ဆယ်စုနှစ်အတွင်း အမေရိကန်က အင်အားကြီးနိုင်ငံဖြစ်တော့မည်မဟုတ်ဟု နိုင်ငံသားတစ်ဝက်နီးပါး ယုံကြည်နေ

298

Pika (NP News) - ဇူလိုင် ၄
လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်နိုင်ငံသည် ပြင်းထန်သောအကျပ်အတည်းများကို ရင်ဆိုင်ရနိုင်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ၎င်း၏အဆင့်အတန်းကို ဆုံးရှုံးရနိုင်သည်ဟု အရွယ်ရောက်ပြီးသူများ၏ သိသာထင်ရှားသောအရေအတွက်က ယုံကြည်နေကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် YouGov စစ်တမ်းတစ်ခုအရ သိရသည်။
ပြီးခဲ့သည့်ဇွန်လတွင် အွန်လိုင်းပေါ်မှ တစ်ဆင့် စစ်တမ်းကောက်ယူခဲ့သည့် အရွယ်ရောက်ပြီးသူ(၁၁၁၁)ဦးအနက် (၂၁)ရာခိုင်နှုန်းက အမေရိကန်သည် လာမည့်ဆယ်နှစ်အတွင်း ၎င်း၏ ကမ္ဘာလုံးဆိုင်ရာအနေအထား ကျဆင်းမှုကို မြင်တွေ့ ရနိုင်ဖွယ်ရှိကြောင်း ဖြေဆိုခဲ့ကြသည်။
ထို့ပြင် ဖြေဆိုသူများအနက် (၂၄)ရာခိုင်နှုန်းက အဆိုပါ အခြေအနေမျိုးမှာ ဖြစ်လာနိုင်သည်ဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ဖြေဆိုသူများ၏ (၄၅) ရာခိုင်နှုန်း က အမေရိကန်၏ စီးပွားရေးလုံးဝကျဆင်းမှု ဖြစ်လာနိုင်ခြေရှိသည်ဟု ဖြေဆိုခဲ့ကြသည်။
ဖြေဆိုသူများ၏ (၄၀)ရာခိုင်နှုန်းက အမေရိကန်တွင် ပြည်တွင်း စစ်ဖြစ်ပွားလာကာ တရားဥပဒေစိုးမိုးမှုလုံးဝပြိုကွဲသွားနိုင်သည်ဟု ဖြေဆိုခဲ့ကြကြောင်းသိရသည်။
သို့သော်လည်း ဖြေဆိုသူများ၏(၃၈) ရာခိုင်နှုန်းက အမေရိကန်သည် လာမည့်ဆယ်နှစ်အတွင်း ဒီမိုကရေစီနိုင်ငံဖြစ်လာတော့မည်မဟုတ်ဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။ (၃၁)ရာခိုင်နှုန်းက အမေရိကန်သည် ဖက်ဆစ်အာဏာရှင်စနစ်ဖြစ်လာနိုင်သည်ဟု ဖြေဆိုခဲ့ကြပြီး (၂၀)ရာခိုင်နှုန်းက ကွန်မြူနစ်အာဏာရှင်စနစ်ဖြစ်လာနိုင်သည်ဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ဆယ္စုႏွစ္အတြင္း အေမရိကန္က အင္အားႀကီးႏိုင္ငံျဖစ္ေတာ့ မည္မဟုတ္ဟု ႏိုင္ငံသားတစ္ဝက္နီးပါး ယုံၾကည္ေန
Pika (NP News) - ဇူလိုင္ ၄
လာမည့္ဆယ္စုႏွစ္အတြင္း အေမရိကန္ႏိုင္ငံသည္ ျပင္းထန္ေသာအက်ပ္အတည္းမ်ားကို ရင္ဆိုင္ရႏိုင္ၿပီး ကမာၻ႔အင္အားႀကီးႏိုင္ငံအျဖစ္ ၎၏အဆင့္အတန္းကို ဆုံးရႈံးရႏိုင္သည္ဟု အ႐ြယ္ေရာက္ၿပီးသူမ်ား၏ သိသာထင္ရွားေသာအေရအတြက္က ယုံၾကည္ေနေၾကာင္း မၾကာေသးမီက ျပဳလုပ္ခဲ့သည့္ YouGov စစ္တမ္းတစ္ခုအရ သိရသည္။
ၿပီးခဲ့သည့္ဇြန္လတြင္ အြန္လိုင္းေပၚမွ တစ္ဆင့္ စစ္တမ္းေကာက္ယူခဲ့သည့္ အ႐ြယ္ေရာက္ၿပီးသူ(၁၁၁၁)ဦးအနက္ (၂၁)ရာခိုင္ႏႈန္းက အေမရိကန္သည္ လာမည့္ဆယ္ႏွစ္အတြင္း ၎၏ ကမာၻလုံးဆိုင္ရာအေနအထား က်ဆင္းမႈကို ျမင္ေတြ႕ ရႏိုင္ဖြယ္ရွိေၾကာင္း ေျဖဆိုခဲ့ၾကသည္။
ထို႔ျပင္ ေျဖဆိုသူမ်ားအနက္ (၂၄)ရာခိုင္ႏႈန္းက အဆိုပါ အေျခအေနမ်ိဳးမွာ ျဖစ္လာႏိုင္သည္ဟု ေျဖဆိုခဲ့ၾကေၾကာင္း သိရသည္။ ေျဖဆိုသူမ်ား၏ (၄၅) ရာခိုင္ႏႈန္း က အေမရိကန္၏ စီးပြားေရးလုံးဝက်ဆင္းမႈ ျဖစ္လာႏိုင္ေျခရွိသည္ဟု ေျဖဆိုခဲ့ၾကသည္။
ေျဖဆိုသူမ်ား၏ (၄၀)ရာခိုင္ႏႈန္းက အေမရိကန္တြင္ ျပည္တြင္း စစ္ျဖစ္ပြားလာကာ တရားဥပေဒစိုးမိုးမႈလုံးဝၿပိဳကြဲသြားႏိုင္သည္ဟု ေျဖဆိုခဲ့ၾကေၾကာင္းသိရသည္။
သို႔ေသာ္လည္း ေျဖဆိုသူမ်ား၏(၃၈) ရာခိုင္ႏႈန္းက အေမရိကန္သည္ လာမည့္ဆယ္ႏွစ္အတြင္း ဒီမိုကေရစီႏိုင္ငံျဖစ္လာေတာ့မည္မဟုတ္ဟု ယုံၾကည္ေၾကာင္း ေျဖဆိုခဲ့ၾကသည္။ (၃၁)ရာခိုင္ႏႈန္းက အေမရိကန္သည္ ဖက္ဆစ္အာဏာရွင္စနစ္ျဖစ္လာႏိုင္သည္ဟု ေျဖဆိုခဲ့ၾကၿပီး (၂၀)ရာခိုင္ႏႈန္းက ကြန္ျမဴနစ္အာဏာရွင္စနစ္ျဖစ္လာႏိုင္သည္ဟု ေျဖဆိုခဲ့ၾကေၾကာင္း သိရသည္။