လယ်ယာသုံး စက်ကိရိယာများ ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ရေး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမည်

 728

ဖူးပြည့် (NP News) - ဇူလိုင် ၁ဝ
လယ်ယာလုပ်သားရှားပါးလာမှု နှင့် ရာသီဥတုပြောင်းလဲလာမှုတို့ကြောင့် ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးသည်လည်း လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း)သို့ သွားရောက်စဉ် ယခု ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု နဲ့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေကို မိမိတို့ဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့လည်း အရည်အသွေးပြည့်ဝတဲ့ လယ်ယာသုံးစက်ကိရိ ယာတွေကို တောင်သူတွေ လက်လှမ်းတမီ သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ၂ဝ၂၂ ခုနှစ် မေလကုန်အထိ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၈၈၁ သန်းရှိပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၄၇၃ သန်းအပါအဝင် ငွေကျပ် ၉၈ ဒသမ ၅၅ဝ ဘီလျံရှိကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိ ကအသုံးပြုသည့် လယ်ယာ သုံးစက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံစက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရန် တောင်သူတစ်ဦးချင်းကို ငွေကျပ်သိန်း ၇ဝဝ ထိ ထုတ်ချေးလျက်ရှိပြီး ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြို့နယ် ၁၈၇ ခုမှ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလျံထုတ်ချေးပေးထားပြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင် လယ်ယာသုံး စက်ကိရိယာသင်တန်းကျောင်းများတွင် စက်မှုလက်မှု အထက် တန်းအောင်မြင် ပြီးသူများ၊ အခြေခံ ပညာအထက်တန်းသင်ယူပြီးဆုံးသူများကို နိုင်ငံ တကာအသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်သူများ အများအပြား မွေးထုတ်ပေးနိုင်ရေးနှင့် အရည်အချင်းပြည့်မီသူများကို အစိုးရနည်းပညာ သိပ္ပံနှင့် ဘွဲ့ကြိုသင်တန်းများသို့ပေါင်းကူး သင်ယူနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။

https://npnewsmm.com/news/62ca97612d0e7f3fcb208874

zawgyi version
လယ္ယာသုံး စက္ကိရိယာမ်ား ပိုမိုတြင္က်ယ္စြာ အသုံးျပဳႏိုင္ေရး ျပည္တြင္း၊ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚသြားမည္
ဖူးျပည့္ (NP News) - ဇူလိုင္ ၁ဝ

လယ္ယာလုပ္သားရွားပါးလာမႈ ႏွင့္ ရာသီဥတုေျပာင္းလဲလာမႈတို႔ေၾကာင့္ ရာသီအခ်ိန္မီ စိုက္ပ်ိဳးထုတ္လုပ္ႏိုင္ရန္ လယ္ယာသုံး စက္ကိရိယာမ်ား တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏိုင္ေရးသည္လည္း လိုအပ္လ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက ေျပာသည္။

ျပည္ေထာင္စုဝန္ႀကီးက ဇူလိုင္လ ၉ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး ၊ ေက်ာက္ဆည္ၿမိဳ႕နယ္ရွိ ျမန္မာ့လယ္ယာသုံး စက္ကိရိယာစက္႐ုံ(အင္းကုန္း)သို႔ သြားေရာက္စဥ္ ယခု ကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဒီလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔အတြက္ ျပည္တြင္း ပုဂၢလိက ရင္းႏွီးျမဳပ္ႏွံမႈ နဲ႔ ျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈေတြကို မိမိတို႔ဝန္ႀကီးဌာနက အားေပးေဆာင္႐ြက္လ်က္ရွိပါတယ္။ ပုဂၢလိကလုပ္ငန္းရွင္ေတြအေနနဲ႔လည္း အရည္အေသြးျပည့္ဝတဲ့ လယ္ယာသုံးစက္ကိရိ ယာေတြကို ေတာင္သူေတြ လက္လွမ္းတမီ သုံးစြဲႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကဖို႔လိုပါတယ္”ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ ၂ဝ၂၂ ခုႏွစ္ ေမလကုန္အထိ ဝင္ေရာက္ထားသည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ အေမရိကန္ေဒၚလာ ၄၄၆ ဒသမ ၈၈၁ သန္းရွိၿပီး ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈသည္ အေမရိကန္ေဒၚလာ ၆၉ ဒသမ ၄၇၃ သန္းအပါအဝင္ ေငြက်ပ္ ၉၈ ဒသမ ၅၅ဝ ဘီလ်ံရွိေၾကာင္း သိရသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနကလည္း လယ္ယာကုန္ထုတ္လုပ္ငန္းမ်ားတြင္ အဓိ ကအသုံးျပဳသည့္ လယ္ယာ သုံးစက္ကိရိယာမ်ားႏွင့္ လယ္ယာစီးပြားအေျခခံစက္႐ုံ၊ အလုပ္႐ုံမ်ား တည္ေဆာက္ႏိုင္ရန္ ေတာင္သူတစ္ဦးခ်င္းကို ေငြက်ပ္သိန္း ၇ဝဝ ထိ ထုတ္ေခ်းလ်က္ရွိၿပီး ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ ၿမိဳ႕နယ္ ၁၈၇ ခုမွ ေတာင္သူ ၅၅၇၆ ဦးသို႔ ေခ်းေငြက်ပ္ ၂၂၉ ဒသမ ၉၇၉ ဘီလ်ံထုတ္ေခ်းေပးထားၿပီးျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ လယ္ယာသုံး စက္ကိရိယာသင္တန္းေက်ာင္းမ်ားတြင္ စက္မႈလက္မႈ အထက္ တန္းေအာင္ျမင္ ၿပီးသူမ်ား၊ အေျခခံ ပညာအထက္တန္းသင္ယူၿပီးဆုံးသူမ်ားကို ႏိုင္ငံ တကာအသိအမွတ္ျပဳ လက္မွတ္ရ ကြၽမ္းက်င္သူမ်ား အမ်ားအျပား ေမြးထုတ္ေပးႏိုင္ေရးႏွင့္ အရည္အခ်င္းျပည့္မီသူမ်ားကို အစိုးရနည္းပညာ သိပၸံႏွင့္ ဘြဲ႕ႀကိဳသင္တန္းမ်ားသို႔ေပါင္းကူး သင္ယူႏိုင္ေရး ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

https://npnewsmm.com/news/62ca97612d0e7f3fcb208874

© 2021. All rights reserved.