FEC ငွေကြေးစနစ်ပုံစံ ပြန်လည်လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ဗဟိုဘဏ်ပြန်လည်တုံ့ပြန်

2011

ဖူးပြည့် (NP News) - ဇူလိုင် ၂၄
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်း တာဝန်များတွင် အမေရိကန် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ထုတ်ဝေနိုင်ကြောင်း ပြဋ္ဌာန်း ချက်မပါဝင်သည့်အတွက် FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လည်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဘက်က ဇူလိုင်လ ၂၂ ရက်တွင် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းယူပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းရန် ပြင်ဆင် နေသည်ဆိုသည့် သတင်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည့်အတွက် ဗဟိုဘဏ်ဘက်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမျိုးဖြစ်သည်။
မြန်မာနိုင်ငံသားမှန်သမျှ အမေရိကန် ဒေါ်လာကို လက်ဝယ်ကိုင်ဆောင် ခွင့်မရှိဘဲ မိမိတွင်ရှိသည့် ဒေါ်လာကို သက်ဆိုင်ရာထံအပ်နှံပြီး Foreign Exchange Certificate (FEC) ဟုခေါ်သည့် နိုင်ငံခြားငွေလဲလက်မှတ်များကို ဒေါ်လာအစား သုံးစွဲခဲ့ရသည်။ အဆိုပါ FEC သုံးစွဲမှုကို ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အစိုးရလက် ထက်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေကို စီမံခန့်ခွဲရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂ဝ၁၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂ဝ၁၅ ခုနှစ် နှင့် ၂ဝ၂၁ ခုနှစ်တို့တွင် အသီးသီးပြင်ဆင်ခဲ့သည်။
အဆိုပါဥပဒေတွင် နိုင်င့ခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ နိုင်ငံခြားသုံးငွေလုပ်ငန်းများ၊ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခြင်းနှင့်အသုံးပြုခြင်း၊ ကျပ် ငွေဖြင့် နိုင်ငံတကာပေးချေမှုများနှင့်လွှဲပြောင်းမှုများ၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများမှ ဆောင် ရွက်နိုင်သည့် လုပ်ငန်းများ၊ ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာများ ပြည်တွင်းပြည် ပသို့ ယူဆောင်ခြင်း၊ သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ၊ ငွေလုံးငွေ ရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ စသည့် ပြဋ္ဌာန်းချက်များပါဝင်ကြောင်း ဗဟိုဘဏ်ကအသိပေးထားသည်။
ထို့ကြောင့် ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟူသော ကိစ္စမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း ဗဟိုဘဏ်ဘက်က ဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်တွင်း၌ နေထိုင်သူများ၏ နိုင်ငံခြားသုံးငွေဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ် လျဉ်း၍ ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ ပြည်တွင်း၌ နေထိုင်သူ များအနေဖြင့် နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများကို အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပြီး အမိန့် ကြော်ငြာစာမထွက်မီ နိုင်ငံခြားငွေစာရင်းများ၌ရှိသော နိုင်ငံခြားငွေများကိုလည်း နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ(AD)ဘဏ်များသို့ ရောင်းချရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ကြောင့် လတ်တလောကာလတွင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်း၌ရှိသော နိုင်ငံခြား ငွေများအား သိမ်းယူနေသည်ဟူသော ကောလာဟလမှာလည်း မှန်ကန်ခြင်းမရှိကြောင်း ဗဟိုဘဏ်ဘက်က ဆိုသည်။

zawgyi version
FEC ေငြေၾကးစနစ္ပုံစံ ျပန္လည္လုပ္ေဆာင္ရန္ အစီအစဥ္မရွိေၾကာင္း ဗဟိုဘဏ္ျပန္လည္တုံ႔ျပန္
ဖူးျပည့္ (NP News) - ဇူလိုင္ ၂၄
ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ လုပ္ပိုင္ခြင့္ႏွင့္လုပ္ငန္း တာဝန္မ်ားတြင္ အေမရိကန္ ေဒၚလာတန္ဖိုးႏွင့္ညီမွ်ေသာ FEC ေငြေၾကးစနစ္ထုတ္ေဝႏိုင္ေၾကာင္း ျပ႒ာန္း ခ်က္မပါဝင္သည့္အတြက္ FEC ေငြေၾကးစနစ္ပုံစံအား ျပန္လည္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္ လည္းမရွိေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဘက္က ဇူလိုင္လ ၂၂ ရက္တြင္ အသိေပးထုတ္ျပန္ေၾကညာခဲ့သည္။
ျပည္တြင္းရွိ ေဒၚလာအားလုံးကို သိမ္းယူၿပီး ေဒၚလာအစားထိုး FEC စနစ္ကို ျပန္လည္အသက္သြင္းရန္ ျပင္ဆင္ ေနသည္ဆိုသည့္ သတင္းမ်ားလည္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လ်က္ရွိသည့္အတြက္ ဗဟိုဘဏ္ဘက္က ယခုကဲ့သို႔ ျပန္လည္တုံ႔ျပန္ခဲ့ျခင္းမ်ိဳးျဖစ္သည္။
ျမန္မာႏိုင္ငံသားမွန္သမွ် အေမရိကန္ ေဒၚလာကို လက္ဝယ္ကိုင္ေဆာင္ ခြင့္မရွိဘဲ မိမိတြင္ရွိသည့္ ေဒၚလာကို သက္ဆိုင္ရာထံအပ္ႏွံၿပီး Foreign Exchange Certificate (FEC) ဟုေခၚသည့္ ႏိုင္ငံျခားေငြလဲလက္မွတ္မ်ားကို ေဒၚလာအစား သုံးစြဲခဲ့ရသည္။ အဆိုပါ FEC သုံးစြဲမႈကို ၁၉၉၃ ခုႏွစ္တြင္ စတင္ခဲ့ၿပီး သမၼတ ဦးသိန္းစိန္အစိုးရလက္ ထက္တြင္ ျပန္လည္႐ုတ္သိမ္းခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားသုံးေငြကို စီမံခန႔္ခြဲရန္အတြက္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒကို ၂ဝ၁၂ ခုႏွစ္တြင္ ျပ႒ာန္းခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္ ႏွင့္ ၂ဝ၂၁ ခုႏွစ္တို႔တြင္ အသီးသီးျပင္ဆင္ခဲ့သည္။
အဆိုပါဥပေဒတြင္ ႏိုင္င့ျခားသုံးေငြစီမံခန႔္ခြဲမႈႏွင့္စပ္လ်ဥ္း၍ ဗဟိုဘဏ္၏ လုပ္ပိုင္ခြင့္ႏွင့္လုပ္ငန္းတာဝန္မ်ား၊ ႏိုင္ငံျခားသုံးေငြလုပ္ငန္းမ်ား၊ ႏိုင္ငံျခားေငြကိုင္ေဆာင္ျခင္း၊ ႏိုင္ငံျခားေငြစာရင္းဖြင့္လွစ္ျခင္းႏွင့္အသုံးျပဳျခင္း၊ က်ပ္ ေငြျဖင့္ ႏိုင္ငံတကာေပးေခ်မႈမ်ားႏွင့္လႊဲေျပာင္းမႈမ်ား၊ ႏိုင္ငံျခားသုံးေငြ လုပ္ငန္းလုပ္ကိုင္ခြင့္လိုင္စင္ရရွိသူမ်ားမွ ေဆာင္ ႐ြက္ႏိုင္သည့္ လုပ္ငန္းမ်ား၊ ေ႐ႊ၊ ႏိုင္ငံျခားသုံးေငြ၊ လက္ဝတ္ရတနာမ်ား ျပည္တြင္းျပည္ ပသို႔ ယူေဆာင္ျခင္း၊ သာမန္စာရင္းပိုင္းဆိုင္ရာလႊဲေျပာင္းေပးေခ်မႈမ်ား၊ ေငြလုံးေငြ ရင္းစာရင္းပိုင္းဆိုင္ရာ လႊဲေျပာင္းေပးေခ်မႈမ်ား စသည့္ ျပ႒ာန္းခ်က္မ်ားပါဝင္ေၾကာင္း ဗဟိုဘဏ္ကအသိေပးထားသည္။
ထို႔ေၾကာင့္ ၂ဝ၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ေဒၚလာတန္ဖိုးႏွင့္ညီမွ်ေသာ FEC ေငြေၾကးစနစ္ပုံစံအား ျပန္လည္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ဟူေသာ ကိစၥမွာ ေကာလာဟလသာျဖစ္ၿပီး ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒအရ ေဆာင္႐ြက္ႏိုင္ျခင္းမရွိေၾကာင္းႏွင့္ ေဆာင္႐ြက္ရန္အစီအစဥ္ လုံးဝမရွိေၾကာင္း ဗဟိုဘဏ္ဘက္က ဆိုသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ျပည္တြင္း၌ ေနထိုင္သူမ်ား၏ ႏိုင္ငံျခားသုံးေငြဆိုင္ရာေဆာင္႐ြက္ခ်က္မ်ားႏွင့္ စပ္ လ်ဥ္း၍ ၂ဝ၂၂ ခုႏွစ္ ဧၿပီလတြင္ ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။ အဆိုပါထုတ္ျပန္ခ်က္အရ ျပည္တြင္း၌ ေနထိုင္သူ မ်ားအေနျဖင့္ ႏိုင္ငံျခားသုံးေငြျဖင့္ရရွိေသာ ဝင္ေငြမ်ားကို အလုပ္လုပ္ရက္ တစ္ရက္အတြင္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရမည္ျဖစ္ၿပီး အမိန႔္ ေၾကာ္ျငာစာမထြက္မီ ႏိုင္ငံျခားေငြစာရင္းမ်ား၌ရွိေသာ ႏိုင္ငံျခားေငြမ်ားကိုလည္း ႏိုင္ငံျခားသုံးေငြမ်ားေရာင္းဝယ္ ေဖာက္ကားသည့္ လုပ္ငန္းလိုင္စင္ရ(AD)ဘဏ္မ်ားသို႔ ေရာင္းခ်ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီးျဖစ္သည္။
ထို႔ေၾကာင့္ လတ္တေလာကာလတြင္ ကုမၸဏီ၊ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္မ်ား၏ ႏိုင္ငံျခားေငြစာရင္း၌ရွိေသာ ႏိုင္ငံျခား ေငြမ်ားအား သိမ္းယူေနသည္ဟူေသာ ေကာလာဟလမွာလည္း မွန္ကန္ျခင္းမရွိေၾကာင္း ဗဟိုဘဏ္ဘက္က ဆိုသည္။