မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

 948

ရောင်နီ (NP News) - ဇူလိုင် ၂၅
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံပေါင်း ၇ဝ ကျော်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုများ တွေ့ရှိလာရတဲ့ အတွက် ၎င်းကို နိုင်ငံတကာစိုးရိမ်စရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီလို့ သိရပါတယ်။

"အပြည်ပြည်ဆိုင်ရာ စိုးရိမ်ပူပန်မှု ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် သတ်မှတ်လိုက်ခြင်းဟာ နိုင်ငံတကာတုံ့ပြန်မှု လိုအပ်ကြောင်းပြလိုတဲ့ အချက်ပေးသံတစ်ခုအဖြစ် ရည်ရွယ်ပြီး ရန်ပုံငွေ၊ ကာကွယ်ဆေးနဲ့ ကုသမှုများ မျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုများကို ဖွင့်လှစ်ပေးနိုင်ဖို့ဖြစ်ကြောင်း WHO က ဆိုပါ တယ်။

အစိုးရများဟာ ဆရာဝန်များနဲ့ ဆေးရုံများကြား အသိပညာပေးခြင်း၊ သံသယဖြစ်ဖွယ်ကိစ္စများမှာ အကာအကွယ် အစီအမံများပြုလုပ်ဖို့နဲ့ ရောဂါကူးစက်ခြင်းမှ ကာကွယ်နည်းများကို ပြည်သူများအား အသိပညာပေးခြင်းများ ပြုလုပ်ဖို့ အစိုးရများကို အကြံပြုထားပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် တဲဒရိုစ်အက်ဟန်နွန် ဂီဘရီရက်စူစ်က ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီ အရေးပေါ် ကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွမ်းကျင်သူများအကြား သဘောတူညီမှုမရှိပေမယ့်လည်း ကြေညာချက် ထုတ်ပြန်ဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ဒီလိုနည်းနဲ့အမိန့်ထုတ်ပြန်တာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီအကြီးအကဲက ဆိုပါတယ်။

အခုအချိန်ထိအတွင်း နိုင်ငံပေါင်း ၇၅ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၆ဝဝဝ ကျော်ရှိပြီး ၅ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာခြင်းဟာ WHO ရဲ့ အမြင့်ဆုံးအဆင့် သတိပေးချက်ဖြစ်ပြီး လက်ရှိဖြစ်ပွားမှုကို အလေးအနက်ထားသေချာစေဖို့ ရည်ရွယ်ကြောင်း WHO အရေးပေါ် အခြေအနေအကြီးအကဲ ဒေါက်တာ မိုက်ကယ်ရိုင်ယန်က ဆိုပါတယ်။

မျောက်ကျောက်ရောဂါဟာ အာဖရိကအလယ်ပိုင်းနဲ့ အနောက်အာဖရိက အစိတ်အပိုင်းများမှာ ဆယ်စုနှစ်များစွာ တည်ရှိနေပေမယ့်လည်း မေလမှစ ဥရောပ၊ မြောက်အမေရိကနဲ့ အခြားနေရာများမှာ ဒါဇင်နဲ့ ချီတဲ့ ကူးစက်မှုများ ပျံ့နှံ့သွားခဲ့ပါတယ်။ အာဖရိကမှာ မျောက်ကျောက်ရောဂါဟာ အများအားဖြင့် ကြွက်ကဲ့သို့သော တောရိုင်း တိရစ္ဆာန် များမှ လူများသို့ အဓိကကူးစက်ပေမယ့် ဥရောပ၊ မြောက်အမေရိကနဲ့ အခြားနေရာများမှာကတော့ တိရစ္ဆာန်တွေနဲ့ ဆက်စပ်မှုမရှိပေမယ့်၊ အာဖရိကသို့ ခရီးသွားလာမှုမရှိပေမယ့် ကူးစက်ပျနှံ့နေလျက်ရှိပါတယ်။

https://l.facebook.com/l.php?u=https%3A%2F%2Faje.io%2Fqc746b%3Ffbclid%3DIwAR0N2EQNzuOcwk_Stn7mmekoIYp5N7ysHkT3juXbNb1XhbLoazfwlkvBJkc&h=AT3pamVCC3yTi3pw95IvPllr1pHmiJVWW8Xcn6dR0cNkJfwhzNPtFumGI_RLnP-4WSCuz06jVnDwHwV26Fz5lPW50vkAcN1A9my5QYfdqQK0m2_ds9EX15n9i0bPLWS3tPoJKbVYWZe0-BhRlupTWAqNpZ_GvkbCfFQ

Zawgyi Version;
ေမ်ာက္ေက်ာက္ေရာဂါကို ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနအျဖစ္ WHO ေၾကညာ
ေရာင္နီ (NP News) - ဇူလိုင္ ၂၅
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ႏိုင္ငံေပါင္း ၇ဝ ေက်ာ္မွာ ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားမႈမ်ား ေတြ႕ရွိလာရတဲ့ အတြက္ ၎ကို ႏိုင္ငံတကာစိုးရိမ္စရာ အေရးေပၚအေျခအေနအျဖစ္ ေၾကညာလိုက္ၿပီလို႔ သိရပါတယ္။

"အျပည္ျပည္ဆိုင္ရာ စိုးရိမ္ပူပန္မႈ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေန" အျဖစ္ သတ္မွတ္လိုက္ျခင္းဟာ ႏိုင္ငံတကာတုံ႔ျပန္မႈ လိုအပ္ေၾကာင္းျပလိုတဲ့ အခ်က္ေပးသံတစ္ခုအျဖစ္ ရည္႐ြယ္ၿပီး ရန္ပုံေငြ၊ ကာကြယ္ေဆးနဲ႔ ကုသမႈမ်ား မွ်ေဝျခင္းအတြက္ ကမာၻလုံးဆိုင္ရာႀကိဳးပမ္းမႈမ်ားကို ဖြင့္လွစ္ေပးႏိုင္ဖို႔ျဖစ္ေၾကာင္း WHO က ဆိုပါ တယ္။

အစိုးရမ်ားဟာ ဆရာဝန္မ်ားနဲ႔ ေဆး႐ုံမ်ားၾကား အသိပညာေပးျခင္း၊ သံသယျဖစ္ဖြယ္ကိစၥမ်ားမွာ အကာအကြယ္ အစီအမံမ်ားျပဳလုပ္ဖို႔နဲ႔ ေရာဂါကူးစက္ျခင္းမွ ကာကြယ္နည္းမ်ားကို ျပည္သူမ်ားအား အသိပညာေပးျခင္းမ်ား ျပဳလုပ္ဖို႔ အစိုးရမ်ားကို အႀကံျပဳထားပါတယ္။

WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ တဲဒ႐ိုစ္အက္ဟန္ႏြန္ ဂီဘရီရက္စူစ္က ကုလသမဂၢက်န္းမာေရးေအဂ်င္စီ အေရးေပၚ ေကာ္မတီမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ကြၽမ္းက်င္သူမ်ားအၾကား သေဘာတူညီမႈမရွိေပမယ့္လည္း ေၾကညာခ်က္ ထုတ္ျပန္ဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ၿပီး ဒီလိုနည္းနဲ႔အမိန႔္ထုတ္ျပန္တာဟာ ဒါပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ ကုလသမဂၢက်န္းမာေရးေအဂ်င္စီအႀကီးအကဲက ဆိုပါတယ္။

အခုအခ်ိန္ထိအတြင္း ႏိုင္ငံေပါင္း ၇၅ ႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါကူးစက္ခံရသူ ၁၆ဝဝဝ ေက်ာ္ရွိၿပီး ၅ ဦး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။ ကမာၻလုံးဆိုင္ရာ အေရးေပၚအေျခအေနေၾကညာျခင္းဟာ WHO ရဲ႕ အျမင့္ဆုံးအဆင့္ သတိေပးခ်က္ျဖစ္ၿပီး လက္ရွိျဖစ္ပြားမႈကို အေလးအနက္ထားေသခ်ာေစဖို႔ ရည္႐ြယ္ေၾကာင္း WHO အေရးေပၚ အေျခအေနအႀကီးအကဲ ေဒါက္တာ မိုက္ကယ္႐ိုင္ယန္က ဆိုပါတယ္။

ေမ်ာက္ေက်ာက္ေရာဂါဟာ အာဖရိကအလယ္ပိုင္းနဲ႔ အေနာက္အာဖရိက အစိတ္အပိုင္းမ်ားမွာ ဆယ္စုႏွစ္မ်ားစြာ တည္ရွိေနေပမယ့္လည္း ေမလမွစ ဥေရာပ၊ ေျမာက္အေမရိကနဲ႔ အျခားေနရာမ်ားမွာ ဒါဇင္နဲ႔ ခ်ီတဲ့ ကူးစက္မႈမ်ား ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အာဖရိကမွာ ေမ်ာက္ေက်ာက္ေရာဂါဟာ အမ်ားအားျဖင့္ ႂကြက္ကဲ့သို႔ေသာ ေတာ႐ိုင္း တိရစာၦန္ မ်ားမွ လူမ်ားသို႔ အဓိကကူးစက္ေပမယ့္ ဥေရာပ၊ ေျမာက္အေမရိကနဲ႔ အျခားေနရာမ်ားမွာကေတာ့ တိရစာၦန္ေတြနဲ႔ ဆက္စပ္မႈမရွိေပမယ့္၊ အာဖရိကသို႔ ခရီးသြားလာမႈမရွိေပမယ့္ ကူးစက္ပ်ႏွံ႔ေနလ်က္ရွိပါတယ္။

https://l.facebook.com/l.php?u=https%3A%2F%2Faje.io%2Fqc746b%3Ffbclid%3DIwAR0N2EQNzuOcwk_Stn7mmekoIYp5N7ysHkT3juXbNb1XhbLoazfwlkvBJkc&h=AT3pamVCC3yTi3pw95IvPllr1pHmiJVWW8Xcn6dR0cNkJfwhzNPtFumGI_RLnP-4WSCuz06jVnDwHwV26Fz5lPW50vkAcN1A9my5QYfdqQK0m2_ds9EX15n9i0bPLWS3tPoJKbVYWZe0-BhRlupTWAqNpZ_GvkbCfFQ

Related news

© 2021. All rights reserved.