အစ္စရေး-ဟားမက်စစ်ပွဲမှာ အနိုင်ရရှိသူ မရှိဘူးလို့ ပါလက်စတိုင်းအများအပြား ယုံကြည်နေ

110

Pika (NP News) - အောက်တိုဘာ ၁၅
အစ္စရေး-ဟားမက်စစ်ပွဲမှာ အနိုင်ရရှိသူမရှိဘူးလို့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းလူမျိုး(၁၀)ဦးမှာ (၇)ဦး ကျော်က ယုံကြည်နေကြတယ်လို့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲကို နှစ်ဖက်စလုံးအတွက် ပြင်းထန်တဲ့လူသားနဲ့ပစ္စည်းဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတဲ့ပဋိပက္ခတစ်ခုအဖြစ် ပါလက်စတိုင်းတွေက ဖော်ပြပြောဆိုခဲ့ကြတယ်လို့ ပါလက်စတိုင်းလူထုသဘောထားအမြင်စင်တာ (PCPO) ရဲ့စစ်တမ်းအသစ်တစ်ခုအရ သိရပါတယ်။
အဲဒီစစ်တမ်းကို အောက်တိုဘာလ(၈)ရက်နေ့ကနေ(၁၂)ရက်အတွင်း ကောက်ယူခဲ့တာဖြစ်ပြီး ဂါဇာကမ်းမြောင် ဒေသတစ်လျှောက်က အသက်(၁၈)နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ(၃၀၁)ဦးကို စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ အစ္စရေး-ဟားမက်စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်သွားပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် ပထမအဆင့်အနေနဲ့ အစ္စရေးဓါးစာခံနဲ့ ပါလက်စတိုင်း အကျဉ်းသား အပြန်အလှန်လွှတ်ပေးရေးတွေကို လုပ်ဆောင်နေကြပြီလို့လည်း သိရပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေး အဆိုပြုချက်ရဲ့နောက်ထပ်အဆင့်တွေကို ဆွေးနွေးညှိနှိုင်းဖို့အတွက် ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံပေါင်း(၂၀)ကျော်က ခေါင်းဆောင်တွေဟာ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရး-ဟားမက္စစ္ပြဲမွာ အႏိုင္ရရွိသူ မရွိဘူးလို႔ ပါလက္စတိုင္းအမ်ားအျပား ယုံၾကည္ေန
Pika (NP News) - ေအာက္တိုဘာ ၁၅
အစၥေရး-ဟားမက္စစ္ပြဲမွာ အႏိုင္ရရွိသူမရွိဘူးလို႔ ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းလူမ်ိဳး(၁၀)ဦးမွာ (၇)ဦး ေက်ာ္က ယုံၾကည္ေနၾကတယ္လို႔ စစ္တမ္းတစ္ခုအရ သိရပါတယ္။ အစၥေရး-ဟားမက္စစ္ပြဲကို ႏွစ္ဖက္စလုံးအတြက္ ျပင္းထန္တဲ့လူသားနဲ႔ပစၥည္းဆုံးရႈံးမႈေတြကို ျဖစ္ေပၚေစတဲ့ပဋိပကၡတစ္ခုအျဖစ္ ပါလက္စတိုင္းေတြက ေဖာ္ျပေျပာဆိုခဲ့ၾကတယ္လို႔ ပါလက္စတိုင္းလူထုသေဘာထားအျမင္စင္တာ (PCPO) ရဲ႕စစ္တမ္းအသစ္တစ္ခုအရ သိရပါတယ္။
အဲဒီစစ္တမ္းကို ေအာက္တိုဘာလ(၈)ရက္ေန႔ကေန(၁၂)ရက္အတြင္း ေကာက္ယူခဲ့တာျဖစ္ၿပီး ဂါဇာကမ္းေျမာင္ ေဒသတစ္ေလွ်ာက္က အသက္(၁၈)ႏွစ္နဲ႔အထက္ အ႐ြယ္ေရာက္ၿပီးသူ(၃၀၁)ဦးကို စစ္တမ္းေကာက္ယူခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ အစၥေရး-ဟားမက္စစ္ပြဲမွာ အပစ္အခတ္ရပ္စဲေရးနဲ႔ အဆုံးသတ္သြားၿပီျဖစ္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အဆိုျပဳခဲ့တဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ ပထမအဆင့္အေနနဲ႔ အစၥေရးဓါးစာခံနဲ႔ ပါလက္စတိုင္း အက်ဥ္းသား အျပန္အလွန္လႊတ္ေပးေရးေတြကို လုပ္ေဆာင္ေနၾကၿပီလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္ရဲ႕ေနာက္ထပ္အဆင့္ေတြကို ေဆြးေႏြးညႇိႏႈိင္းဖို႔အတြက္ ေဒၚနယ္ထရမ့္နဲ႔ ႏိုင္ငံေပါင္း(၂၀)ေက်ာ္က ေခါင္းေဆာင္ေတြဟာ အီဂ်စ္ႏိုင္ငံမွာ က်င္းပမယ့္ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။