ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိတ်မသုန် တည်ဆောက်သွားမည် ဟု ကတိပြု

259

သုတကျော် (NP News) - အောက်တိုဘာ ၁၅
ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိတ်မသုန်တည်ဆောက်သွားမည် ဖြစ်ကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ (အောက်တိုဘာလ ၁၅ ရက်) ပြုလုပ်သော NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
“ဒီမိုကရေစီ ဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ ပြည်သူတွေ အတွက် အကျိုးရှိမှာ ဖြစ်သော်လည်းပဲ မသုံးတတ်ပါက ယင်းစနစ်နဲ့ မအောင်မြင်တဲ့ အပြင် မိမိနိုင်ငံရဲ့ ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး နဲ့ လူမှုရေး၊ ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါကိုလည်းတိုင်းရင်းသား ပြည်သူလူထု အားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ လည်း ဖြစ်ပါတယ်” ဟု ယာယီ သမ္မတ က ဆိုသည်။
အလားတူ အားလုံးက လိုလားသော ဖက်ဒရယ် စနစ်ကို တည်ဆောက်ရာတွင်လည်း ဖက်ဒရယ် စနစ်၏ သဘောတရားများ ဖြစ်သော မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ နှင့် လူမျိုးစုများ စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေ ကျင့်သုံးသည့် သဘော ဖြစ်ကာ ပေါင်းစည်း နေထိုင်ခြင်း နှင့် မျှဝေခံစားခြင်း တို့ နှင့် အညီ တိုင်းရင်းသားပြည်သူများ ၏ အကျိုး၊ ပြည်ထောင်စုအကျိုးကို ရေရှည်ကြည့်ကာ နိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ် ပုံစံကို တည်ဆောက်သွားကြရမည် ဖြစ်ကြောင်းလည်း ယာယီ သမ္မတ က ပြောသည်။
“လိုအပ်တဲ့ တိုင်းရင်းသား အခွင့်အရေးများ၊ နိုင်ငံရေး တောင်းဆိုမှုများ အရ ပြင်ဆင်ဖို့ လိုအပ်တာတွေကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ နိုင်ငံတော် အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ပြည်ထောင်စု ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပြီး မမှိန်မသုန် တည်ဆောက်သွားမယ် ဆိုတာလည်း ထပ်လောင်း ပြောကြားလိုပါတယ်” ဟု ယာယီ သမ္မတ က ပြောသည်။

Zawgyi Version:
ဒီမိုကေရစီ ႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံေသာ ျပည္ေထာင္စု တည္ေဆာက္ေရး ခိုင္ခိုင္မာမာ ရပ္တည္ၿပီး မမွိတ္မသုန္ တည္ေဆာက္သြားမည္ ဟု ကတိျပဳ
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၅
ဒီမိုကေရစီ ႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံေသာ ျပည္ေထာင္စု တည္ေဆာက္ေရး ခိုင္ခိုင္မာမာ ရပ္တည္ၿပီး မမွိတ္မသုန္တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ဥကၠဌ၊ အမ်ိဳးသား စည္းလုံးညီၫြတ္ေရး ႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီ ဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ (ေအာက္တိုဘာလ ၁၅ ရက္) ျပဳလုပ္ေသာ NCA ဆယ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနား မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားသည္။
“ဒီမိုကေရစီ ဆိုတာ သုံးတတ္ရင္ ႏိုင္ငံနဲ႔ ျပည္သူေတြ အတြက္ အက်ိဳးရွိမွာ ျဖစ္ေသာ္လည္းပဲ မသုံးတတ္ပါက ယင္းစနစ္နဲ႔ မေအာင္ျမင္တဲ့ အျပင္ မိမိႏိုင္ငံရဲ႕ ျဖစ္တည္မႈ၊ လူမ်ိဳး၊ ဘာသာေရး နဲ႔ လူမႈေရး၊ ယဥ္ေက်းမႈေတြ ဆုံးရႈံးသြားႏိုင္တာကိုလည္း သတိျပဳၾကရမွာ ျဖစ္ပါတယ္။ ဒါကိုလည္းတိုင္းရင္းသား ျပည္သူလူထု အားလုံးက အသိတရား၊ သတိတရားမ်ားနဲ႔ ဝိုင္းဝန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရမွာ လည္း ျဖစ္ပါတယ္” ဟု ယာယီ သမၼတ က ဆိုသည္။
အလားတူ အားလုံးက လိုလားေသာ ဖက္ဒရယ္ စနစ္ကို တည္ေဆာက္ရာတြင္လည္း ဖက္ဒရယ္ စနစ္၏ သေဘာတရားမ်ား ျဖစ္ေသာ မတူကြဲျပားသည့္ တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ား၊ လူမ်ိဳးမ်ား ႏွင့္ လူမ်ိဳးစုမ်ား စုစည္းလုပ္ကိုင္ရာမွ လုပ္ပိုင္ခြင့္မ်ားကို ခြဲေဝ က်င့္သုံးသည့္ သေဘာ ျဖစ္ကာ ေပါင္းစည္း ေနထိုင္ျခင္း ႏွင့္ မွ်ေဝခံစားျခင္း တို႔ ႏွင့္ အညီ တိုင္းရင္းသားျပည္သူမ်ား ၏ အက်ိဳး၊ ျပည္ေထာင္စုအက်ိဳးကို ေရရွည္ၾကည့္ကာ ႏိုင္ငံႏွင့္ ကိုက္ညီေသာ ဖက္ဒရယ္ ပုံစံကို တည္ေဆာက္သြားၾကရမည္ ျဖစ္ေၾကာင္းလည္း ယာယီ သမၼတ က ေျပာသည္။
“လိုအပ္တဲ့ တိုင္းရင္းသား အခြင့္အေရးမ်ား၊ ႏိုင္ငံေရး ေတာင္းဆိုမႈမ်ား အရ ျပင္ဆင္ဖို႔ လိုအပ္တာေတြကိုလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒ ႏွင့္ အညီ ႏိုင္ငံေတာ္ အစိုးရက ျပင္ဆင္ေဆာင္႐ြက္ေပးသြားမွာပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ ဒီမိုကေရစီ နဲ႔ ဖက္ဒရယ္ ျပည္ေထာင္စု ကို အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ ခိုင္ခိုင္မာမာ ရပ္တည္ၿပီး မမွိန္မသုန္ တည္ေဆာက္သြားမယ္ ဆိုတာလည္း ထပ္ေလာင္း ေျပာၾကားလိုပါတယ္” ဟု ယာယီ သမၼတ က ေျပာသည္။