နွားထိုးကြီးနှင့်မတ္တရာမြို့တို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး(၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရ

1480

NP News - ဇူလိုင် ၂၅
မန္တလေးတိုင်းရှိ နွားထိုးကြီးမြို့နှင့် မတ္တရာမြို့တို့တွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် (၁) ဦးသေဆုံး ၍ (၂)ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၃ ရက် ညနေ ၄နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ တောဝေးကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
တောဝေးကျေးရွာနေ ဒေါ်သီတာစိုးသည် နေအိမ်တွင် သူမ၏မိခင်ဖြစ်သူ၊ သူမ၏သမီး (၃) ယောက်ဖြစ်သူ တို့နှင့်အတူရှိနေချိန် တစ်ရွာထဲနေ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် အမျိုးသား(၄)ဦးသည် ဆိုင်ကယ်(၂) စီးဖြင့် ရောက်ရှိလာကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထို့နောက် အဆိုပါအကြမ်းဖက်အမျိုးသားများသည် ဒေါ်သီတာစိုးအား “ဒလန်” ဟုစွပ်စွဲ၍ သေနတ်ဖြင့်(၁) ချက်ပစ်ခတ်ပြီး သူမ၏သမီးများထဲမှ တစ်ယောက်အား သေနတ်ဒင်ဖြင့် ထုရိုက်ကာပြန်လည်ထွက်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါပစ်ခတ်မှုကြောင့် ဒေါ်သီတာစိုးတွင် နှာခေါင်းမှ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်ဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး သူမ၏သမီးဖြစ်သူမှာ မျက်နှာနှင့်ဦးခေါင်းတွင် ဖူးရောင်ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြော သည်။
ထို့ပြင် ဇူလိုင်လ ၂၄ ရက် နံနက် ၆နာရီခွဲအချိန်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လမ်းလျှောက်နေသော အရပ်သား(၁)ဦး အားသေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုထပ်မံ ဖြစ် ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ မတ္တရာမြို့နယ်၊ ကပိုင်ကျေးရွာနေ ဦးတင့်လွင်သည် ၎င်း၏မြေးဖြစ်သူနှင့် ကျေးရွာမှ မန္တလေး-မတ္တရာ ကားလမ်းသို့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် လမ်း လျှောက်နေချိန် ဆိုင်ကယ်မောင်းလာသော အကြမ်းဖက်သမား ၂ဦး ကသေနတ်ဖြင့် ပစ် ခတ်၍ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
၎င်းပစ်ခတ်မှုကြောင့် ဦးတင့်လွင်သည် ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ်ရာ ၂ချက်၊ ချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး မန္တလေးမြို့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အခင်းဖြစ်ရာနေရာမှ A 380 AUTO USA စာတန်းပါကျည်ခွံ တစ်ခုနှင့် ကျည်ထိပ်ဖူး ၂ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

zawgyi version
ႏြားထိုးႀကီးႏွင့္မတၱရာၿမိဳ႕တို႔တြင္ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီး(၁)ဦးေသဆုံးကာ (၂)ဦးဒဏ္ရာရNP News - ဇူလိုင္ ၂၅
မႏၲေလးတိုင္းရွိ ႏြားထိုးႀကီးၿမိဳ႕ႏွင့္ မတၱရာၿမိဳ႕တို႔တြင္ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ (၁) ဦးေသဆုံး ၍ (၂)ဦးဒဏ္ရာရခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွသတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၂၃ ရက္ ညေန ၄နာရီအခ်ိန္ခန႔္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေတာေဝးေက်း႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ေတာေဝးေက်း႐ြာေန ေဒၚသီတာစိုးသည္ ေနအိမ္တြင္ သူမ၏မိခင္ျဖစ္သူ၊ သူမ၏သမီး (၃) ေယာက္ျဖစ္သူ တို႔ႏွင့္အတူရွိေနခ်ိန္ တစ္႐ြာထဲေန အၾကမ္းဖက္အဖြဲ႕ဝင္မ်ားျဖစ္သည့္ အမ်ိဳးသား(၄)ဦးသည္ ဆိုင္ကယ္(၂) စီးျဖင့္ ေရာက္ရွိလာေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
ထို႔ေနာက္ အဆိုပါအၾကမ္းဖက္အမ်ိဳးသားမ်ားသည္ ေဒၚသီတာစိုးအား “ဒလန္” ဟုစြပ္စြဲ၍ ေသနတ္ျဖင့္(၁) ခ်က္ပစ္ခတ္ၿပီး သူမ၏သမီးမ်ားထဲမွ တစ္ေယာက္အား ေသနတ္ဒင္ျဖင့္ ထု႐ိုက္ကာျပန္လည္ထြက္ခြာသြားေၾကာင္း ထုတ္ျပန္ထားသည္။
အထက္ပါပစ္ခတ္မႈေၾကာင့္ ေဒၚသီတာစိုးတြင္ ႏွာေခါင္းမွ ဦးေခါင္းေနာက္ေစ့ က်ည္ေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္ျဖင့္ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ၿပီး သူမ၏သမီးျဖစ္သူမွာ မ်က္ႏွာႏွင့္ဦးေခါင္းတြင္ ဖူးေရာင္ညိဳမဲဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာ သည္။
ထို႔ျပင္ ဇူလိုင္လ ၂၄ ရက္ နံနက္ ၆နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ လမ္းေလွ်ာက္ေနေသာ အရပ္သား(၁)ဦး အားေသနတ္ျဖင့္ ပစ္ခတ္မႈတစ္ခုထပ္မံ ျဖစ္ ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသတင္းရရွိသည္။
အဆိုပါျဖစ္စဥ္မွာ မတၱရာၿမိဳ႕နယ္၊ ကပိုင္ေက်း႐ြာေန ဦးတင့္လြင္သည္ ၎၏ေျမးျဖစ္သူႏွင့္ ေက်း႐ြာမွ မႏၲေလး-မတၱရာ ကားလမ္းသို႔ ဆက္သြယ္ထားသည့္ လမ္းေပၚတြင္ လမ္း ေလွ်ာက္ေနခ်ိန္ ဆိုင္ကယ္ေမာင္းလာေသာ အၾကမ္းဖက္သမား ၂ဦး ကေသနတ္ျဖင့္ ပစ္ ခတ္၍ ထြက္ေျပးသြားေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
၎ပစ္ခတ္မႈေၾကာင့္ ဦးတင့္လြင္သည္ ဝမ္းဗိုက္က်ည္ေဖာက္ဝင္ ဒဏ္ရာ ၂ခ်က္၊ ခ်ိဳင္းေအာက္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္ရရွိခဲ့ၿပီး မႏၲေလးၿမိဳ႕ျပည္သူေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အခင္းျဖစ္ရာေနရာမွ A 380 AUTO USA စာတန္းပါက်ည္ခြံ တစ္ခုႏွင့္ က်ည္ထိပ္ဖူး ၂ခုတို႔ သိမ္းဆည္းရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။