ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ နေကြာဆီအပါအဝင် ဆီထုတ်လုပ်သည့် လုပ်ငန်းများအား ချေးငွေထုတ်ချေးမည်

1071

ဟိန်း (NP News) - ဇူလိုင် ၁၆
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ချနိုင်ရန် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ရမည်ဖြစ်သည့်အတွက် နေကြာဆီ အပါအဝင် ဆီထုတ်လုပ်သည့် လုပ်ငန်းများအား ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းမှ သိရသည်။
ဆီစက်များအား အဆင့်မြှင့်တင်ခြင်း၊ မွန်းမံခြင်းအတွက် ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း၊ ဆီဆက်အသစ်များ တည်ဆောက်မည်ဆိုပါကလည်း ချေးငွေလျောက်ထားနိုင်မည်ဖြစ်ကြောင်း၊ နေကြာဆီထုတ်လုပ်ခြင်းအတွက် ဆီစက်အသစ်များတည်ဆောက်လျှင်လည်း ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက ဆိုသည်။
ပြည်တွင်း၌ နှစ်စဉ် ဆီတန်ချိန်(၁)သန်းခန့် လိုအပ်မှုကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း ဆီလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးနှင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှုနှင့် သုံးစွဲမှုအပေါ်အခြေခံပြီး ပြည်ပဆီတင်သွင်းမှုလျှော့ချရန် စီမံ ဆောင်ရွက်လျက်ရှိကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် ချေးငွေထုတ်ချေးခြင်းကို စိစစ်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီဖြစ်ကြောင်း၊ ရာသီချိန် အလိုက် စိုက်ပျိုးသည့် သီးနှံများအား ကြိတ်ခွဲထုတ်လုပ်မည်ဖြစ်သည့်အတွက် ရာသီချိန်အမှီ လုပ်ဆောင် ပေးမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ ကြိတ်စက်များအပြင် ကြိတ်ပြီးသားများအား ပြန်လည်သန့်စင်သည့်စက်များကိုပါ ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နစကအစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ပြည်ထောင်စုဝန်ကြီး (၅)ဦး ပါဝင်သော ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရာသီ တစ်ရာသီ၊ နှစ်ရာသီအတွင်း စားသုံးဆီ သိသိ သာသာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်သီးနှံ နေကြာ ဧက(၁၅)သိန်း တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း ဇူလိုင်လ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အပြင် ဆီထွက်နေကြာတိုးတက်စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဆီထွက်သီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ် အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် ကျပ်(၁၅ဝဝဝဝ) ချေးငွေ အဖြစ် ပံ့ပိုးပေးခြင်းအပြင် နေကြာ မျိုးစေ့ထုတ်လုပ်သူအတွက် ကျပ်(၈ဝဝဝဝ)တိုးမြှင့် ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု စာရင်းများအရ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံး၌ ဆီစက် အကြီးစား(၂၃ဝ)ကျော် ၊ ဆီစက် အလတ်စား (၉၂ဝ)ကျော် ၊ ဆီစက်ငယ် (၃၁ဝဝ)ကျော် ရှိကြောင်းသိရသည်။

Zawgyi Version;
ျပည္ပမွ စားအုန္းဆီတင္သြင္းမႈေလ်ာ့ခ်ႏိုင္ရန္အတြက္ ျပည္တြင္းရွိ ေနၾကာဆီအပါအဝင္ ဆီထုတ္လုပ္သည့္ လုပ္ငန္းမ်ားအား ေခ်းေငြထုတ္ေခ်းမည္
ဟိန္း (NP News) - ဇူလိုင္ ၁၆
ျပည္ပမွ စားအုန္းဆီတင္သြင္းမႈေလ်ာ့ခ်ႏိုင္ရန္ ျပည္တြင္းထုတ္လုပ္မႈကို တိုးျမႇင့္ရမည္ျဖစ္သည့္အတြက္ ေနၾကာဆီ အပါအဝင္ ဆီထုတ္လုပ္သည့္ လုပ္ငန္းမ်ားအား ေခ်းေငြထုတ္ေခ်းမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ား အသင္းမွ သိရသည္။
ဆီစက္မ်ားအား အဆင့္ျမႇင့္တင္ျခင္း၊ မြန္းမံျခင္းအတြက္ ေခ်းေငြထုတ္ေပးမည္ျဖစ္ေၾကာင္း၊ ဆီဆက္အသစ္မ်ား တည္ေဆာက္မည္ဆိုပါကလည္း ေခ်းေငြေလ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း၊ ေနၾကာဆီထုတ္လုပ္ျခင္းအတြက္ ဆီစက္အသစ္မ်ားတည္ေဆာက္လွ်င္လည္း ေခ်းေငြထုတ္ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ား အသင္းက ဆိုသည္။
ျပည္တြင္း၌ ႏွစ္စဥ္ ဆီတန္ခ်ိန္(၁)သန္းခန႔္ လိုအပ္မႈကို ျပည္တြင္းထုတ္လုပ္မႈျဖင့္ ျဖည့္ဆည္းေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္တြင္း ဆီလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္လာေရးႏွင့္ ႏိုင္ငံျခားသုံးေငြ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ ျပည္တြင္းထုတ္လုပ္မႈႏွင့္ သုံးစြဲမႈအေပၚအေျခခံၿပီး ျပည္ပဆီတင္သြင္းမႈေလွ်ာ့ခ်ရန္ စီမံ ေဆာင္႐ြက္လ်က္ရွိေၾကာင္းကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာပြင့္ဆန္း က ေျပာၾကားခဲ့ဖူးသည္။
လက္ရွိတြင္ ေခ်းေငြထုတ္ေခ်းျခင္းကို စိစစ္ႏိုင္ရန္အတြက္ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းထားၿပီျဖစ္ေၾကာင္း၊ ရာသီခ်ိန္ အလိုက္ စိုက္ပ်ိဳးသည့္ သီးႏွံမ်ားအား ႀကိတ္ခြဲထုတ္လုပ္မည္ျဖစ္သည့္အတြက္ ရာသီခ်ိန္အမွီ လုပ္ေဆာင္ ေပးမည္ ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းအေနျဖင့္ ဆီထြက္သီးႏွံ စိုက္ပ်ိဳးထုတ္လုပ္မႈႏွင့္ ေနၾကာဆီ ႀကိတ္စက္မ်ားအျပင္ ႀကိတ္ၿပီးသားမ်ားအား ျပန္လည္သန႔္စင္သည့္စက္မ်ားကိုပါ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦး က နစကအစိုးရအေနျဖင့္ ျပည္တြင္းစားသုံးဆီ ဖူလုံပိုလွ်ံေရးအတြက္ ျပည္ေထာင္စုဝန္ႀကီး (၅)ဦး ပါဝင္ေသာ ဆီထြက္သီးႏွံတိုးခ်ဲ႕စိုက္ပ်ိဳးေရး ေကာ္မတီကို ဖြဲ႕စည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ စိုက္ပ်ိဳးရာသီ တစ္ရာသီ၊ ႏွစ္ရာသီအတြင္း စားသုံးဆီ သိသိ သာသာ တိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ဆီထြက္သီးႏွံ ေနၾကာ ဧက(၁၅)သိန္း တိုးခ်ဲ႕ စိုက္ပ်ိဳးေရးစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း ဇူလိုင္လ ၁ဝ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္း၏ တတိယအႀကိမ္ေျမာက္ သင္းလုံးကြၽတ္ႏွစ္ပတ္လည္ အစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
ထို႔အျပင္ ဆီထြက္ေနၾကာတိုးတက္စိုက္ပ်ိဳးထုတ္လုပ္ရန္အတြက္ ဆီထြက္သီးႏွံစိုက္ပ်ိဳးစရိတ္ ပံ့ပိုးမႈအစီအစဥ္ အေနျဖင့္ ေနၾကာသီးႏွံ စိုက္ပ်ိဳးစရိတ္ကို တစ္ဧကလွ်င္ က်ပ္(၁၅ဝဝဝဝ) ေခ်းေငြ အျဖစ္ ပံ့ပိုးေပးျခင္းအျပင္ ေနၾကာ မ်ိဳးေစ့ထုတ္လုပ္သူအတြက္ က်ပ္(၈ဝဝဝဝ)တိုးျမႇင့္ ထုတ္ေခ်းေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။
လက္ရွိ ျပည္တြင္းစားသုံးဆီထုတ္လုပ္မႈ စာရင္းမ်ားအရ ၂ဝ၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းအထိ တစ္ႏိုင္ငံလုံး၌ ဆီစက္ အႀကီးစား(၂၃ဝ)ေက်ာ္ ၊ ဆီစက္ အလတ္စား (၉၂ဝ)ေက်ာ္ ၊ ဆီစက္ငယ္ (၃၁ဝဝ)ေက်ာ္ ရွိေၾကာင္းသိရသည္။