ကနေဒါမှာ Covid - 19 ကူးစက်မှုကာလပြီးနောက် အိမ်ဌားခများ တစ်ဟုန်ထိုး မြင့်တက်လာ

792

ရောင်နီ (NP News) - ဇူလိုင် ၂၄
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကနေဒါမှာ အိမ်ဈေးနှုန်းများကျဆင်းခဲ့ပြီး အိမ်ဌားရမ်းခ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် နေထိုင်သူများအတွက် သက်ပြင်းချစရာ ဖြစ်လာပါတော့တယ်။
ကနေဒါရဲ့ အိမ်ဈေးနှုန်းများဟာ နှစ်နှစ်အတွင်း ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းလာပြီး ယင်းနဲ့အတူ အိမ်ငှားရမ်းခများလည်း ပြောင်းလဲသွားခဲ့ကာ အိမ်ပိုင်ရှင်များဟာ ငှားရမ်းခကို လနဲ့ချီပြီး ကြိုတင်တောင်းဆိုခဲ့ကြပါတယ်။ ယင်းကြောင့် တစ်ခါတစ်ရံ အိမ်ငှားနဲ့ အိမ်ရှင်များပင် အချင်းချင်း ရန်ဖြစ်ကြရကြောင်း သိရပါတယ်။
ကနေဒါရှိ အိပ်ခန်း ၁ ခန်းပါ တိုက်ခန်းတစ်ခန်းအတွက် ပျမ်းမျှ ငှားရမ်းခမှာ ဒီနှစ်အစက ၁၃ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ပြီး တိုရန်တိုမှာ ၁၈ ဒသမ ၅ ရာခိုင်နှုန်း၊ ဗန်ကူးမားမြို့မှာ ၁၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Rentals.ca မှ အချက်အလက်များအရ သိရပါတယ်။
ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အိမ်ရာဝယ်လိုအားမှ အိမ်ဌားရမ်းအားသို့ ပြောင်းလဲလာခြင်းမှာ ကနေဒါအိမ်ရာဈေးကွက်အတွက် ပြဿနာကြီးတစ်ခု ဖြစ်စေပါတယ်။ ကနေဒါဘဏ်ဟာ ၎င်းရဲ့မူဝါဒအတိုးနှုန်းကို ယခုနှစ်အစမှာ ဝ ဒသမ ၂၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ပြီး ဇွန်လမှာ နှစ် ၄ဝ နီးပါးအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၈ ဒသမ ၁ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပါတယ်။ ကနေဒါရဲ့ပျမ်းမျှအိမ်ဈေးနှုန်းဟာ ဖေဖော်ဝါရီလမှာ ၁၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ကနေဒါအိမ်ခြံမြေ အကျိုးဆောင်အသင်းမှ အချက်အလက်များအရ ချေးငွေကုန်ကျစရိတ် လျှင်မြန်စွာ မြင့်တက်လာခြင်းကြောင့် အိမ်ခြံမြေဈေးကွက်ဟာ အေးခဲစေခဲ့တယ်လို့ ယူဆရပါတယ်။ သို့ပေမယ့် ယခုထက်ပိုမိုမြင့်မားသော ချေးငွေ နှုန်းထားများကြောင့် ချေးငွေမရနိုင်သော ဝယ်သူများအတွက် အငှားဝယ်လိုအားကို မြင့်တက်စေခဲ့ပါတယ်။
“အိမ်ငှားခတွေကြောင့် လူတွေက နေစရာမရှိတော့ဘူး” လို့ ဗန်ကူးဗားအခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ တစ်ဦးက ဆိုပါတယ်။ မြို့ကြီးတွေမှာ ကွန်ဒိုဈေးတွေဟာ ကြမ်းခင်းဈေးထိ ကျဆင်းနိုင်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ ဈေးနှုန်းကျဆင်းမှုကို အခွင့်ကောင်းယူပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီးလုပ်ဖို့တောင် ပြင်နေကြတယ်လို့သိရပါတယ်။
https://www.reuters.com/markets/us/nowhere-live-rents-canada-surge-home-prices-fall-2022-07-22/?

zawgyi version
ကေနဒါမွာ Covid - 19 ကူးစက္မႈကာလၿပီးေနာက္ အိမ္ဌားခမ်ား တစ္ဟုန္ထိုး ျမင့္တက္လာ
ေရာင္နီ (NP News) - ဇူလိုင္ ၂၄
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကေနဒါမွာ အိမ္ေဈးႏႈန္းမ်ားက်ဆင္းခဲ့ၿပီး အိမ္ဌားရမ္းခ ေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းေၾကာင့္ ေနထိုင္သူမ်ားအတြက္ သက္ျပင္းခ်စရာ ျဖစ္လာပါေတာ့တယ္။
ကေနဒါရဲ႕ အိမ္ေဈးႏႈန္းမ်ားဟာ ႏွစ္ႏွစ္အတြင္း ၅ဝ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းလာၿပီး ယင္းနဲ႔အတူ အိမ္ငွားရမ္းခမ်ားလည္း ေျပာင္းလဲသြားခဲ့ကာ အိမ္ပိုင္ရွင္မ်ားဟာ ငွားရမ္းခကို လနဲ႔ခ်ီၿပီး ႀကိဳတင္ေတာင္းဆိုခဲ့ၾကပါတယ္။ ယင္းေၾကာင့္ တစ္ခါတစ္ရံ အိမ္ငွားနဲ႔ အိမ္ရွင္မ်ားပင္ အခ်င္းခ်င္း ရန္ျဖစ္ၾကရေၾကာင္း သိရပါတယ္။
ကေနဒါရွိ အိပ္ခန္း ၁ ခန္းပါ တိုက္ခန္းတစ္ခန္းအတြက္ ပ်မ္းမွ် ငွားရမ္းခမွာ ဒီႏွစ္အစက ၁၃ ဒသမ ၇ ရာခိုင္ႏႈန္းတိုးလာခဲ့ၿပီး တိုရန္တိုမွာ ၁၈ ဒသမ ၅ ရာခိုင္ႏႈန္း၊ ဗန္ကူးမားၿမိဳ႕မွာ ၁၉ ဒသမ ၂ ရာခိုင္ႏႈန္း ျမင့္တက္လာခဲ့ေၾကာင္း Rentals.ca မွ အခ်က္အလက္မ်ားအရ သိရပါတယ္။
ေဈးႏႈန္းမ်ား ျမင့္တက္လာျခင္းေၾကာင့္ အိမ္ရာဝယ္လိုအားမွ အိမ္ဌားရမ္းအားသို႔ ေျပာင္းလဲလာျခင္းမွာ ကေနဒါအိမ္ရာေဈးကြက္အတြက္ ျပႆနာႀကီးတစ္ခု ျဖစ္ေစပါတယ္။ ကေနဒါဘဏ္ဟာ ၎ရဲ႕မူဝါဒအတိုးႏႈန္းကို ယခုႏွစ္အစမွာ ဝ ဒသမ ၂၅ ရာခိုင္ႏႈန္းမွ ၂ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ျမႇင့္တင္ခဲ့ၿပီး ဇြန္လမွာ ႏွစ္ ၄ဝ နီးပါးအတြင္း အျမင့္ဆုံးျဖစ္တဲ့ ၈ ဒသမ ၁ ရာခိုင္ႏႈန္းအထိ ျမႇင့္တင္ခဲ့ပါတယ္။ ကေနဒါရဲ႕ပ်မ္းမွ်အိမ္ေဈးႏႈန္းဟာ ေဖေဖာ္ဝါရီလမွာ ၁၈ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားၿပီး ကေနဒါအိမ္ၿခံေျမ အက်ိဳးေဆာင္အသင္းမွ အခ်က္အလက္မ်ားအရ ေခ်းေငြကုန္က်စရိတ္ လွ်င္ျမန္စြာ ျမင့္တက္လာျခင္းေၾကာင့္ အိမ္ၿခံေျမေဈးကြက္ဟာ ေအးခဲေစခဲ့တယ္လို႔ ယူဆရပါတယ္။ သို႔ေပမယ့္ ယခုထက္ပိုမိုျမင့္မားေသာ ေခ်းေငြ ႏႈန္းထားမ်ားေၾကာင့္ ေခ်းေငြမရႏိုင္ေသာ ဝယ္သူမ်ားအတြက္ အငွားဝယ္လိုအားကို ျမင့္တက္ေစခဲ့ပါတယ္။
“အိမ္ငွားခေတြေၾကာင့္ လူေတြက ေနစရာမရွိေတာ့ဘူး” လို႔ ဗန္ကူးဗားအေျခစိုက္ အိမ္ၿခံေျမ အက်ိဳးေဆာင္တစ္ဦးျဖစ္သူ တစ္ဦးက ဆိုပါတယ္။ ၿမိဳ႕ႀကီးေတြမွာ ကြန္ဒိုေဈးေတြဟာ ၾကမ္းခင္းေဈးထိ က်ဆင္းႏိုင္တယ္လို႔ အိမ္ၿခံေျမ အက်ိဳးေဆာင္ေတြက ခန႔္မွန္းထားၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ ေဈးႏႈန္းက်ဆင္းမႈကို အခြင့္ေကာင္းယူၿပီး ေနာက္ထပ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ထပ္ၿပီးလုပ္ဖို႔ေတာင္ ျပင္ေနၾကတယ္လို႔သိရပါတယ္။
https://www.reuters.com/markets/us/nowhere-live-rents-canada-surge-home-prices-fall-2022-07-22/?