ဆိုင်ကယ်ဘေးတွဲများသည် စီးနင်းသူခရီးသည်များအတွက် အသက်အန္တရာယ်ရှိနိုင်ခြင်း၊ Road Safety မဖြစ်ခြင်းတို့ကြောင့် တရားဝင်လိုင်စင်ခွင့်ပြုမပေးခြင်းဟုဆို

1624

ဟိန်း (NP News) - ဇူလိုင် ၂၈
စီးနင်းသူခရီးသည်များအတွက် အသက်အန္တရာယ်ရှိနိုင်ခြင်း၊ Road Safety မဖြစ်ခြင်းတို့ကြောင့် ဆိုင်ကယ်ဘေးတွဲများကို တရားဝင်လိုင်စင်ခွင့်ပြုပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဆိုင်ကယ်ဘေးတွဲများမှာ ပြည်တွင်းရှိ ပုဂ္ဂလိကတစ်ပိုင်တစ်နိုင် Work Shop များတွင် မော်တော်ဆိုင်ကယ်များအား မိမိသဘောဆန္ဒအလျှောက် ဘေးတွဲကို Welding ဖြင့် တွဲဆက်ကာ စီးနင်းအသုံးပြုနေကြခြင်း ဖြစ်သည်။
"အဆိုပါယာဉ်တွေဟာ စံချိန်စံညွှန်းနဲ့ စနစ်တကျစမ်းသပ်ထုတ်လုပ်တဲ့ စက်ရုံထုတ်ယာဉ် မဟုတ်တာရယ်၊ စက်ရုံထုတ်ဖြစ်ရင်လည်း နည်းဥပဒေအရ အငှားယာဉ်အဖြစ် အသုံးပြုခွင့်မရှိတာကြောင့် နိုင်ငံတကာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့မရှိပါဘူး၊ ဒါ့ပြင် Road Safety မဖြစ်သလို နိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ခွင့်ပြုဖို့မသင့်ပါဘူး။ စီးနင်းသူ ခရီးသည်တွေအတွက်လည်း အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် ကုန် ပစ္စည်းတင်ဆောင်ခြင်းတွေဆောင်ရွက်ရင် အခြားလမ်းအသုံးပြုသူတွေအတွက် အန္တရာယ်ရှိတာကြောင့် ဆိုင်ကယ်ဘေးတွဲတွေကို တရားဝင်လိုင်စင် ခွင့်ပြုမပေးနိုင်ပါဘူး" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သုံးဘီတပ်ယာဉ်ဆိုသည်မှာ ဘီးသုံးဘီးအား အချိုးညီတပ်ဆင်ထားသော မူလစက်ရုံထုတ်မော်တော်ယာဉ်ကို လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ်ဆိုသည်မှာ ကုန် ပစ္စည်းတင်ဆောင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော သုံးဘီးတပ်ယာဉ်ကိုလည်းကောင်း၊ လူစီးသုံးဘီးမော်တော်ယာဉ်ဆိုသည်မှာ အမိုးနှင့် ဘေးအကာများပါဝင်ပြီး လူစီးနင်းရန်အတွက် ရည်ရွယ်ထုတ်လုပ်ထားသော သုံးဘီးတပ်ယာဉ်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘေးတွဲယာဉ်များသည် ဆိုင်ကယ်၏အလေးချိန်အပြင် ဘေးတွဲ၏အလေးချိန်ပါ ပူးတွဲပါရှိသဖြင့် ဝန်မဲ့နှင့်ဝန်ပါရှိချိန်တွင် ယာဉ်၏စုစုပေါင်းအလေးချိန် သက်ရောက်အားကြောင့် မောင်းနှင်ချိန်တွင် ဟန်ချက်ညီမျှမှု မရှိနိုင်သည်ကိုတွေ့ရပြီး ယာဉ်တည် ဆောက်တပ်ဆင်မှုပုံစံအရ ရှေ့မီးကြီးတစ်လုံးသာ ပါရှိသောကြောင့် ညအချိန်များတွင် သာမန်ဆိုင်ကယ်များနှင့် မှားယွင်းတိမ်းရှောင်မှုဖြစ်ပေါ်ကာ ယာဉ်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားစေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
ကုန်းလမ်းပို့ဆောင်ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety မဖြစ်သော ဒေသလုပ်ဆိုင်ကယ်ဘေးတွဲများကို မှတ်ပုံတင်ပေးခြင်း မပြုခဲ့သည့်အပြင် ၂ဝ၂၂ ခုနှစ်၊ ယာဉ်အန္တ ရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ၊ နည်းဥပဒေ(၂ဝ) တွင် မော်တော်ဆိုင်ကယ်ကို အငှားယာဉ်အဖြစ်သို့ မှတ်ပုံတင်ပြောင်းလဲခွင့်မပြုဟု ပြဋ္ဌာန်းထားပြီးဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ဆိုင်ကယ်ဘေးတွဲတပ်ဆင်ပြေးဆွဲမှုများ များပြားလာပြီး ရန်ကုန်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံ(ရှေ့/တောင်/မြောက်) စသည့် မြို့များတွင်လည်း အစီးအရေအတွက်များပြားလာနေကြောင်း တွေ့ရသည်။ ထို့ပြင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း စသည့် ဒေသများတွင်လည်း တပ်ဆင်ပြေးဆွဲနေမှုများရှိသည်။

zawgyi version
ဆိုင္ကယ္ေဘးတြဲမ်ားသည္ စီးနင္းသူခရီးသည္မ်ားအတြက္ အသက္အႏၲရာယ္ရွိႏိုင္ျခင္း၊ Road Safety မျဖစ္ျခင္းတို႔ေၾကာင့္ တရားဝင္လိုင္စင္ခြင့္ျပဳမေပးျခင္းဟုဆို
ဟိန္း (NP News) - ဇူလိုင္ ၂၈
စီးနင္းသူခရီးသည္မ်ားအတြက္ အသက္အႏၲရာယ္ရွိႏိုင္ျခင္း၊ Road Safety မျဖစ္ျခင္းတို႔ေၾကာင့္ ဆိုင္ကယ္ေဘးတြဲမ်ားကို တရားဝင္လိုင္စင္ခြင့္ျပဳေပးမည္မဟုတ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
ဆိုင္ကယ္ေဘးတြဲမ်ားမွာ ျပည္တြင္းရွိ ပုဂၢလိကတစ္ပိုင္တစ္ႏိုင္ Work Shop မ်ားတြင္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မိမိသေဘာဆႏၵအေလွ်ာက္ ေဘးတြဲကို Welding ျဖင့္ တြဲဆက္ကာ စီးနင္းအသုံးျပဳေနၾကျခင္း ျဖစ္သည္။
"အဆိုပါယာဥ္ေတြဟာ စံခ်ိန္စံၫႊန္းနဲ႔ စနစ္တက်စမ္းသပ္ထုတ္လုပ္တဲ့ စက္႐ုံထုတ္ယာဥ္ မဟုတ္တာရယ္၊ စက္႐ုံထုတ္ျဖစ္ရင္လည္း နည္းဥပေဒအရ အငွားယာဥ္အျဖစ္ အသုံးျပဳခြင့္မရွိတာေၾကာင့္ ႏိုင္ငံတကာမွာလည္း က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳေလ့မရွိပါဘူး၊ ဒါ့ျပင္ Road Safety မျဖစ္သလို ႏိုင္ငံရဲ႕လုံၿခဳံေရးအရ မွတ္ပုံတင္ခြင့္ျပဳဖို႔မသင့္ပါဘူး။ စီးနင္းသူ ခရီးသည္ေတြအတြက္လည္း အသက္အႏၲရာယ္ရွိႏိုင္တဲ့အျပင္ ကုန္ ပစၥည္းတင္ေဆာင္ျခင္းေတြေဆာင္႐ြက္ရင္ အျခားလမ္းအသုံးျပဳသူေတြအတြက္ အႏၲရာယ္ရွိတာေၾကာင့္ ဆိုင္ကယ္ေဘးတြဲေတြကို တရားဝင္လိုင္စင္ ခြင့္ျပဳမေပးႏိုင္ပါဘူး" ဟု ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
သုံးဘီတပ္ယာဥ္ဆိုသည္မွာ ဘီးသုံးဘီးအား အခ်ိဳးညီတပ္ဆင္ထားေသာ မူလစက္႐ုံထုတ္ေမာ္ေတာ္ယာဥ္ကို လည္းေကာင္း၊ သုံးဘီးေမာ္ေတာ္ဆိုင္ကယ္ဆိုသည္မွာ ကုန္ ပစၥည္းတင္ေဆာင္ရန္ ရည္႐ြယ္ထုတ္လုပ္ထားေသာ သုံးဘီးတပ္ယာဥ္ကိုလည္းေကာင္း၊ လူစီးသုံးဘီးေမာ္ေတာ္ယာဥ္ဆိုသည္မွာ အမိုးႏွင့္ ေဘးအကာမ်ားပါဝင္ၿပီး လူစီးနင္းရန္အတြက္ ရည္႐ြယ္ထုတ္လုပ္ထားေသာ သုံးဘီးတပ္ယာဥ္ကို သတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဘးတြဲယာဥ္မ်ားသည္ ဆိုင္ကယ္၏အေလးခ်ိန္အျပင္ ေဘးတြဲ၏အေလးခ်ိန္ပါ ပူးတြဲပါရွိသျဖင့္ ဝန္မဲ့ႏွင့္ဝန္ပါရွိခ်ိန္တြင္ ယာဥ္၏စုစုေပါင္းအေလးခ်ိန္ သက္ေရာက္အားေၾကာင့္ ေမာင္းႏွင္ခ်ိန္တြင္ ဟန္ခ်က္ညီမွ်မႈ မရွိႏိုင္သည္ကိုေတြ႕ရၿပီး ယာဥ္တည္ ေဆာက္တပ္ဆင္မႈပုံစံအရ ေရွ႕မီးႀကီးတစ္လုံးသာ ပါရွိေသာေၾကာင့္ ညအခ်ိန္မ်ားတြင္ သာမန္ဆိုင္ကယ္မ်ားႏွင့္ မွားယြင္းတိမ္းေရွာင္မႈျဖစ္ေပၚကာ ယာဥ္တိုက္ခိုက္မႈ ျဖစ္ပြားႏိုင္ေျခ ပိုမိုမ်ားျပားေစႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။
ကုန္းလမ္းပို႔ေဆာင္ၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ Road Safety မျဖစ္ေသာ ေဒသလုပ္ဆိုင္ကယ္ေဘးတြဲမ်ားကို မွတ္ပုံတင္ေပးျခင္း မျပဳခဲ့သည့္အျပင္ ၂ဝ၂၂ ခုႏွစ္၊ ယာဥ္အႏၲ ရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမႈ နည္းဥပေဒမ်ား၊ နည္းဥပေဒ(၂ဝ) တြင္ ေမာ္ေတာ္ဆိုင္ကယ္ကို အငွားယာဥ္အျဖစ္သို႔ မွတ္ပုံတင္ေျပာင္းလဲခြင့္မျပဳဟု ျပ႒ာန္းထားၿပီးျဖစ္သည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အမ်ားစုတြင္ ဆိုင္ကယ္ေဘးတြဲတပ္ဆင္ေျပးဆြဲမႈမ်ား မ်ားျပားလာၿပီး ရန္ကုန္ရွိ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ေျမာက္ဥကၠလာပ၊ ဒဂုံ(ေရွ႕/ေတာင္/ေျမာက္) စသည့္ ၿမိဳ႕မ်ားတြင္လည္း အစီးအေရအတြက္မ်ားျပားလာေနေၾကာင္း ေတြ႕ရသည္။ ထို႔ျပင္ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ပဲခူးတိုင္း စသည့္ ေဒသမ်ားတြင္လည္း တပ္ဆင္ေျပးဆြဲေနမႈမ်ားရွိသည္။