင္မ်ားကိုျဖတ္ကာ ဘုရားဖူးခရီးသြားစဥ္ ရာနဲ႔ခ်ီေသာ ဘုရားဖူးမ်ား ပင္ပန္း ႏြမ္းနယ္မႈနဲ႔ ၾကမ္းတမ္းတဲ့ ရာသီဥတုဒဏ္တို႔ေၾကာင့္ ေသဆုံးခဲ့ရၿပီး ၁၉၉၆ ခုႏွစ္မွာ လူေပါင္း ၂၅ဝ ထက္မနည္း ေသဆုံးခဲ့ရပါတယ္။
အဆိုပါ ဘုရားဖူးခရီးစဥ္ဟာ ၾသဂုတ္လ ၁၁ ရက္ေန႔မွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။
https://www.aljazeera.com/news/2022/7/8/at-least-10-killed-in-floods-during-pilgrimage-in-kashmir?sf167316001=1