မုံရွာမြို့ရှိ စီးပွားရေးဘဏ်လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရ၍ ဘဏ်ဝန်ထမ်း(၂)ဦး ဒဏ်ရာရ

808
NP News - ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စီးပွားရေးဘဏ်အား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်မှုကြောင့် ဘဏ်ဝန်ထမ်း (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ် ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်အား အကြမ်းဖက်သမားများက ဘဏ်၏ တောင်ဘက် ပိတောင်ကုန်းလမ်းသွယ်ဘက်မှ MG-1 လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
၎င်းလက်ပစ်ဗုံး (၂)လုံးသည် ဘဏ်ဝန်ထမ်းများ ဝင်/ထွက်ပေါက် အရှေ့သို့ ကျရောက် ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း (၂)ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရပ်တန့်ထားသည့် ဘဏ်လုပ်ငန်းသုံး Light Truck အမျိုးအစား မော်တော်ယာဉ်၏ ဘေးတံခါးမှန် (၂)ချပ်၊ ဘဏ်အဆောက်အဦး ပြတင်းတံခါးမှန် (၅)ချပ်တို့ ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
မုံ႐ြာၿမိဳ႕ရွိ စီးပြားေရးဘဏ္ လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္ခံရ၍ ဘဏ္ဝန္ထမ္း(၂)ဦး ဒဏ္ရာရ
NP News - ဇူလိုင္ ၃၁
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ စီးပြားေရးဘဏ္အား အၾကမ္းဖက္သမားမ်ားက လက္လုပ္ဗုံးျဖင့္ ပစ္ေပါက္မႈေၾကာင့္ ဘဏ္ဝန္ထမ္း (၂)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲ တပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၂၉ ရက္၊ ညေန ၃ နာရီခြဲအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ေအာင္မဂၤလာရပ္ ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရွိ ျမန္မာ့စီးပြားေရးဘဏ္အား အၾကမ္းဖက္သမားမ်ားက ဘဏ္၏ ေတာင္ဘက္ ပိေတာင္ကုန္းလမ္းသြယ္ဘက္မွ MG-1 လက္ပစ္ဗုံး ၂ လုံးျဖင့္ ပစ္ေပါက္ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
၎လက္ပစ္ဗုံး (၂)လုံးသည္ ဘဏ္ဝန္ထမ္းမ်ား ဝင္/ထြက္ေပါက္ အေရွ႕သို႔ က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ဘဏ္ဝန္ထမ္း (၂)ဦးဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
ေပါက္ကြဲမႈေၾကာင့္ အဆိုပါေနရာအနီးရပ္တန႔္ထားသည့္ ဘဏ္လုပ္ငန္းသုံး Light Truck အမ်ိဳးအစား ေမာ္ေတာ္ယာဥ္၏ ေဘးတံခါးမွန္ (၂)ခ်ပ္၊ ဘဏ္အေဆာက္အဦး ျပတင္းတံခါးမွန္ (၅)ခ်ပ္တို႔ ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။