သမ္မတနဲ့ ဝန်ကြီးချုပ်တို့ နုတ်ထွက်သွားချိန်အထိ သမ္မတအိမ်တော်နဲ့ ဝန်ကြီးချုပ်အိမ်ထဲမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ဆန္ဒပြအုပ်စု‌တွေ ပြောဆို

 764

ဂျန်ဇက် (NP News) - ဇူလိုင် ၁၁
သီရိလင်္ကာနိုင်ငံရှိ ဆန္ဒပြအုပ်စုခေါင်းဆောင်များက သမ္မတနဲ့ ဝန်ကြီးချုပ်တို့ ရာထူးက အမှန်တကယ် နုတ်ထွက်ချိန်အထိ သမ္မတအိမ်တော် နဲ့ ဝန်ကြီးချုပ်အိမ်တို့ကို ဆက်လက်သိမ်းပိုက်ထားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းများဖြစ်ပေါ်ခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က သီရိလင်္ကာသမ္မတရဲ့အိမ်နားမှာ ဆန္ဒပြပြီး သမ္မတအိမ်တော်ကိုသိမ်းပိုက်ခဲ့ရာ သမ္မတရာဂျာပက်ဆာ ထွက်ပြေးခဲ့ရပါတယ်။

သမ္မတဟာ စစ်တပ်အကူညီနဲ့ထွက်ပြေးခဲ့ရပြီးနောက် ဇူလိုင် ၁၃ ရက်နေ့မှာ ရာထူးကနှုတ်ထွက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ဆန္ဒပြအုပ်စုဟာ အဲဒီရက်တစ်ရက်တည်းမှာပဲ ဝန်ကြီးချုပ်ရဲ့အိမ်ကို မီးရှို့ဖျက်ဆီးကာ သိမ်းပိုက်ခဲ့ကြပါတယ်။ သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်နဲ့ သမ္မတတို့ဟာ ဇူလိုင် ၁၃ ရက်နေ့မှာ ရာထူးကနှုတ်ထွက်ပေးဖို့သဘောတူညီခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပြဇာတ်ရေးဆရာတစ်ဦးဖြစ်သူက " သမ္မတ၊ ဝန်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ပေးရမယ်။ ဆန္ဒပြအုပ်စုတွေဟာ ဝန်ကြီးချုပ်နဲ့ သမ္မတတို့ရာထူးက နုတ်ထွက်သွားချိန်အထိ သူတို့အိမ်တွေကနေ ထွက်ခွာမှမဟုတ်သေးဘူး" လို့ ပြောပါတယ်။

ထောင်နဲ့ချီတဲ့ ဆန္ဒပြအုပ်စုတွေဟာ ဇူလိုင် ၉ ရက်နေ့က သမ္မတနဲ့ ဝန်ကြီးချုပ်အိမ်တော်များကို စီးနင်းဝင်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၁ဝ ရက်နေ့က သီရိလင်္ကာမြို့တော် ကိုလံဘိုမြို့ရှိလမ်းများမှာ တည်ငြိမ်အေးချမ်းနေခဲ့တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ သမ္မတအိမ်တော်နားမှာ ရိုင်ဖယ်သေနတ်များကိုင်ဆောင်ကာစောင့်ကြည့်နေပေမယ့် ပြည်သူများ သမ္မတအိမ်တော်အတွင်း သွားလာခြင်းကို ရပ်တန့်ခြင်းမျိုးမရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

သမ္မတအိမ်တော်ထဲကို စီးနင်းဝင်ရောက်ခဲ့သူများထဲမှာပါဝင်တဲ့ အသက် ၆၁ နှစ်အရွယ်ရှိ လက်ကိုင်ပုဝါရောင်းသူတစ်ဦးက "ကျွန်တော့်ဘဝရဲ့တစ်သက်မှာ သမ္မတအိမ်တော်အတွင်းတွေ့ရှိခဲ့တဲ့ ပစ္စည်းမျိုးတွေ တစ်ခါမှမတွေ့ခဲ့ဘူး။ ကျွန်တော်တို့ပြည်သူတွေ နာကျင်ခံစားနေရချိန်မှာ သမ္မတကတော့ အိမ်တော်ထဲမှာ ဇိမ်ခံပစ္စည်းအကောင်းစားတွေနဲ့ ပျော်ရွှင်နေခဲ့တယ်" လို့ပြောပါတယ်။

ဆန္ဒပြအုပ်စုတွေဟာ သမ္မတအိမ်တော်အတွင်းမှာပျော်ရွှင််နေကြပြီး အချို့က အိမ်တော် ရေကူးကန်ထဲမှာ ရေးကူးနေတယ်လို့ သိရပါတယ်။

https://www.channelnewsasia.com/asia/sri-lanka-protesters-presidential-palace-gotabaya-rajapaksa-resign-2800091

သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ႏုတ္ထြက္သြားခ်ိန္အထိ သမၼတအိမ္ေတာ္နဲ႔ ဝန္ႀကီးခ်ဳပ္အိမ္ထဲမွာ ဆက္ရွိေနမွာျဖစ္တယ္လို႔ ဆႏၵျပအုပ္စု‌ေတြ ေျပာဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၁
သီရိလကၤာႏိုင္ငံရွိ ဆႏၵျပအုပ္စုေခါင္းေဆာင္မ်ားက သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ရာထူးက အမွန္တကယ္ ႏုတ္ထြက္ခ်ိန္အထိ သမၼတအိမ္ေတာ္ နဲ႔ ဝန္ႀကီးခ်ဳပ္အိမ္တို႔ကို ဆက္လက္သိမ္းပိုက္ထားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သီရိလကၤာႏိုင္ငံမွာ စီးပြားေရးအက်ပ္အတည္းမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၉ ရက္ေန႔က သီရိလကၤာသမၼတရဲ႕အိမ္နားမွာ ဆႏၵျပၿပီး သမၼတအိမ္ေတာ္ကိုသိမ္းပိုက္ခဲ့ရာ သမၼတရာဂ်ာပက္ဆာ ထြက္ေျပးခဲ့ရပါတယ္။

သမၼတဟာ စစ္တပ္အကူညီနဲ႔ထြက္ေျပးခဲ့ရၿပီးေနာက္ ဇူလိုင္ ၁၃ ရက္ေန႔မွာ ရာထူးကႏႈတ္ထြက္ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ဆႏၵျပအုပ္စုဟာ အဲဒီရက္တစ္ရက္တည္းမွာပဲ ဝန္ႀကီးခ်ဳပ္ရဲ႕အိမ္ကို မီးရႈိ႕ဖ်က္ဆီးကာ သိမ္းပိုက္ခဲ့ၾကပါတယ္။ သီရိလကၤာလႊတ္ေတာ္ဥကၠ႒က ဝန္ႀကီးခ်ဳပ္နဲ႔ သမၼတတို႔ဟာ ဇူလိုင္ ၁၃ ရက္ေန႔မွာ ရာထူးကႏႈတ္ထြက္ေပးဖို႔သေဘာတူညီခဲ့တယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ ဆႏၵျပေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ျပဇာတ္ေရးဆရာတစ္ဦးျဖစ္သူက " သမၼတ၊ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရတစ္ဖြဲ႕လုံး ႏႈတ္ထြက္ေပးရမယ္။ ဆႏၵျပအုပ္စုေတြဟာ ဝန္ႀကီးခ်ဳပ္နဲ႔ သမၼတတို႔ရာထူးက ႏုတ္ထြက္သြားခ်ိန္အထိ သူတို႔အိမ္ေတြကေန ထြက္ခြာမွမဟုတ္ေသးဘူး" လို႔ ေျပာပါတယ္။

ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပအုပ္စုေတြဟာ ဇူလိုင္ ၉ ရက္ေန႔က သမၼတနဲ႔ ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မ်ားကို စီးနင္းဝင္ေရာက္ခဲ့ၿပီးေနာက္ ဇူလိုင္ ၁ဝ ရက္ေန႔က သီရိလကၤာၿမိဳ႕ေတာ္ ကိုလံဘိုၿမိဳ႕ရွိလမ္းမ်ားမွာ တည္ၿငိမ္ေအးခ်မ္းေနခဲ့တယ္လို႔ သိရပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားဟာ သမၼတအိမ္ေတာ္နားမွာ ႐ိုင္ဖယ္ေသနတ္မ်ားကိုင္ေဆာင္ကာေစာင့္ၾကည့္ေနေပမယ့္ ျပည္သူမ်ား သမၼတအိမ္ေတာ္အတြင္း သြားလာျခင္းကို ရပ္တန႔္ျခင္းမ်ိဳးမရွိေၾကာင္း သတင္းေတြက ေဖာ္ျပထားပါတယ္။

သမၼတအိမ္ေတာ္ထဲကို စီးနင္းဝင္ေရာက္ခဲ့သူမ်ားထဲမွာပါဝင္တဲ့ အသက္ ၆၁ ႏွစ္အ႐ြယ္ရွိ လက္ကိုင္ပုဝါေရာင္းသူတစ္ဦးက "ကြၽန္ေတာ့္ဘဝရဲ႕တစ္သက္မွာ သမၼတအိမ္ေတာ္အတြင္းေတြ႕ရွိခဲ့တဲ့ ပစၥည္းမ်ိဳးေတြ တစ္ခါမွမေတြ႕ခဲ့ဘူး။ ကြၽန္ေတာ္တို႔ျပည္သူေတြ နာက်င္ခံစားေနရခ်ိန္မွာ သမၼတကေတာ့ အိမ္ေတာ္ထဲမွာ ဇိမ္ခံပစၥည္းအေကာင္းစားေတြနဲ႔ ေပ်ာ္႐ႊင္ေနခဲ့တယ္" လို႔ေျပာပါတယ္။

ဆႏၵျပအုပ္စုေတြဟာ သမၼတအိမ္ေတာ္အတြင္းမွာေပ်ာ္႐ႊင္္ေနၾကၿပီး အခ်ိဳ႕က အိမ္ေတာ္ ေရကူးကန္ထဲမွာ ေရးကူးေနတယ္လို႔ သိရပါတယ္။

https://www.channelnewsasia.com/asia/sri-lanka-protesters-presidential-palace-gotabaya-rajapaksa-resign-2800091

Picture

Kyaw Kyaw

11/07/2022 13:17

ငပြႀကီးေက်ာေထာက္ေနာက္ခံျပဳထားတဲ့ သမတ ျပဳတ္က် သြားတာ ေက်နပ္ပါတယ္။ ကမ္ဘာႀကီးတခုလံုးကိုပတ္ေမႊ ေနတဲ့ ငပြႀကီး သူနဲ႔လက္တြဲ လိုက္တဲ့ ဘယ္ႏိူင္ငံ မဆို အဆံုးနိဂံုး မေကာင္းပဲ အားလံုးက်ဆံုးက်တာပါပဲ ။ ငပြ ႀကီး စြပ္ဖက္တဲ့ တိုက္ပြဲတိုင္းဟာ အရံႈး ေတြနဲ႔ပဲ နိဂံုး ခ်ဳပ္ က်ပါတယ္ ။ ျမန္မာျပည္မွာလည္း ျဖဳတ္ဦးေႏွာက္ နဲ႔ ငပြ ႀကီး ႀကိဳးဆြဲရာ ကေန ၾကတဲ့ သူေတြ အတြက္ လက္ေတြ႕ က် တဲ့ အေကာင္း သင္ခန္းစာေတြပါ ။ ကိုယ့္ကိုကိုယ္ သာ အားကိုးရာပါ ။

Related news

© 2021. All rights reserved.