အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာကိုယ်စားပြုခွင့် ထိုင်ခုံကို အလွတ်ထားမယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ပြော

1190

ဂျန်ဇက် (NP News) - ဇူလိုင် ၂၂
အာဆီယံနိုင်ငံခြားရေးဝန်ကြီးနှင့်ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုထိုင်ခုံကို အလွတ်ထားမယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၃၁ရက်နေ့မှ သြဂုတ် ၆ ရက်နေ့ အထိ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကို နိုင်ငံရေးနဲ့မပတ်သက်သူကိုသာစေလွတ်ဖို့ ဖိတ်ကြားခဲ့ ပေမယ့် မြန်မာဘက်က အဆိုပါအစည်းအဝေးကို နိုင်ငံရေးနဲ့မပတ်သက်တဲ့သူကို စေလွတ်တာမျိုးလုပ်မှာ မဟုတ် ဘူးလို့ ပရက်ဆိုခွန်းက ပြောပါတယ်။
အာဆီယံခေါင်းဆောင်များနဲ့ မြန်မာကြားရရှိထားတဲ့သဘောတူညီချက်များ တိုးတက်မှုမရှိဘူးဆိုရင် အာဆီယံ အစည်းအဝေးတွေမှာ နစကတာဝန်ရှိသူများကို အစည်းအဝေးတက်ရောက်ခြင်းမပြုဘဲ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့ မပတ်သက်တဲ့သူကိုသာ ရွေးချယ်စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါ တယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆိုခွန်းက "မြန်မာနိုင်ငံရဲ့တုံ့ပြန်မှုက အရင်တိုင်းပါပဲ နိုင်ငံရေးနဲ့ မပတ်သက်တဲ့သူကို အစည်းအဝေးကို ခန့်အပ်စေလွှတ်မှာ မဟုတ်ပါဘူးလို့ အကြောင်းပြန်ခဲ့တယ်။ ဒါကြောင့် အစည်းအဝေးမှာ မြန်မာထိုင်ခုံ အလွတ်ထားသွားမယ်။ မြန်မာဟာ အစည်းအဝေးတက်ရောက်ဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ မြန်မာနိုင်ငံရဲ့အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့်ဆိုတဲ့ အခွင့် အရေးနဲ့ပတ်သက်ပြီးစဉ်းစားသင့်တယ်" လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံရဲ့ယခင်အစည်းအဝေးတွေမှာလည်း နိုင်ငံရေးနဲ့မပတ်သက်သူကိုစေလွှတ်ဖို့ ဖိတ်ကြားမှု ကိုငြင်းဆန်ခဲ့ပြီး မြန်မာဘက်က အာဆီယံကြေညာစာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံများကြား တန်းတူညီမျှရှိရမှာဆိုတဲ့ အချက်အရ နိုင်ငံရေးနဲ့မပတ်သက်သူကိုစေလွှတ်ဖို့ ဖိတ်ကြားမှုတွေကို ပယ်ချခဲ့ဖူးပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စွန့်လွှတ်မှာမဟုတ်ဘဲ ဒေသအတွင်း အစည်းဝေးများမှာ မြန်မာပြန်လည် ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အာဆီယံကြေညာစာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေး ကိုယ်စားပြုခွင့်နဲ့ပတ်သက်ပြီး သတ်မှတ်ဖော်ပြခြင်းမျိုးမရှိခဲ့ပေမယ့် အာဆီယံက အစည်းအဝေးများမှာ နိုင်ငံရေး အရ ကိုယ်စားပြုခြင်း မရှိသူကိုစေလွှတ်ဖို့ မြန်မာနိုင်ငံကိုအဆင့်နိမ့်ချဆက်ဆံခြင်းမျိုး မလုပ်သင့်ကြောင်း ပရက်ဆိုခွန်းက ပြောပါတယ်။
မြန်မာနိုင်ငံရေးပြဿာနာများကိုအဆုံးသတ်နိုင်ဖို့ အာဆီယံသဘောတူညီချက် ၅ ချက်ကို တိုးတက်စေဖို့ ကြိုးပမ်း ရာမှာ တိုးတက်မှု၊ ဆုတ်ယုတ်မှုများရှိနေပေမယ့် ကမ္ဘောဒီးယားနိုင်ငံဘက်ကတော့ အကောင်းရှုမြင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
https://www.information.gov.kh/articles/81107

Zawgyi Version;
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ျမန္မာကိုယ္စားျပဳခြင့္ ထိုင္ခုံကို အလြတ္ထားမယ္လို႔ အာဆီယံ အထူးကိုယ္စားလွယ္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၂
အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ဆက္စပ္အစည္းအေဝးမ်ားတြင္ ျမန္မာကိုယ္စားျပဳထိုင္ခုံကို အလြတ္ထားမယ္လို႔ အာဆီယံအထူးကိုယ္စားလွယ္ ပရက္ဆိုခြန္းက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ဇူလိုင္ ၃၁ရက္ေန႔မွ ၾသဂုတ္ ၆ ရက္ေန႔ အထိ အိမ္ရွင္အျဖစ္ က်င္းပမည္ျဖစ္ရာ ျမန္မာႏိုင္ငံကို ႏိုင္ငံေရးနဲ႔မပတ္သက္သူကိုသာေစလြတ္ဖို႔ ဖိတ္ၾကားခဲ့ ေပမယ့္ ျမန္မာဘက္က အဆိုပါအစည္းအေဝးကို ႏိုင္ငံေရးနဲ႔မပတ္သက္တဲ့သူကို ေစလြတ္တာမ်ိဳးလုပ္မွာ မဟုတ္ ဘူးလို႔ ပရက္ဆိုခြန္းက ေျပာပါတယ္။
အာဆီယံေခါင္းေဆာင္မ်ားနဲ႔ ျမန္မာၾကားရရွိထားတဲ့သေဘာတူညီခ်က္မ်ား တိုးတက္မႈမရွိဘူးဆိုရင္ အာဆီယံ အစည္းအေဝးေတြမွာ နစကတာဝန္ရွိသူမ်ားကို အစည္းအေဝးတက္ေရာက္ျခင္းမျပဳဘဲ ျမန္မာကိုယ္စားျပဳအျဖစ္ ႏိုင္ငံေရးနဲ႔ မပတ္သက္တဲ့သူကိုသာ ေ႐ြးခ်ယ္ေစဖို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕က ေတာင္းဆိုခဲ့ဖူးတယ္လို႔ သိရပါ တယ္။
ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးပရက္ဆိုခြန္းက "ျမန္မာႏိုင္ငံရဲ႕တုံ႔ျပန္မႈက အရင္တိုင္းပါပဲ ႏိုင္ငံေရးနဲ႔ မပတ္သက္တဲ့သူကို အစည္းအေဝးကို ခန႔္အပ္ေစလႊတ္မွာ မဟုတ္ပါဘူးလို႔ အေၾကာင္းျပန္ခဲ့တယ္။ ဒါေၾကာင့္ အစည္းအေဝးမွာ ျမန္မာထိုင္ခုံ အလြတ္ထားသြားမယ္။ ျမန္မာဟာ အစည္းအေဝးတက္ေရာက္ဖို႔ ျငင္းဆန္ခဲ့တဲ့ အတြက္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ျမန္မာႏိုင္ငံရဲ႕အစည္းအေဝးေတြမွာ ပါဝင္တက္ေရာက္ခြင့္ဆိုတဲ့ အခြင့္ အေရးနဲ႔ပတ္သက္ၿပီးစဥ္းစားသင့္တယ္" လို႔လည္း ေျပာပါတယ္။
ျမန္မာႏိုင္ငံဟာ အာဆီယံရဲ႕ယခင္အစည္းအေဝးေတြမွာလည္း ႏိုင္ငံေရးနဲ႔မပတ္သက္သူကိုေစလႊတ္ဖို႔ ဖိတ္ၾကားမႈ ကိုျငင္းဆန္ခဲ့ၿပီး ျမန္မာဘက္က အာဆီယံေၾကညာစာတမ္းထဲမွာ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား တန္းတူညီမွ်ရွိရမွာဆိုတဲ့ အခ်က္အရ ႏိုင္ငံေရးနဲ႔မပတ္သက္သူကိုေစလႊတ္ဖို႔ ဖိတ္ၾကားမႈေတြကို ပယ္ခ်ခဲ့ဖူးပါတယ္။
ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံကို စြန႔္လႊတ္မွာမဟုတ္ဘဲ ေဒသအတြင္း အစည္းေဝးမ်ားမွာ ျမန္မာျပန္လည္ ပါဝင္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း၊ အာဆီယံေၾကညာစာတမ္းထဲမွာ အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕အစည္းအေဝး ကိုယ္စားျပဳခြင့္နဲ႔ပတ္သက္ၿပီး သတ္မွတ္ေဖာ္ျပျခင္းမ်ိဳးမရွိခဲ့ေပမယ့္ အာဆီယံက အစည္းအေဝးမ်ားမွာ ႏိုင္ငံေရး အရ ကိုယ္စားျပဳျခင္း မရွိသူကိုေစလႊတ္ဖို႔ ျမန္မာႏိုင္ငံကိုအဆင့္နိမ့္ခ်ဆက္ဆံျခင္းမ်ိဳး မလုပ္သင့္ေၾကာင္း ပရက္ဆိုခြန္းက ေျပာပါတယ္။
ျမန္မာႏိုင္ငံေရးျပႆာနာမ်ားကိုအဆုံးသတ္ႏိုင္ဖို႔ အာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ကို တိုးတက္ေစဖို႔ ႀကိဳးပမ္း ရာမွာ တိုးတက္မႈ၊ ဆုတ္ယုတ္မႈမ်ားရွိေနေပမယ့္ ကေမာၻဒီးယားႏိုင္ငံဘက္ကေတာ့ အေကာင္းရႈျမင္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။
https://www.information.gov.kh/articles/81107