ထိုင်းနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါဟု အတည်ပြုခံထားရသော နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးပျောက်ဆုံးနေ

829

ဖြိုးခန့် (NP News) - ဇူလိုင် ၂၃
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းရှိ ရောဂါထိန်းချုပ်ရေးဌာန(DCC)နှင့် ရဲများသည် နိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါဟု အတည်ပြုခံထားရသော နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးကို လိုက်လံရှာဖွေနေပြီး ၎င်းမှာပျောက်ဆုံးနေကြောင်းလည်း သိရသည်၊၊
အသက်(၂၇)နှစ်အရွယ်ရှိလူနာသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊နှာရည်ယိုခြင်း၊ အဖုပိန့်အထွက်ခြင်းနှင့်အနာများကိုတွေ့ရှိရသဖြင့် ဇူလိုင်လ(၁၆)ရက်နကဆေးရုံတင်ထားရပြီး ဆေးစစ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်၊၊ ဓာတ်ခွဲစမ်း သပ်မှုရလဒ်များကို သိရှိရပြီးနောက် အဆိုပါအမျိုးသားကို ဆေးကုသရန်အတွက် လွှဲ ပြောင်းပေးရန် စီစဉ်ခဲ့သော်လည်း ၎င်းကငြင်းပယ်ခဲ့ပြီး ဖုန်းစက်ပိတ်ထားခဲ့ကြောင်း သတင်းများအရသိရသည်၊၊ ဖူးခက်ကျွန်း ပုဂ္ဂလိကဆေးရုံတစ်ခုရှိ လူနာများထဲမှတစ်ဦးတွင် မျောက်ကျောက်ရောဂါ လက္ခဏာများရှိနေသည်ဟုတွေ့ရှိထားကြောင်းသိရှိရပြီးနောက် ပူးတွဲစုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဆေးရုံသို့ စေလွှတ်ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအိုးပက်စ်ကာကဝင်ဖောင်က ဇူလိုင်လ(၁၈)ရက်တွင်ပြောကြားခဲ့သည်၊၊
အဆိုပါအမျိုးသားကို မျောက်ကျောက်ရောဂါပိုးတွေ့ရှိကြောင်း ဇူလိုင်လ(၁၈)ရက်တွင် အကြောင်းကြားခဲ့ပြီး Patong မြို့ရှိ ၎င်းတည်းခိုရာဟိုတယ်သို့ သွားရောက်စစ်ဆေးရာ အဆိုပါအမျိုးသားသည် တည်းခိုခန်းမှထွက်ခွာသွားခဲ့ကြောင်း စီစီတီဗီမှတ်တမ်းများအရ သိရသည်၊၊ အဆိုပါအမျိုးသားသည် (၂ဝ၂၁) ခုနှစ် အောက်တိုဘာလ (၂၁)ရက်တွင် ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး ဖူးခက်ကျွန်း Patong မြို့ရှိကွန်ဒိုတစ်ခုမှာ နိုဝင်ဘာလတွင် တည်းခိုခဲ့ဖူးကြောင်း ဖူးခက်ကျန်းမာရေးအကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။
၎င်းသည် ပြည်နယ်အတွင်းရှိ ဖျော်ဖြေရေးနေရာများသို့ မကြာခဏ သွားရောက်လေ့ရှိကြောင်းလည်း CNA သတင်းတွင် ဖော်ပြထားသည်။ ရောဂါပြန့်ပွားရေးကို ထိန်းချုပ်ရန်အတွက် ပြည်နယ်အတွင်းရှိ ရောဂါထိန်းချုပ်ရေးအရာရှိများကို ရောဂါနှင့်ပတ်သက်ပြီး အခြားဖြစ်နိုင်ချေရှိသော ကိစ္စများ စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း ဒေါက်တာ အိုပက်စ်က ပြောကြားခဲ့သည်၊၊
https://www.asiaone.com/asia/thai-police-search-missing-monkeypox-patient-phuket

zawgyi version
ထိုင္းႏိုင္ငံတြင္ ပထမဆုံး ေမ်ာက္ေက်ာက္ေရာဂါဟု အတည္ျပဳခံထားရေသာ ႏိုင္ဂ်ီးရီးယားအမ်ိဳးသားတစ္ဦးေပ်ာက္ဆုံးေန
ၿဖိဳးခန႔္ (NP News) - ဇူလိုင္ ၂၃
ထိုင္းႏိုင္ငံေတာင္ပိုင္း ဖူးခက္ကြၽန္းရွိ ေရာဂါထိန္းခ်ဳပ္ေရးဌာန(DCC)ႏွင့္ ရဲမ်ားသည္ ႏိုင္ငံ၏ ပထမဆုံး ေမ်ာက္ေက်ာက္ေရာဂါဟု အတည္ျပဳခံထားရေသာ ႏိုင္ဂ်ီးရီးယားအမ်ိဳးသားတစ္ဦးကို လိုက္လံရွာေဖြေနၿပီး ၎မွာေပ်ာက္ဆုံးေနေၾကာင္းလည္း သိရသည္၊၊
အသက္(၂၇)ႏွစ္အ႐ြယ္ရွိလူနာသည္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ႏွာရည္ယိုျခင္း၊ အဖုပိန႔္အထြက္ျခင္းႏွင့္အနာမ်ားကိုေတြ႕ရွိရသျဖင့္ ဇူလိုင္လ(၁၆)ရက္နကေဆး႐ုံတင္ထားရၿပီး ေဆးစစ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္၊၊ ဓာတ္ခြဲစမ္း သပ္မႈရလဒ္မ်ားကို သိရွိရၿပီးေနာက္ အဆိုပါအမ်ိဳးသားကို ေဆးကုသရန္အတြက္ လႊဲ ေျပာင္းေပးရန္ စီစဥ္ခဲ့ေသာ္လည္း ၎ကျငင္းပယ္ခဲ့ၿပီး ဖုန္းစက္ပိတ္ထားခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္၊၊ ဖူးခက္ကြၽန္း ပုဂၢလိကေဆး႐ုံတစ္ခုရွိ လူနာမ်ားထဲမွတစ္ဦးတြင္ ေမ်ာက္ေက်ာက္ေရာဂါ လကၡဏာမ်ားရွိေနသည္ဟုေတြ႕ရွိထားေၾကာင္းသိရွိရၿပီးေနာက္ ပူးတြဲစုံစမ္းေရးအဖြဲ႕တစ္ဖြဲ႕ကို ေဆး႐ုံသို႔ ေစလႊတ္ခဲ့ေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာအိုးပက္စ္ကာကဝင္ေဖာင္က ဇူလိုင္လ(၁၈)ရက္တြင္ေျပာၾကားခဲ့သည္၊၊
အဆိုပါအမ်ိဳးသားကို ေမ်ာက္ေက်ာက္ေရာဂါပိုးေတြ႕ရွိေၾကာင္း ဇူလိုင္လ(၁၈)ရက္တြင္ အေၾကာင္းၾကားခဲ့ၿပီး Patong ၿမိဳ႕ရွိ ၎တည္းခိုရာဟိုတယ္သို႔ သြားေရာက္စစ္ေဆးရာ အဆိုပါအမ်ိဳးသားသည္ တည္းခိုခန္းမွထြက္ခြာသြားခဲ့ေၾကာင္း စီစီတီဗီမွတ္တမ္းမ်ားအရ သိရသည္၊၊ အဆိုပါအမ်ိဳးသားသည္ (၂ဝ၂၁) ခုႏွစ္ ေအာက္တိုဘာလ (၂၁)ရက္တြင္ ထိုင္းႏိုင္ငံသို႔ဝင္ေရာက္ခဲ့ၿပီး ဖူးခက္ကြၽန္း Patong ၿမိဳ႕ရွိကြန္ဒိုတစ္ခုမွာ ႏိုဝင္ဘာလတြင္ တည္းခိုခဲ့ဖူးေၾကာင္း ဖူးခက္က်န္းမာေရးအႀကီးအကဲတစ္ဦးက ေျပာၾကားခဲ့သည္။
၎သည္ ျပည္နယ္အတြင္းရွိ ေဖ်ာ္ေျဖေရးေနရာမ်ားသို႔ မၾကာခဏ သြားေရာက္ေလ့ရွိေၾကာင္းလည္း CNA သတင္းတြင္ ေဖာ္ျပထားသည္။ ေရာဂါျပန႔္ပြားေရးကို ထိန္းခ်ဳပ္ရန္အတြက္ ျပည္နယ္အတြင္းရွိ ေရာဂါထိန္းခ်ဳပ္ေရးအရာရွိမ်ားကို ေရာဂါႏွင့္ပတ္သက္ၿပီး အျခားျဖစ္ႏိုင္ေခ်ရွိေသာ ကိစၥမ်ား စုံစမ္းစစ္ေဆးေဖာ္ထုတ္ရန္ ၫႊန္ၾကားထားေၾကာင္း ေဒါက္တာ အိုပက္စ္က ေျပာၾကားခဲ့သည္၊၊
https://www.asiaone.com/asia/thai-police-search-missing-monkeypox-patient-phuket