ကြွေးမြီထောင်ချောက် ဒစ်ပလိုမေစီ

 1324

မောင်တင်ထွန်း (NP News) - ဇူလိုင် ၂၅

ဝေါဟာရ စတင်ပြန့်နှံ့ပုံ
တရုတ်နိုင်ငံခြားရေးပေါ်လစီကို ဝေဖန်သုံးသပ်သည့် အနောက်တိုင်းဝေဖန်ရေးသမားများက သီရိလင်္ကာနိုင်ငံတွင် (Exim Bank of China) တရုတ်ထုတ်ကုန်သွင်းကုန်ဘဏ်ချေးငွေဖြင့် ဟမ်ဘန်တိုတာ နိုင်ငံတကာသင်္ဘောဆိပ်နှင့် မတ္တလာရာဂျာပတ်ဆာ နိုင်ငံ တကာလေဆိပ်တည်ဆောက်ခြင်းများက အကျိုးအမြတ်မရှိသည့် ဆင်ဖြူတော်ဝယ်ခြင်းမျိုးသာဖြစ်ပြီး ကြွေးမြီထောင်ချောက်တစ်ခု၏ ထင်ရှားသောနမူနာ တစ်ခုဖြစ်သည်ဟုဆိုကြလေသည်။

ကြွေမြီထောင်ချောက် ဒစ်ပလိုမေစီ Debt Trap Diplomacy ဆိုသည့် ဝေါဟာရမှာ အိန္ဒိ ယ အမျိုးသား လုံခြုံရေး အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ နယူးဒေလီရှိ ပေါ်လစီသုတေ သနစင်တာမှ မဟာဗျူဟာလေ့လာရေး ပါမောက္ခဖြစ်သူ ဘရာမာ ချဲလင်နီ Brahma Chellaney က တရုတ်နိုင်ငံ၏ အတိုးကြီးစား ငွေချေးငှားရေး အလေ့အထများနှင့် ပတ် သက်၍ပြောကြားရာတွင် သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ သူ၏စွပ်စွဲချက်တွင် တရုတ်နိုင်ငံက ဆင်းရဲသောနိုင်ငံများသို့ စဉ်ဆက်မပြတ် မရပ်တည်နှိုင်လောက်သော ချေးငွေများပေး ကမ်း၍ မဟာဗျူဟာကျသည့် အချက်အချာနေရာများကို သိမ်းယူကာ လွှမ်းမိုးချုပ်ကိုင် သည်ဟု ဆိုပါသည်။ အဆိုပါ ဝေါဟာရကို ၂ဝ၁၇ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး မီဒီယာများ၊ ထောက်လှမ်း‌ရေး အဖွဲ့အစည်းများနှင့် အနောက်တိုင်း အစိုးရများဆီသို့ တနှစ်အတွင်းပြန့်နှံ့သွားခဲ့ပါသည်။ အဆိုပါ ဝေါဟာရကို ဟားဗတ်ကနေဒီ တက္ကသိုလ်၏ သိပ္ပံနှင့် နိုင်ငံ တကာ‌ရေးရာ ဘဲလ်ဖာစင်တာက ၂ဝ၁၈ ခုနှစ်အစီရင်ခံစာတွင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာတွင်၊ တရုတ်နိုင်ငံ၏ ပထဝီမဟာဗျူဟာ အကျိုးစီးပွားနှင့် ဆက်စပ်သည့် ကြွေးမြီထောင်ချောက် ဒစ်ပလိုမေစီဟု အနက်ဖွင့်ပါသည်။ ကြွေးမြီထောင်ချောက် ဒစ်ပလိုမေစီကို အကြွေးစာရင်းစာအုပ် ဒစ်ပလိုမေစီ “debtbook diplomacy” ဟုလည်း ခေါ်ကြပါသေးသည်။

တခြားပြည်ပကြွေးမြီများ ပေးဆပ်ရန် သင်္ဘောဆိပ်ကို ၉၉ နှစ်အငှားချထား ၂ဝဝ၇ ခုနှစ်တွင် တရုတ်အစိုးရပိုင်- တရုတ်သင်္ဘောဆိပ်အင်ဂျင်နီယာကုမ္ပဏီနှင့် ဆင်နိုဟိုက်ဒြို ကော်ပိုရေးရှင်းတို့ကို ငှားရမ်း၍ ဒေါ်လာ ၃၆၁ သန်းတန်သင်္ဘောဆိပ်ကို တည်ဆောက်ခဲ့လေသည်။ တရုတ် Exim ဘဏ်က တစ်နှစ် အတိုးနှုန်း ၆.၃ ရာခိုင်နှုန်းဖြင့် စီမံကိန်း၏ ၈၅ ရာခိုင်နှုန်းကိုထောက်ပံ့သည်။ စီမံကိန်းပြီးဆုံးချိန်တွင် ဆိပ်ကမ်းစီမံအုပ်ချုပ်‌‌ရေး အတွေ့အကြုံမရှိခြင်းနှင့် အခြားသောပြည်ပကြွေးမြီများပေးဆပ်ရန်ငွေလိုအပ်ခြင်းကြောင့်၊ ဆိပ်ကမ်းကို အတွေ့အကြုံရှိသော ကုမ္ပဏီတခုခုသို့ ငှားရမ်းရန် စဉ်းစားကြလေသည်။ သို့ဖြစ်၍ သီရိလင်္ကာ အစိုးရက ဆောက် လုပ်နေဆဲဆိပ်ကမ်းကို တရုတ် အစိုးရပိုင် China Merchants Port ကုမ္ပဏီသို့ ၉၉ နှစ်ကြာအငှားချထားရန် ဆုံးဖြတ်ခဲ့လေသည်။ ထိုကုမ္ပဏီမှပေးသော ငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလျံကို သီရိလင်္ကာအစိုးရက ပြည်ပငွေပေး ငွေယူရှင်းတမ်းများတွင် ပေးဆပ်စရာရှိသည့် ကိစ္စများ၌ အသုံးပြုလိုက်လေသည်။ ယခုကိစ္စမှာ အကြွေးဖြင့် ပစ္စည်းသိမ်းခြင်းမျိုးမဟုတ်ဘဲ သီရိလင်္ကာအနေဖြင့် ဆိပ်ကမ်းတည်ဆောက်ရာတွင်ကုန်ကျထားသည့် ဘဏ်ချေးငွေများကို မူလစာချုပ်ပါအတိုင်း နှစ်ရှည်ဆက်လက်ပေးဆပ်သွားမည် ဖြစ်သည်။ သီရိလင်္ကာအ နေဖြင့် ၉၉ နှစ်တာ ငှားရမ်းခရရှိငွေ ၁.၁၂ ဘီလျံကို တခြားနိုင်ငံခြားကြွေးရှင်များကို ပေးဆပ်ခြင်းနှင့် နိုင်ငံခြားအရန်ငွေ တွင် ဖြည့်တင်းခြင်းတို့တွင် အသုံးပြုလေသည်။

တရုတ်တို့က ရေတပ်အခြေစိုက်စခန်း အဖြစ်သုံးမှာလား။ ဤကိစ္စက အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ တို့ကို စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေပြီး၊ ပထဝီနိုင်ငံရေးပြိုင်ဘက်များကို ဝိုင်းပတ်ရန် ဟမ်ဘန်တိုတာကို တရုတ်က ရေတပ်အခြေစိုက်စခန်းအဖြစ်အသုံးပြုနှိုင်ခြင်း၊ ဆိပ်ကမ်း အပေါင် ပြန်လည်နှုတ်ခွင့်ကို ပိတ်ပင်ခြင်းများ ပြုလုပ်လေမည်လားဟု စိုးရိမ်ကြလေသည်။ သို့သော်လည်း ဟမ်ဘန်တိုတာ ဆိပ်ကမ်းဆောက်လုပ်ရန်ကိစ္စမှာ တ ရုတ်က အဆိုပြုခြင်းမဟုတ်ဘဲ သီရိလင်္ကာသမတ ရာဂျာပတ်ဆာက အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း “တရုတ်ကြွေးမြီထောင်ချောက်”ဟု ဝေဖန်နေသူများသိရှိကြပါသည်။ ထို့ ပြင် ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီကိုငှားရမ်းခဲ့ခြင်းသာဖြစ်ပြီး တရုတ်ရေတပ်သင်္ဘောများ ဆိုက်ကပ်အသုံးပြုခွင့်မရှိဘဲ သီရိလင်္ကာရေတပ်စခန်း အခြေစိုက်ထားရာ ဆိပ်ကမ်းလည်းဖြစ်ပါသည်။

တရုတ်နိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ် ကရုနာ စေနာ ကိုဒစ်တူဝါကု က “တရုတ်နိုင်ငံအစိုးရက သီရိလင်္ကာအစိုးရကို ဆိပ်ကမ်းလွှဲပေးဖို့ တောင်းဆိုတာမဟုတ်ပါ။ သီရိလင်္ကာအစိုးရကသာ တရုတ်အစိုးရကို ဆိပ်ကမ်းငှားရမ်းအသုံးပြုဖို့ စတင်အဆိုပြုတာဖြစ်ပါတယ်။” တခြားသော သီရိလင်္ကာကိုယ်စားလှယ်များကလည်း ဒါဟာ သီရိလင်္ကာအတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများကို လက်ကမ်း ကြိုဆိုရေးမှာအဓိပ္ပာယ်ရှိတဲ့ကမ်းလှမ်းချက် တခုဖြစ်ကြောင်း၊ အကြောင်းမှာ ထိုဆိပ်ကမ်းတွင် အများဆုံး ဆိုက်ကပ်သည့် ကုန်သွယ်ရေးသင်္ဘောများမှာ တရုတ်ပြည်မှဖြစ်သည့်အတွက်ကြောင့်ဟုဆိုပါသည်။

ဟမ်ဘန်တိုတာ တည်ဆောက်ရန် တရုတ်က အဆိုပြုခဲ့ခြင်းမဟုတ်
အမေရိကန်နိုင်ငံ၊ ဂျွန်‌ဟော့ပ်ကင်း ယူနီဗာစတီမှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒီဘိုရာ ဘရော့တီဂမ် ( Deborah Brautigam) က “ကြွေးမြီထောင်ချောက် - သံတမန်ရေး” ဆိုသည့် ဝေါဟာရနှင့်ပတ်သက်၍ ငြင်းဆိုရာတွင် တရုတ်ဘဏ်များသည် သီရိလင်္ကာနိုင်ငံအပေါ်လတ်တလောတင်ရှိနေသည့် ကြွေးမြီများနှင့်ပတ်သက်သော စေ့ရောက်သည့် အချိန်ကာလကို ပြန်လည်ပြင်ဆင်ပေးရန် ဆန္ဒရှိကြောင်းပြောဆိုခဲ့သည်။ ထို့ပြင် ဆိပ်ကမ်းမတည် ဆောက်မီက ကနေဒီယန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ ဘဏ္ဍာ ရေးထောက်ပံ့မှုဖြင့် Canadian engineering and construction firm တခုဖြစ်သည့် SNC-Lavalin က ဖြစ်နှိုင်ချေ ရှိ-မရှိလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပြီး၊ ၂ဝဝ၃ ခုနှစ်တွင် လေ့လာမှုပြီးစီးကာ ဟမ်ဘန်တိုတာဆိပ်ကမ်းတည်ဆောက်ရေးဖြစ်နှိုင်ချေရှိသည်ဟု ထောက်ခံခဲ့ပါသည်။ ထို့နောက် Danish engineering firm တခုဖြစ်သော Ramboll ကလည်း ဒုတိယမြောက် လေ့လာသုံးသပ်မှုပြုသည့်အခါ ၂ဝဝ၆ ခုနှစ်တွင်ပြီးစီးပြီး အလား တူပင် ဖြစ်နှိုင်ချေရှိသည်ဟု ထောက်ခံခဲ့ကြောင်း ဒီဘိုရာ ဘရော့တီဂမ် ကဆိုပါသည်။

Ramboll ၏ ဖြစ်နှိုင်ချေရှိကြောင်း အစီရင်ခံစာအရ သီရိလင်္ကာအစိုးရသည် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယ နိုင်ငံတို့ကို ချဉ်းကပ်ခဲ့ပါသော်လည်း နှစ်နိုင်ငံလုံး၏ ငြင်းဆိုခြင်းကို ခံခဲ့ရပေသည်။ သို့သော် တရုတ် ဆောက်လုပ်ရေးကုမ္ပဏီတခုဖြစ်သော China Harbor Group က သီရိလင်္ကာအစိုးရ၏ မျှော်လင့်ချက်များ ကို လေ့လာပြီး တရုတ် ထုတ်ကုန်သွင်းကုန် ဘဏ် China Exim bank မှ ငွေထုတ်ချေးပေးရန် စည်းရုံးခဲ့ရာ အောင်မြင်ခဲ့ပြီး ဆိပ်ကမ်းတည်ဆောက်ရေး ကန်ထရိုက်ကို ရရှိခဲ့ပါသည်။

ဤကိစ္စဖြစ်ပေါ်ခဲ့သည်မှာ ၂ဝဝ၇ ခုနှစ်တွင်ဖြစ်ပြီး ရှီကျင့်ဖျင်က စတင်မိတ်ဆက်သည့် ခါးပတ်လမ်း ပဏာမ ခြေလှမ်း (Belt and Road Initiative ) ထက် ၆ နှစ်စောပါသည်။ သီရိလင်္ကာအနေဖြင့်လည်း သွေးထွက်သံယို သေကြေမှုအများဆုံး ပြည်တွင်းစစ်ကို မီးကုန်ယမ်းကုန်တိုက်ခိုက်နေရဆဲကာလဖြစ်သည့်ပြင် ကမ္ဘာတဝှမ်းတွင် လည်း ဘဏ္ဍာရေး အကြပ်အတည်းဆိုက်လုနီးနီး အခြေအနေဆိုးနေချိန်ဖြစ်ပါသည်။

အသေးစိတ်ဆောင်ရွက်ရမှုများက အ‌‌ရေးကြီးပါသည်။ တရုတ် Exim bank က ၁၅ နှစ်ကြာမြင့်မည့် ကုန်သွယ်ရေးချေးငွေ ဒေါ်လာ ၃ဝ၇ သန်းကို ဆိုင်းငံ့ကာလ ၄ နှစ်ထားပေးမည်၊ သီရိလင်္ကာအနေဖြင့် ၆.၃ ရာခိုင်နှုန်း ပုံသေအတိုးနှုန်းဖြင့် ယူမည်လော၊ သို့မဟုတ် (LIBOR – London Interbank Offered Rate) ဖြင့် အတိုးနှုန်းအတက်အကျ နှုန်းရှင်ဖြင့်ယူမည်လော ဟုရွေးချယ်စေရာ၊ ဆွေးနွေးနေသည့် ကာလတွင် ကမ္ဘာ့ အတိုးနှုန်းများမှာ တက်ရိပ်ပြနေသည့်အတွက် သီရိလင်္ကာ က ၆.၃ ရာခိုင်နှုန်း ပုံသေအတိုးနှုန်းဖြင့်ယူရန် ရွေးချယ်ခဲ့သည်။

သီရိလင်္ကာ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ (Sri Lanka Ports Authority (SLPA) ဆလီယာ ဝိကရာမဆူရီယာက "ပြည်တွင်းစစ်ဖြစနေတဲ့ ကာလအတွင်းမှာ ဒေါ်လာ သန်း ၃ဝဝ ဆိုတဲ့ ကုန်သွယ်ရေးချေးငွေ ပမာဏ ရရှိဖို့ဆိုတာ မ လွယ်ပါဘူး”ဟု ဒီဘိုရာ ဘရော့တီဂမ်တို့ကို ရှင်းပြလေသည်။ အဆိုပါနှစ် ထဲမှာပင် သီရိလင်္ကာက ပထမဆုံးနိုင်ငံတကာ ငွေချေးစာချုပ်များကို အတိုးနှုန်း ၈.၂၅ ရာခိုင်နှုန်းတိုးဖြင့် ထုတ်ဝေရောင်းချကာ ငွေချေးယူခဲ့ရလေသည်။

၂ဝဝ၉ ခုနှစ်တွင် တမီးလ်တိုက်ဂါးသူပုန်များကို အနိုင်တိုက်နှိုင်ခဲ့ပြီးနောက် တိုင်းပြည်၏ အခြေခံအဆောက် အဉီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်‌‌‌ရေးလုပ်ငန်းများကို အကြွေးဖြင့် စတင်ရလေတော့သည်။ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းမှာ နှစ်စဉ် ၆ ရာခိုင်နှုန်းတက်လာခဲ့သလို အကြွေးဝန်ထုတ်ဝန်ပိုးကလည်း တဖြေးဖြေးတိုးတက်လာခဲ့လေသည်။

ဟမ်ဘန်တိုတာဆိပ်ကမ်း ပထမအဆင့်တည်ဆောက်မှုမှာ ၃ နှစ်အတွင်းပြီးစီးသွားပြီးနောက် Ramboll အဖွဲ့က အကြံပြုသကဲ့သို့ အခွန်အကောက်စုဆောင်းမှုပြုရန် မစောင့် ဆိုင်းတော့ဘဲ၊ သမတ မဟင်ဒါ ရာဂျာပတ် ဆာက ဒုတိယအဆင့် တည်ဆောက်ရေးကို တက်သုတ်ရိုက်ကာ ကွန်တိန်နာ ဆိပ်ကမ်းအဖြစ်ပြောင်းလဲပစ်ပါ သည်။ ၂ဝ၁၂ ခုနှစ်တွင် တရုတ် Exim bank မှ နောက်ထပ် ဒေါ်လာ ၇၅၇ သန်းချေးငှားပါသည်။ ယခုတစ်ကြိမ်တွင် ဘဏ္ဍာရေးအကြပ်အတည်းလွန်ကာလဖြစ်၍ အတိုးနှုန်း ၂ ရာခိုင်နှုန်းသက် သာပါသည်။

အတိုးလည်းများ ပမာဏလည်းများတဲ့ ISB ( International Sovereign Bond) များ
၂ဝ၁၅ ခုနှစ် သမ္မတ မိုင်သရီပါလ ဆီရိဆီနမ် တက်လာသောအခါ သီရိလင်္ကာပေးဆပ်ရမည့် အကြွေးများတွင် တရုတ်ကိုပေးရမည့်အကြွေးထက် ဂျပန်၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် တို့ကိုပေးရမည့် အကြွေးကပိုမို များပြားပါသည်။ ၂၀၁၇ ခုနှစ်တွင် သီရိလင်္ကာကပေးဆပ်ရမည့် ကြွေးမြီ ၄.၅ ဘီလျံဒေါ်လာ ရှိသည့်အနက် ဟမ်ဘန်တိုတာအတွက်ပေးဆပ်ရမည့်အကြွေးမှာ ၅ ရာ ခိုင်နှုန်းသာပါဝင်သည်။ သီရိလင်္ကာ ဗဟိုဘဏ်မှ အုပ်ချုပ် ရေးအဖွဲ့ဝင်လူကြီးများက ပါမောက္ခ ဘရော့တီဂမ်ကို ပြောကြားချက်အရ ဟမ်ဘန်တိုတာကဲ့သို့သော တရုတ် ထောက်ပံ့ချေးငွေဖြင့် လုပ်ကိုင်သည့် လုပ်ငန်းများမှာ တိုင်းပြည်၏ဘဏ္ဍာရေးအတွက် ဒုက္ခပေးသည့်အရင်းအမြစ် များ မဟုတ်ကြောင်း၊ သီရိလင်္ကာက တရုတ်ကြွေးမြီများနှင့် ပတ်သက်ပြီး (default) ယာယီရပ်ဆိုင်းရန် မရှိ ကြောင်း ဆိုလေသည်။

သီရိလင်္ကာနိုင်ငံသည် မူလက IMF မှ bailout အကူအညီရယူရန်စီစဉ်ခဲ့သေးသည်။ သို့သော်လည်း နောက် ပိုင်းတွင် လိုအပ်သောရန်ပုံငွေကို ဆောက်လုပ်ဆဲ ဟမ်ဘန်တိုတာဆိပ်ကမ်းကို အတွေ့အကြုံရှိသော ကုမ္ပဏီ တခုခုသို့ အငှားချထားခြင်းဖြင့် ရရှိအောင် ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ ကနေဒီယန် ဖြစ်နှိုင်ချေလေ့လာချက် Canadian feasibility study က ထောက်ခံ‌သော အကြံညဏ်လည်း ဖြစ်ပေသည်။

၂ဝ၂ဝ ခုနှစ်တွင် ချတ်သမ်ဟောက်စ် (Chatham House) ကထုတ်ဝေသော သုတေသန စာစောင်တခု၌ သီရိလင်္ကာ၏ ကြွေးမြီ ဒုက္ခမှာ တရုတ်ချေးငွေများနှင့် မပတ်သက်ကြောင်း၊ တရုတ်အစိုးရ၏ ပေါ်လစီများထက် အနောက်တိုင်းမှ ချေးငွေများနှင့် ပြည် တွင်းပေါ်လစီဆုံးဖြတ်ချက်များကြောင့် ပိုမိုသက်ရောက်မှုရှိကြောင်း ဆိုလေသည်။ ထိုသုတေသနစာစောင်က ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်က ရေတပ်စစ်စခန်းအဖြစ် အသုံးပြု လိမ့်မည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်၍လည်း လုံးဝမှားယွင်းသည်ဟုဖေါ်ပြပါသည်။ သီရိလင်္ကာနိုင်ငံရေး သမားများနှင့် သံတမန်များက အဆိုပါကိစ္စနှင့်ပတ်သက်၍ ပီကင်းအနေဖြင့် မည်သည့်အခါမျှလုပ်လိမ့်မည် မဟုတ် ကြောင်း၊ ဆိပ်ကမ်းကို ငှားရမ်းမှုစတင်ကတည်းက တရုတ်စစ်ရေးလှုပ်ရှားမှု အထောက်အထားများလည်း မတွေ့ ရကြောင်း ပြောဆိုကြပါသည်။

သြစတြေးလျ လိုဝီ အင်စတီကျု The Australian Lowy Institute က သီရိလင်္ကာဟာ “ တရုတ်ကြွေးမြီ ထောင်ချောက်မှာပိတ်မိနေတာမဟုတ်” ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သီရိလင်္ကာရဲ့ ပြည်ပကြွေးမြီ ၄၇ ရာခိုင်နှုန်းက နိုင်ငံတကာ အရင်းအနှီးစျေးကွက်မှာ အစိုးရငွေတိုက်စာချုပ် (ISB) တွေရောင်းချထားမှုကရှာထားတာဖြစ်ပြီး၊ ၂၂ % ကတော့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်က ချေးယူထားတာဖြစ်ပါတယ်။ ဂျပန်နဲ့ တရုတ်ဆီက ယူထားတဲ့ အကြွေးက ၁ဝ ရာခိုင်နှုန်း စီဘဲရှိပါတယ် လို့ဆိုပါတယ်။

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အနောက်တိုင်းမီဒီယာများက ဝေဖန်ပြောဆိုနေကြသည့် တရုတ်၏ ကြွေးမြီ ထောင်ချောက် ဒစ်ပလိုမေစီ ဆိုသည်မှာ အချက်အလက်များအရ မှန်ကန်မှုမရှိဘဲ၊ အခြေခံအဆောက်အဉီများ တည်ဆောက်သင့်-မတည်ဆောက်သင့်၊ အကြွေးယူ-မယူ ဆိုသည်တို့မှာ ကာယကံရှင် နိုင်ငံများ၏ အဆုံးအဖြတ် ကသာ အဓိက ကျသည်ဟုဆိုရပါလိမ့်မည်။

ကိုးကား
The Atlantic အွန်လိုင်းဂျာနယ်မှ Deborah Brautigam နှင့် Meg Rithmiree တို့၏ Chinese ‘Debt Trap’ Is a Myth
ဝီကီပီဒီးယား၏ Debt-trap diplomacy

zawgyi version
ေႂကြးၿမီေထာင္ေခ်ာက္ ဒစ္ပလိုေမစီ
ေမာင္တင္ထြန္း (NP News) - ဇူလိုင္ ၂၅

ေဝါဟာရ စတင္ျပန႔္ႏွံ႔ပုံ
တ႐ုတ္ႏိုင္ငံျခားေရးေပၚလစီကို ေဝဖန္သုံးသပ္သည့္ အေနာက္တိုင္းေဝဖန္ေရးသမားမ်ားက သီရိလကၤာႏိုင္ငံတြင္ (Exim Bank of China) တ႐ုတ္ထုတ္ကုန္သြင္းကုန္ဘဏ္ေခ်းေငြျဖင့္ ဟမ္ဘန္တိုတာ ႏိုင္ငံတကာသေဘၤာဆိပ္ႏွင့္ မတၱလာရာဂ်ာပတ္ဆာ ႏိုင္ငံ တကာေလဆိပ္တည္ေဆာက္ျခင္းမ်ားက အက်ိဳးအျမတ္မရွိသည့္ ဆင္ျဖဴေတာ္ဝယ္ျခင္းမ်ိဳးသာျဖစ္ၿပီး ေႂကြးၿမီေထာင္ေခ်ာက္တစ္ခု၏ ထင္ရွားေသာနမူနာ တစ္ခုျဖစ္သည္ဟုဆိုၾကေလသည္။

ေႂကြၿမီေထာင္ေခ်ာက္ ဒစ္ပလိုေမစီ Debt Trap Diplomacy ဆိုသည့္ ေဝါဟာရမွာ အိႏၵိ ယ အမ်ိဳးသား လုံၿခဳံေရး အႀကံေပးအဖြဲ႕ဝင္တစ္ဦးျဖစ္သူ၊ နယူးေဒလီရွိ ေပၚလစီသုေတ သနစင္တာမွ မဟာဗ်ဴဟာေလ့လာေရး ပါေမာကၡျဖစ္သူ ဘရာမာ ခ်ဲလင္နီ Brahma Chellaney က တ႐ုတ္ႏိုင္ငံ၏ အတိုးႀကီးစား ေငြေခ်းငွားေရး အေလ့အထမ်ားႏွင့္ ပတ္ သက္၍ေျပာၾကားရာတြင္ သုံးႏႈန္းခဲ့ျခင္းျဖစ္သည္။ သူ၏စြပ္စြဲခ်က္တြင္ တ႐ုတ္ႏိုင္ငံက ဆင္းရဲေသာႏိုင္ငံမ်ားသို႔ စဥ္ဆက္မျပတ္ မရပ္တည္ႏႈိင္ေလာက္ေသာ ေခ်းေငြမ်ားေပး ကမ္း၍ မဟာဗ်ဴဟာက်သည့္ အခ်က္အခ်ာေနရာမ်ားကို သိမ္းယူကာ လႊမ္းမိုးခ်ဳပ္ကိုင္ သည္ဟု ဆိုပါသည္။ အဆိုပါ ေဝါဟာရကို ၂ဝ၁၇ ခုႏွစ္တြင္ စတင္အသုံးျပဳခဲ့ၿပီး မီဒီယာမ်ား၊ ေထာက္လွမ္း‌ေရး အဖြဲ႕အစည္းမ်ားႏွင့္ အေနာက္တိုင္း အစိုးရမ်ားဆီသို႔ တႏွစ္အတြင္းျပန႔္ႏွံ႔သြားခဲ့ပါသည္။ အဆိုပါ ေဝါဟာရကို ဟားဗတ္ကေနဒီ တကၠသိုလ္၏ သိပၸံႏွင့္ ႏိုင္ငံ တကာ‌ေရးရာ ဘဲလ္ဖာစင္တာက ၂ဝ၁၈ ခုႏွစ္အစီရင္ခံစာတြင္ အဓိပၸာယ္ဖြင့္ဆိုခဲ့ရာတြင္၊ တ႐ုတ္ႏိုင္ငံ၏ ပထဝီမဟာဗ်ဴဟာ အက်ိဳးစီးပြားႏွင့္ ဆက္စပ္သည့္ ေႂကြးၿမီေထာင္ေခ်ာက္ ဒစ္ပလိုေမစီဟု အနက္ဖြင့္ပါသည္။ ေႂကြးၿမီေထာင္ေခ်ာက္ ဒစ္ပလိုေမစီကို အေႂကြးစာရင္းစာအုပ္ ဒစ္ပလိုေမစီ “debtbook diplomacy” ဟုလည္း ေခၚၾကပါေသးသည္။

တျခားျပည္ပေႂကြးၿမီမ်ား ေပးဆပ္ရန္ သေဘၤာဆိပ္ကို ၉၉ ႏွစ္အငွားခ်ထား ၂ဝဝ၇ ခုႏွစ္တြင္ တ႐ုတ္အစိုးရပိုင္- တ႐ုတ္သေဘၤာဆိပ္အင္ဂ်င္နီယာကုမၸဏီႏွင့္ ဆင္ႏိုဟိုက္ၿဒိဳ ေကာ္ပိုေရးရွင္းတို႔ကို ငွားရမ္း၍ ေဒၚလာ ၃၆၁ သန္းတန္သေဘၤာဆိပ္ကို တည္ေဆာက္ခဲ့ေလသည္။ တ႐ုတ္ Exim ဘဏ္က တစ္ႏွစ္ အတိုးႏႈန္း ၆.၃ ရာခိုင္ႏႈန္းျဖင့္ စီမံကိန္း၏ ၈၅ ရာခိုင္ႏႈန္းကိုေထာက္ပံ့သည္။ စီမံကိန္းၿပီးဆုံးခ်ိန္တြင္ ဆိပ္ကမ္းစီမံအုပ္ခ်ဳပ္‌‌ေရး အေတြ႕အႀကဳံမရွိျခင္းႏွင့္ အျခားေသာျပည္ပေႂကြးၿမီမ်ားေပးဆပ္ရန္ေငြလိုအပ္ျခင္းေၾကာင့္၊ ဆိပ္ကမ္းကို အေတြ႕အႀကဳံရွိေသာ ကုမၸဏီတခုခုသို႔ ငွားရမ္းရန္ စဥ္းစားၾကေလသည္။ သို႔ျဖစ္၍ သီရိလကၤာ အစိုးရက ေဆာက္ လုပ္ေနဆဲဆိပ္ကမ္းကို တ႐ုတ္ အစိုးရပိုင္ China Merchants Port ကုမၸဏီသို႔ ၉၉ ႏွစ္ၾကာအငွားခ်ထားရန္ ဆုံးျဖတ္ခဲ့ေလသည္။ ထိုကုမၸဏီမွေပးေသာ ငွားရမ္းခ အေမရိကန္ေဒၚလာ ၁.၁၂ ဘီလ်ံကို သီရိလကၤာအစိုးရက ျပည္ပေငြေပး ေငြယူရွင္းတမ္းမ်ားတြင္ ေပးဆပ္စရာရွိသည့္ ကိစၥမ်ား၌ အသုံးျပဳလိုက္ေလသည္။ ယခုကိစၥမွာ အေႂကြးျဖင့္ ပစၥည္းသိမ္းျခင္းမ်ိဳးမဟုတ္ဘဲ သီရိလကၤာအေနျဖင့္ ဆိပ္ကမ္းတည္ေဆာက္ရာတြင္ကုန္က်ထားသည့္ ဘဏ္ေခ်းေငြမ်ားကို မူလစာခ်ဳပ္ပါအတိုင္း ႏွစ္ရွည္ဆက္လက္ေပးဆပ္သြားမည္ ျဖစ္သည္။ သီရိလကၤာအ ေနျဖင့္ ၉၉ ႏွစ္တာ ငွားရမ္းခရရွိေငြ ၁.၁၂ ဘီလ်ံကို တျခားႏိုင္ငံျခားေႂကြးရွင္မ်ားကို ေပးဆပ္ျခင္းႏွင့္ ႏိုင္ငံျခားအရန္ေငြ တြင္ ျဖည့္တင္းျခင္းတို႔တြင္ အသုံးျပဳေလသည္။

တ႐ုတ္တို႔က ေရတပ္အေျခစိုက္စခန္း အျဖစ္သုံးမွာလား။ ဤကိစၥက အေမရိကန္၊ ဂ်ပန္ႏွင့္ အိႏၵိယ တို႔ကို စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေစၿပီး၊ ပထဝီႏိုင္ငံေရးၿပိဳင္ဘက္မ်ားကို ဝိုင္းပတ္ရန္ ဟမ္ဘန္တိုတာကို တ႐ုတ္က ေရတပ္အေျခစိုက္စခန္းအျဖစ္အသုံးျပဳႏႈိင္ျခင္း၊ ဆိပ္ကမ္း အေပါင္ ျပန္လည္ႏႈတ္ခြင့္ကို ပိတ္ပင္ျခင္းမ်ား ျပဳလုပ္ေလမည္လားဟု စိုးရိမ္ၾကေလသည္။ သို႔ေသာ္လည္း ဟမ္ဘန္တိုတာ ဆိပ္ကမ္းေဆာက္လုပ္ရန္ကိစၥမွာ တ ႐ုတ္က အဆိုျပဳျခင္းမဟုတ္ဘဲ သီရိလကၤာသမတ ရာဂ်ာပတ္ဆာက အဆိုျပဳခဲ့ျခင္းျဖစ္ေၾကာင္း “တ႐ုတ္ေႂကြးၿမီေထာင္ေခ်ာက္”ဟု ေဝဖန္ေနသူမ်ားသိရွိၾကပါသည္။ ထို႔ ျပင္ ဆိပ္ကမ္းကို တ႐ုတ္ကုမၸဏီကိုငွားရမ္းခဲ့ျခင္းသာျဖစ္ၿပီး တ႐ုတ္ေရတပ္သေဘၤာမ်ား ဆိုက္ကပ္အသုံးျပဳခြင့္မရွိဘဲ သီရိလကၤာေရတပ္စခန္း အေျခစိုက္ထားရာ ဆိပ္ကမ္းလည္းျဖစ္ပါသည္။

တ႐ုတ္ႏိုင္ငံဆိုင္ရာ သီရိလကၤာသံအမတ္ က႐ုနာ ေစနာ ကိုဒစ္တူဝါကု က “တ႐ုတ္ႏိုင္ငံအစိုးရက သီရိလကၤာအစိုးရကို ဆိပ္ကမ္းလႊဲေပးဖို႔ ေတာင္းဆိုတာမဟုတ္ပါ။ သီရိလကၤာအစိုးရကသာ တ႐ုတ္အစိုးရကို ဆိပ္ကမ္းငွားရမ္းအသုံးျပဳဖို႔ စတင္အဆိုျပဳတာျဖစ္ပါတယ္။” တျခားေသာ သီရိလကၤာကိုယ္စားလွယ္မ်ားကလည္း ဒါဟာ သီရိလကၤာအတြက္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို လက္ကမ္း ႀကိဳဆိုေရးမွာအဓိပၸာယ္ရွိတဲ့ကမ္းလွမ္းခ်က္ တခုျဖစ္ေၾကာင္း၊ အေၾကာင္းမွာ ထိုဆိပ္ကမ္းတြင္ အမ်ားဆုံး ဆိုက္ကပ္သည့္ ကုန္သြယ္ေရးသေဘၤာမ်ားမွာ တ႐ုတ္ျပည္မွျဖစ္သည့္အတြက္ေၾကာင့္ဟုဆိုပါသည္။

ဟမ္ဘန္တိုတာ တည္ေဆာက္ရန္ တ႐ုတ္က အဆိုျပဳခဲ့ျခင္းမဟုတ္
အေမရိကန္ႏိုင္ငံ၊ ဂြၽန္‌ေဟာ့ပ္ကင္း ယူနီဗာစတီမွ ႏိုင္ငံေရးသိပၸံပါေမာကၡ ဒီဘိုရာ ဘေရာ့တီဂမ္ ( Deborah Brautigam) က “ေႂကြးၿမီေထာင္ေခ်ာက္ - သံတမန္ေရး” ဆိုသည့္ ေဝါဟာရႏွင့္ပတ္သက္၍ ျငင္းဆိုရာတြင္ တ႐ုတ္ဘဏ္မ်ားသည္ သီရိလကၤာႏိုင္ငံအေပၚလတ္တေလာတင္ရွိေနသည့္ ေႂကြးၿမီမ်ားႏွင့္ပတ္သက္ေသာ ေစ့ေရာက္သည့္ အခ်ိန္ကာလကို ျပန္လည္ျပင္ဆင္ေပးရန္ ဆႏၵရွိေၾကာင္းေျပာဆိုခဲ့သည္။ ထို႔ျပင္ ဆိပ္ကမ္းမတည္ ေဆာက္မီက ကေနဒီယန္ ႏိုင္ငံတကာ ဖြံ႕ၿဖိဳးတိုးတက္ေရး ေအဂ်င္စီ၏ ဘ႑ာ ေရးေထာက္ပံ့မႈျဖင့္ Canadian engineering and construction firm တခုျဖစ္သည့္ SNC-Lavalin က ျဖစ္ႏႈိင္ေခ် ရွိ-မရွိေလ့လာဆန္းစစ္မႈ ျပဳလုပ္ခဲ့ၿပီး၊ ၂ဝဝ၃ ခုႏွစ္တြင္ ေလ့လာမႈၿပီးစီးကာ ဟမ္ဘန္တိုတာဆိပ္ကမ္းတည္ေဆာက္ေရးျဖစ္ႏႈိင္ေခ်ရွိသည္ဟု ေထာက္ခံခဲ့ပါသည္။ ထို႔ေနာက္ Danish engineering firm တခုျဖစ္ေသာ Ramboll ကလည္း ဒုတိယေျမာက္ ေလ့လာသုံးသပ္မႈျပဳသည့္အခါ ၂ဝဝ၆ ခုႏွစ္တြင္ၿပီးစီးၿပီး အလား တူပင္ ျဖစ္ႏႈိင္ေခ်ရွိသည္ဟု ေထာက္ခံခဲ့ေၾကာင္း ဒီဘိုရာ ဘေရာ့တီဂမ္ ကဆိုပါသည္။

Ramboll ၏ ျဖစ္ႏႈိင္ေခ်ရွိေၾကာင္း အစီရင္ခံစာအရ သီရိလကၤာအစိုးရသည္ အေမရိကန္ျပည္ေထာင္စုႏွင့္ အိႏၵိယ ႏိုင္ငံတို႔ကို ခ်ဥ္းကပ္ခဲ့ပါေသာ္လည္း ႏွစ္ႏိုင္ငံလုံး၏ ျငင္းဆိုျခင္းကို ခံခဲ့ရေပသည္။ သို႔ေသာ္ တ႐ုတ္ ေဆာက္လုပ္ေရးကုမၸဏီတခုျဖစ္ေသာ China Harbor Group က သီရိလကၤာအစိုးရ၏ ေမွ်ာ္လင့္ခ်က္မ်ား ကို ေလ့လာၿပီး တ႐ုတ္ ထုတ္ကုန္သြင္းကုန္ ဘဏ္ China Exim bank မွ ေငြထုတ္ေခ်းေပးရန္ စည္း႐ုံးခဲ့ရာ ေအာင္ျမင္ခဲ့ၿပီး ဆိပ္ကမ္းတည္ေဆာက္ေရး ကန္ထ႐ိုက္ကို ရရွိခဲ့ပါသည္။

ဤကိစၥျဖစ္ေပၚခဲ့သည္မွာ ၂ဝဝ၇ ခုႏွစ္တြင္ျဖစ္ၿပီး ရွီက်င့္ဖ်င္က စတင္မိတ္ဆက္သည့္ ခါးပတ္လမ္း ပဏာမ ေျခလွမ္း (Belt and Road Initiative ) ထက္ ၆ ႏွစ္ေစာပါသည္။ သီရိလကၤာအေနျဖင့္လည္း ေသြးထြက္သံယို ေသေၾကမႈအမ်ားဆုံး ျပည္တြင္းစစ္ကို မီးကုန္ယမ္းကုန္တိုက္ခိုက္ေနရဆဲကာလျဖစ္သည့္ျပင္ ကမာၻတဝွမ္းတြင္ လည္း ဘ႑ာေရး အၾကပ္အတည္းဆိုက္လုနီးနီး အေျခအေနဆိုးေနခ်ိန္ျဖစ္ပါသည္။

အေသးစိတ္ေဆာင္႐ြက္ရမႈမ်ားက အ‌‌ေရးႀကီးပါသည္။ တ႐ုတ္ Exim bank က ၁၅ ႏွစ္ၾကာျမင့္မည့္ ကုန္သြယ္ေရးေခ်းေငြ ေဒၚလာ ၃ဝ၇ သန္းကို ဆိုင္းငံ့ကာလ ၄ ႏွစ္ထားေပးမည္၊ သီရိလကၤာအေနျဖင့္ ၆.၃ ရာခိုင္ႏႈန္း ပုံေသအတိုးႏႈန္းျဖင့္ ယူမည္ေလာ၊ သို႔မဟုတ္ (LIBOR – London Interbank Offered Rate) ျဖင့္ အတိုးႏႈန္းအတက္အက် ႏႈန္းရွင္ျဖင့္ယူမည္ေလာ ဟုေ႐ြးခ်ယ္ေစရာ၊ ေဆြးေႏြးေနသည့္ ကာလတြင္ ကမာၻ႔ အတိုးႏႈန္းမ်ားမွာ တက္ရိပ္ျပေနသည့္အတြက္ သီရိလကၤာ က ၆.၃ ရာခိုင္ႏႈန္း ပုံေသအတိုးႏႈန္းျဖင့္ယူရန္ ေ႐ြးခ်ယ္ခဲ့သည္။

သီရိလကၤာ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕ ဥကၠ႒ေဟာင္းျဖစ္သူ (Sri Lanka Ports Authority (SLPA) ဆလီယာ ဝိကရာမဆူရီယာက "ျပည္တြင္းစစ္ျဖစေနတဲ့ ကာလအတြင္းမွာ ေဒၚလာ သန္း ၃ဝဝ ဆိုတဲ့ ကုန္သြယ္ေရးေခ်းေငြ ပမာဏ ရရွိဖို႔ဆိုတာ မ လြယ္ပါဘူး”ဟု ဒီဘိုရာ ဘေရာ့တီဂမ္တို႔ကို ရွင္းျပေလသည္။ အဆိုပါႏွစ္ ထဲမွာပင္ သီရိလကၤာက ပထမဆုံးႏိုင္ငံတကာ ေငြေခ်းစာခ်ဳပ္မ်ားကို အတိုးႏႈန္း ၈.၂၅ ရာခိုင္ႏႈန္းတိုးျဖင့္ ထုတ္ေဝေရာင္းခ်ကာ ေငြေခ်းယူခဲ့ရေလသည္။

၂ဝဝ၉ ခုႏွစ္တြင္ တမီးလ္တိုက္ဂါးသူပုန္မ်ားကို အႏိုင္တိုက္ႏႈိင္ခဲ့ၿပီးေနာက္ တိုင္းျပည္၏ အေျခခံအေဆာက္ အဉီးမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တည္ေဆာက္‌‌‌ေရးလုပ္ငန္းမ်ားကို အေႂကြးျဖင့္ စတင္ရေလေတာ့သည္။ ႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ႏႈန္းမွာ ႏွစ္စဥ္ ၆ ရာခိုင္ႏႈန္းတက္လာခဲ့သလို အေႂကြးဝန္ထုတ္ဝန္ပိုးကလည္း တေျဖးေျဖးတိုးတက္လာခဲ့ေလသည္။

ဟမ္ဘန္တိုတာဆိပ္ကမ္း ပထမအဆင့္တည္ေဆာက္မႈမွာ ၃ ႏွစ္အတြင္းၿပီးစီးသြားၿပီးေနာက္ Ramboll အဖြဲ႕က အႀကံျပဳသကဲ့သို႔ အခြန္အေကာက္စုေဆာင္းမႈျပဳရန္ မေစာင့္ ဆိုင္းေတာ့ဘဲ၊ သမတ မဟင္ဒါ ရာဂ်ာပတ္ ဆာက ဒုတိယအဆင့္ တည္ေဆာက္ေရးကို တက္သုတ္႐ိုက္ကာ ကြန္တိန္နာ ဆိပ္ကမ္းအျဖစ္ေျပာင္းလဲပစ္ပါ သည္။ ၂ဝ၁၂ ခုႏွစ္တြင္ တ႐ုတ္ Exim bank မွ ေနာက္ထပ္ ေဒၚလာ ၇၅၇ သန္းေခ်းငွားပါသည္။ ယခုတစ္ႀကိမ္တြင္ ဘ႑ာေရးအၾကပ္အတည္းလြန္ကာလျဖစ္၍ အတိုးႏႈန္း ၂ ရာခိုင္ႏႈန္းသက္ သာပါသည္။

အတိုးလည္းမ်ား ပမာဏလည္းမ်ားတဲ့ ISB ( International Sovereign Bond) မ်ား
၂ဝ၁၅ ခုႏွစ္ သမၼတ မိုင္သရီပါလ ဆီရိဆီနမ္ တက္လာေသာအခါ သီရိလကၤာေပးဆပ္ရမည့္ အေႂကြးမ်ားတြင္ တ႐ုတ္ကိုေပးရမည့္အေႂကြးထက္ ဂ်ပန္၊ ကမာၻ႔ဘဏ္ႏွင့္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ တို႔ကိုေပးရမည့္ အေႂကြးကပိုမို မ်ားျပားပါသည္။ ၂၀၁၇ ခုႏွစ္တြင္ သီရိလကၤာကေပးဆပ္ရမည့္ ေႂကြးၿမီ ၄.၅ ဘီလ်ံေဒၚလာ ရွိသည့္အနက္ ဟမ္ဘန္တိုတာအတြက္ေပးဆပ္ရမည့္အေႂကြးမွာ ၅ ရာ ခိုင္ႏႈန္းသာပါဝင္သည္။ သီရိလကၤာ ဗဟိုဘဏ္မွ အုပ္ခ်ဳပ္ ေရးအဖြဲ႕ဝင္လူႀကီးမ်ားက ပါေမာကၡ ဘေရာ့တီဂမ္ကို ေျပာၾကားခ်က္အရ ဟမ္ဘန္တိုတာကဲ့သို႔ေသာ တ႐ုတ္ ေထာက္ပံ့ေခ်းေငြျဖင့္ လုပ္ကိုင္သည့္ လုပ္ငန္းမ်ားမွာ တိုင္းျပည္၏ဘ႑ာေရးအတြက္ ဒုကၡေပးသည့္အရင္းအျမစ္ မ်ား မဟုတ္ေၾကာင္း၊ သီရိလကၤာက တ႐ုတ္ေႂကြးၿမီမ်ားႏွင့္ ပတ္သက္ၿပီး (default) ယာယီရပ္ဆိုင္းရန္ မရွိ ေၾကာင္း ဆိုေလသည္။

သီရိလကၤာႏိုင္ငံသည္ မူလက IMF မွ bailout အကူအညီရယူရန္စီစဥ္ခဲ့ေသးသည္။ သို႔ေသာ္လည္း ေနာက္ ပိုင္းတြင္ လိုအပ္ေသာရန္ပုံေငြကို ေဆာက္လုပ္ဆဲ ဟမ္ဘန္တိုတာဆိပ္ကမ္းကို အေတြ႕အႀကဳံရွိေသာ ကုမၸဏီ တခုခုသို႔ အငွားခ်ထားျခင္းျဖင့္ ရရွိေအာင္ ဆုံးျဖတ္ခဲ့သည္။ ဤသည္မွာ ကေနဒီယန္ ျဖစ္ႏႈိင္ေခ်ေလ့လာခ်က္ Canadian feasibility study က ေထာက္ခံ‌ေသာ အႀကံညဏ္လည္း ျဖစ္ေပသည္။

၂ဝ၂ဝ ခုႏွစ္တြင္ ခ်တ္သမ္ေဟာက္စ္ (Chatham House) ကထုတ္ေဝေသာ သုေတသန စာေစာင္တခု၌ သီရိလကၤာ၏ ေႂကြးၿမီ ဒုကၡမွာ တ႐ုတ္ေခ်းေငြမ်ားႏွင့္ မပတ္သက္ေၾကာင္း၊ တ႐ုတ္အစိုးရ၏ ေပၚလစီမ်ားထက္ အေနာက္တိုင္းမွ ေခ်းေငြမ်ားႏွင့္ ျပည္ တြင္းေပၚလစီဆုံးျဖတ္ခ်က္မ်ားေၾကာင့္ ပိုမိုသက္ေရာက္မႈရွိေၾကာင္း ဆိုေလသည္။ ထိုသုေတသနစာေစာင္က ဟမ္ဘန္တိုတာဆိပ္ကမ္းကို တ႐ုတ္က ေရတပ္စစ္စခန္းအျဖစ္ အသုံးျပဳ လိမ့္မည္ဆိုသည့္ ေျပာဆိုခ်က္ႏွင့္ပတ္သက္၍လည္း လုံးဝမွားယြင္းသည္ဟုေဖၚျပပါသည္။ သီရိလကၤာႏိုင္ငံေရး သမားမ်ားႏွင့္ သံတမန္မ်ားက အဆိုပါကိစၥႏွင့္ပတ္သက္၍ ပီကင္းအေနျဖင့္ မည္သည့္အခါမွ်လုပ္လိမ့္မည္ မဟုတ္ ေၾကာင္း၊ ဆိပ္ကမ္းကို ငွားရမ္းမႈစတင္ကတည္းက တ႐ုတ္စစ္ေရးလႈပ္ရွားမႈ အေထာက္အထားမ်ားလည္း မေတြ႕ ရေၾကာင္း ေျပာဆိုၾကပါသည္။

ၾသစေၾတးလ် လိုဝီ အင္စတီက်ဳ The Australian Lowy Institute က သီရိလကၤာဟာ “ တ႐ုတ္ေႂကြးၿမီ ေထာင္ေခ်ာက္မွာပိတ္မိေနတာမဟုတ္” ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ သီရိလကၤာရဲ႕ ျပည္ပေႂကြးၿမီ ၄၇ ရာခိုင္ႏႈန္းက ႏိုင္ငံတကာ အရင္းအႏွီးေစ်းကြက္မွာ အစိုးရေငြတိုက္စာခ်ဳပ္ (ISB) ေတြေရာင္းခ်ထားမႈကရွာထားတာျဖစ္ၿပီး၊ ၂၂ % ကေတာ့ အာရွဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ကမာၻ႔ဘဏ္က ေခ်းယူထားတာျဖစ္ပါတယ္။ ဂ်ပန္နဲ႔ တ႐ုတ္ဆီက ယူထားတဲ့ အေႂကြးက ၁ဝ ရာခိုင္ႏႈန္း စီဘဲရွိပါတယ္ လို႔ဆိုပါတယ္။

နိဂုံးခ်ဳပ္အားျဖင့္ ဆိုရလွ်င္ အေနာက္တိုင္းမီဒီယာမ်ားက ေဝဖန္ေျပာဆိုေနၾကသည့္ တ႐ုတ္၏ ေႂကြးၿမီ ေထာင္ေခ်ာက္ ဒစ္ပလိုေမစီ ဆိုသည္မွာ အခ်က္အလက္မ်ားအရ မွန္ကန္မႈမရွိဘဲ၊ အေျခခံအေဆာက္အဉီမ်ား တည္ေဆာက္သင့္-မတည္ေဆာက္သင့္၊ အေႂကြးယူ-မယူ ဆိုသည္တို႔မွာ ကာယကံရွင္ ႏိုင္ငံမ်ား၏ အဆုံးအျဖတ္ ကသာ အဓိက က်သည္ဟုဆိုရပါလိမ့္မည္။

ကိုးကား
The Atlantic အြန္လိုင္းဂ်ာနယ္မွ Deborah Brautigam ႏွင့္ Meg Rithmiree တို႔၏ Chinese ‘Debt Trap’ Is a Myth
ဝီကီပီဒီးယား၏ Debt-trap diplomacy

Picture

Win Everything

25/07/2022 13:46

အနောက်နိုင်ငံအချို့ဟာ ရုရှားကိုအကောက်ကြံဖို့ ယူကရိန်းပြာကျ သွားပါစေထိုးကြွေး နေတာအားလုံးအမြင်ပဲ ယူကရိန်းဖြစ်ရပ်ဟာ ကျူးဘားဒုံးပျံ အရေးအခင်းနဲ့ခပ်ဆင်ဆင်ပဲ ကျူးဘားကမှ ပင်လယ်ခြားသေးတယ်နော် အဲဒီအရေးအခင်းမှာ ဦးသန့် ဝင်ညှိမပေးပဲ ချကြကွာ ဆိုပြီးပြစ်ထား အနောက်နိုင်ငံတွေကလည်း လက်နှက်တွေ ပံ့ပိုး ပေးခဲ့ရင် ဘာဖြစ်မလဲ ယူကရိန်းက အစကတည်းကညှိလိုက်ရင်ပြီးသွားမှာပဲ အခုဦးသန့်လို ဘက်မလိုက်တဲ့ လူတော်တွေ UN မှာမရှိတဲ့အပြင် ပြောင်းပြန်ပဲ ငြိမ်းချမ်းရေးလုပ်ရမဲ့အစား လူယုတ်မာတွေကို လက်ခံဘက်လိုက် ပြီးပြဿနာမကြီးကြီးအောင် ဆီလောင်းပေးနေတယ် အခုမြန်မာပြည်ကို သူတို့ညစ်နေတာတွေကသက်သေပဲ။ တရုပ်ကိုလည်း နည်းမျိုးစုံ နဲ့ နာမည်ဖျက်ပါလိမ့်မယ် သူတို့ဖက်ပါရင် အကြမ်းဖက်သမားလဲ ဒီမိုကရေစီသူရဲကောင်း နိုင်ငံရေးအကျဉ်းသားလို့သုံး သူတို့ဖက်မပါရင် ရဟန်းကိုပင် အကြမ်းဖက်ဆိုပြီးပုံဖော်ပြစ်မှား ဒါကြောင့်လည်း လောကကြီး ကပ်ဘေး တွေဝင်နေတာ လက်တွေ့ပဲ

Picture

Win Everything

25/07/2022 13:58

ဒါ nut (sorry မှားသွားလို့) nug က "ဖ"သုံးလုံးကြေ ဂုဏ်သရေရှိ လူကြီးများကို ပြောထားတာပါ (NUG-affiliated private school principal arrested at cathouse) (https://npnewsmm.com/news/62d3926642f43a036c76ea8c) ၈ါဂျောင် မှာ တန်းလန်းကြီးမိတဲ့ ဂုဏ်သရေရှိ နရူးကြီး ကြောင်အုပ်ကြီးများကို အပြစ်တင်မစောကြပါနဲ့ ကလေးတွေကို လိင်ကျွန် ပညာရေး sex education သင်ပေးဖို့ နှိက်နှိက်ချွတ်ချွတ် အပတ်တကုပ် လက်တွေ့ ကွင်းဆင်း လေ့လာ နေကြတာနေမှာပါ ဖမ်းဆီးသူတွေဆီမှာ ဒီထက်ဆိုးတဲ့ပုံတွေရှိလောက်တယ် ငပိန်း တွေမယုံ သေးရင် တော်တော်ဆိုးတဲ့ ပုံတွေဆင်ဆာမဖြတ် ပဲပြလိုက်ပါလား

Related news

© 2021. All rights reserved.