မိုးကောင်းမြို့ရှိ စည်ပင်သာယာရေးရုံးအား စတီးချိုင့်အတွင်း လက်လုပ်မိုင်းထည့်၍ဖောက်ခွဲတိုက်ခိုက်

1487

NP News - ဇူလိုင် ၁၇
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ စည်ပင်သာယာရေးရုံးတစ်ခုတွင် စတီးချိုင့်အတွင်း လက်လုပ်မိုင်းထည့်၍ ဖောက်ခွဲခံခဲ့ရကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက် နံနက် ၁၁နာရီအချိန်ခန့်တွင် မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးရုံးအတွင်း ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
အဆိုပါရုံးအတွင်းသို့ နံနက် ၉နာရီခွဲအချိန်ခန့်တွင် အမျိုးသားတစ်ဦးက စတီးချိုင့် ၅ ဆင့်ချိုင့်တစ်လုံး ကိုင်ဆောင်လာပြီး ၎င်းတို့ ဝါဆိုသင်္ကန်းကပ်အလှူပြုလုပ်သဖြင့် အမှုဆောင်အရာရှိထံသို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းပြော၍ စတီးချိုင့်အား ထားပြီး ပြန်လည်ထွက်ခွာသွားကြောင်း ရဲတပ်ဖွဲ့မှပြောသည်။
ထို့နောက်ရုံးအတွင်းရှိ ဝန်ထမ်းတစ်ဦးမှ မသင်္ကာသဖြင့် ချိုင့်အားဖွင့်ကြည့်ရာ ချိုင့်အ တွင်း ဝါယာကြိုးစများတွေ့ရှိသဖြင့် ရုံးဝန်ထမ်းများ အပြင်သို့ထွက်ခွာခဲ့ရာ ၂မိနစ်ခန့်အကြာတွင် ချိုင့်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါရုံးအတွင်း ဗီရိုတံခါးရွက် ၁ခု၊ စားပွဲ ၁လုံး၊ TV ၁လုံး၊ Laptop ၁လုံး၊ မျက်နှာကျက် ၆ချပ်၊ ပြတင်းပေါက်မှန် ၆ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
မိုးေကာင္းၿမိဳ႕ရွိ စည္ပင္သာယာေရး႐ုံးအား စတီးခ်ိဳင့္အတြင္း လက္လုပ္မိုင္းထည့္၍ေဖာက္ခြဲတိုက္ခိုက္
NP News - ဇူလိုင္ ၁၇
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕ရွိ စည္ပင္သာယာေရး႐ုံးတစ္ခုတြင္ စတီးခ်ိဳင့္အတြင္း လက္လုပ္မိုင္းထည့္၍ ေဖာက္ခြဲခံခဲ့ရေၾကာင္းျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၁၅ ရက္ နံနက္ ၁၁နာရီအခ်ိန္ခန႔္တြင္ မိုးေကာင္းၿမိဳ႕၊ ေနာင္ကိုင္ေတာ္ရပ္ကြက္ရွိ ၿမိဳ႕နယ္စည္ပင္သာယာေရး႐ုံးအတြင္း ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
အဆိုပါ႐ုံးအတြင္းသို႔ နံနက္ ၉နာရီခြဲအခ်ိန္ခန႔္တြင္ အမ်ိဳးသားတစ္ဦးက စတီးခ်ိဳင့္ ၅ ဆင့္ခ်ိဳင့္တစ္လုံး ကိုင္ေဆာင္လာၿပီး ၎တို႔ ဝါဆိုသကၤန္းကပ္အလႉျပဳလုပ္သျဖင့္ အမႈေဆာင္အရာရွိထံသို႔ လာေရာက္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္းေျပာ၍ စတီးခ်ိဳင့္အား ထားၿပီး ျပန္လည္ထြက္ခြာသြားေၾကာင္း ရဲတပ္ဖြဲ႕မွေျပာသည္။
ထို႔ေနာက္႐ုံးအတြင္းရွိ ဝန္ထမ္းတစ္ဦးမွ မသကၤာသျဖင့္ ခ်ိဳင့္အားဖြင့္ၾကည့္ရာ ခ်ိဳင့္အ တြင္း ဝါယာႀကိဳးစမ်ားေတြ႕ရွိသျဖင့္ ႐ုံးဝန္ထမ္းမ်ား အျပင္သို႔ထြက္ခြာခဲ့ရာ ၂မိနစ္ခန႔္အၾကာတြင္ ခ်ိဳင့္အတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ေပါက္ကြဲမႈေၾကာင့္ အဆိုပါ႐ုံးအတြင္း ဗီ႐ိုတံခါး႐ြက္ ၁ခု၊ စားပြဲ ၁လုံး၊ TV ၁လုံး၊ Laptop ၁လုံး၊ မ်က္ႏွာက်က္ ၆ခ်ပ္၊ ျပတင္းေပါက္မွန္ ၆ခ်ပ္တို႔ ပ်က္စီးဆုံးရႈံးခဲ့ၿပီး လူထိခိုက္မႈမရွိေၾကာင္း ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။