အီတလီမှာ လမ်းဘေးဈေးသည်တစ်ဦးကို လူမြင်ကွင်းမှာ သတ်ဖြတ်မှုဖြစ်ပွား

822

ရောင်နီ (NP News) - ဇူလိုင် ၃၁
အီတလီနိုင်ငံ၊ လူစည်ကားသော ကမ်းခြေမြို့မှာ နိုင်ဂျီးရီးယား လမ်းဘေးဈေးသည်တစ်ဦးကို အီတလီအမျိုးသားတစ်ဦးက လူမြင်ကွင်းရှေ့မှာပဲ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အီတလီပါလီမန်ရွေးကောက်ပွဲ မဲဆွယ်မှုကာလအတွင်း အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်ကာ အီတလီ သတင်းဝက်ဘ်ဆိုက်များနဲ့ ဆိုရှယ်မီဒီယာမှာ အဆိုပါတိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းများ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့လာခဲ့ပါတယ်။
လမ်းဘေးဈေးသည် “အာလီကာ အိုဂေါချုက်ဝူ အမည်ရှိ အမျိုးသမီးကိုသတ်ဖြတ်မှုဟာ တုန်လှုပ်စရာ ကောင်းပါတယ်” လို့ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီအကြီးအကဲဖြစ်သူ အန်ရီကို လက်တာက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
“ဒီလိုရက်စက်ကြမ်းကြုတ်မှုဆိုတာ မကြားဖူးဘူး။ နေရာအနှံ့မှာ လျစ်လျူရှုမှု ရှိနေသမျှ တရားမျှတမှု မရှိနိုင်ပါဘူး” လို့ ၄င်းက ဆိုပါတယ်။
၎င်းရဲ့ မဲဆွယ်စည်းရုံးရေးမှာ လုံခြုံရေးကို အဓိကထားလုပ်ဆောင်နေတဲ့ လက်ယာယိမ်း ခေါင်းဆောင် မက်တီရို ဆလ်ဗီနီ ကလည်း “လုံခြုံရေး မရှိခြင်းမှ အခွင့်အရေးအဖြစ်သို့ ပြန်လည်ရောက်ရှိဖို့ လိုအပ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
အသက် ၃၉ နှစ်ရှိ သေဆုံးသူ အိုဂေါချိုက်ဝူ ဟာ အက်ဒရစ်တစ်ပင်လယ်ရှိ ကမ်းခြေမြို့ စီဗီတာနိုဗာ မာချီ အဓိကလမ်းမမှာ ဇူလိုင်လ ၂၉ ရက်၊ သောကြာနေ့က ကုန်ပစ္စည်းများရောင်းချနေစဉ် တိုက်ခိုက်သူက ၄င်းရဲ့ချိုင်းထောက်နဲ့ရိုက်နှက်ခဲ့ပြီး တကိုယ်လုံးကိုမချီကာ ကိုက်ပေါက်ခဲ့ပါတယ်။
“တိုက်ခိုက်သူဟာ ဈေးသည်အမျိုးသမီးရဲ့နောက်မှ ပထမဦးစွာ ချိုင်းထောက်နဲ့ ရိုက်တယ်၊ ပြီးတော့သူ့ကို မြေပြင်ပေါ် လဲကျသွားအောင်လုပ်ပြီး လက်ဗလာနဲ့ ထပ်ခါထပ်ခါရိုက်ပြီး သေစေခဲ့တယ်” လို့ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး မက်တီအို လူကိုနီ က ဆိုပါတယ်။
အခင်းဖြစ်ပြီးနောက်မှာ မျက်မြင်သက်သေများက ရဲတပ်ဖွဲ့ထံဖုန်းဆက်ခဲ့ပြီး တိုက်ခိုက်သူ ထွက်ပြေးသွားကြောင်း၊ သေဆုံးသူကို အကူအညီပေးဖို့ ကြိုးပမ်းနေကြောင်း အသိပေးခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းကတော့ ထိုးကြိတ်ခံရခြင်း၊ အသက်ရှုကြပ်ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ရဲတွေက တိုက်ခိုက်သူကို ခြေရာခံဖို့ လမ်းကင်မရာများကိုအသုံးပြုကာ ရှာဖွေခဲ့ပြီးနောက် အသက် ၃၂ နှစ် အရွယ်၊ ဖိလစ်ပို ကလောဒီအို ဂူစက်ပီ ဖာလာဇို အမည်ရှိ တိုက်ခိုက်သူ အမျိုးသားကို ဖမ်းမိခဲ့ပါတယ်။ ၄င်းကို သေဆုံးသူရဲ့ဖုန်းကို ခိုးယူမှု၊ လုသတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
https://www.facebook.com/7382473689/posts/10160932250838690/
Zawgyi Version;
အီတလီမွာ လမ္းေဘးေဈးသည္တစ္ဦးကို လူျမင္ကြင္းမွာ သတ္ျဖတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - ဇူလိုင္ ၃၁
အီတလီႏိုင္ငံ၊ လူစည္ကားေသာ ကမ္းေျခၿမိဳ႕မွာ ႏိုင္ဂ်ီးရီးယား လမ္းေဘးေဈးသည္တစ္ဦးကို အီတလီအမ်ိဳးသားတစ္ဦးက လူျမင္ကြင္းေရွ႕မွာပဲ သတ္ျဖတ္မႈျဖစ္ပြားခဲ့ၿပီး အဆိုပါအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
အီတလီပါလီမန္ေ႐ြးေကာက္ပြဲ မဲဆြယ္မႈကာလအတြင္း အဆိုပါျဖစ္ရပ္ ေပၚေပါက္လာျခင္းျဖစ္ကာ အီတလီ သတင္းဝက္ဘ္ဆိုက္မ်ားနဲ႔ ဆိုရွယ္မီဒီယာမွာ အဆိုပါတိုက္ခိုက္မႈ ဗီဒီယိုမွတ္တမ္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။
လမ္းေဘးေဈးသည္ “အာလီကာ အိုေဂါခ်ဳက္ဝူ အမည္ရွိ အမ်ိဳးသမီးကိုသတ္ျဖတ္မႈဟာ တုန္လႈပ္စရာ ေကာင္းပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ေဟာင္းနဲ႔ လက္ဝဲယိမ္း ဒီမိုကရက္တစ္ပါတီအႀကီးအကဲျဖစ္သူ အန္ရီကို လက္တာက တြစ္တာမွာ ေရးသားခဲ့ပါတယ္။
“ဒီလိုရက္စက္ၾကမ္းၾကဳတ္မႈဆိုတာ မၾကားဖူးဘူး။ ေနရာအႏွံ႔မွာ လ်စ္လ်ဴရႈမႈ ရွိေနသမွ် တရားမွ်တမႈ မရွိႏိုင္ပါဘူး” လို႔ ၄င္းက ဆိုပါတယ္။
၎ရဲ႕ မဲဆြယ္စည္း႐ုံးေရးမွာ လုံၿခဳံေရးကို အဓိကထားလုပ္ေဆာင္ေနတဲ့ လက္ယာယိမ္း ေခါင္းေဆာင္ မက္တီ႐ို ဆလ္ဗီနီ ကလည္း “လုံၿခဳံေရး မရွိျခင္းမွ အခြင့္အေရးအျဖစ္သို႔ ျပန္လည္ေရာက္ရွိဖို႔ လိုအပ္တယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
အသက္ ၃၉ ႏွစ္ရွိ ေသဆုံးသူ အိုေဂါခ်ိဳက္ဝူ ဟာ အက္ဒရစ္တစ္ပင္လယ္ရွိ ကမ္းေျခၿမိဳ႕ စီဗီတာႏိုဗာ မာခ်ီ အဓိကလမ္းမမွာ ဇူလိုင္လ ၂၉ ရက္၊ ေသာၾကာေန႔က ကုန္ပစၥည္းမ်ားေရာင္းခ်ေနစဥ္ တိုက္ခိုက္သူက ၄င္းရဲ႕ခ်ိဳင္းေထာက္နဲ႔႐ိုက္ႏွက္ခဲ့ၿပီး တကိုယ္လုံးကိုမခ်ီကာ ကိုက္ေပါက္ခဲ့ပါတယ္။
“တိုက္ခိုက္သူဟာ ေဈးသည္အမ်ိဳးသမီးရဲ႕ေနာက္မွ ပထမဦးစြာ ခ်ိဳင္းေထာက္နဲ႔ ႐ိုက္တယ္၊ ၿပီးေတာ့သူ႔ကို ေျမျပင္ေပၚ လဲက်သြားေအာင္လုပ္ၿပီး လက္ဗလာနဲ႔ ထပ္ခါထပ္ခါ႐ိုက္ၿပီး ေသေစခဲ့တယ္” လို႔ ရဲတပ္ဖြဲ႕ စုံစမ္းစစ္ေဆးေရးမႉး မက္တီအို လူကိုနီ က ဆိုပါတယ္။
အခင္းျဖစ္ၿပီးေနာက္မွာ မ်က္ျမင္သက္ေသမ်ားက ရဲတပ္ဖြဲ႕ထံဖုန္းဆက္ခဲ့ၿပီး တိုက္ခိုက္သူ ထြက္ေျပးသြားေၾကာင္း၊ ေသဆုံးသူကို အကူအညီေပးဖို႔ ႀကိဳးပမ္းေနေၾကာင္း အသိေပးခဲ့ပါတယ္။ ေသဆုံးရတဲ့ အေၾကာင္းအရင္းကေတာ့ ထိုးႀကိတ္ခံရျခင္း၊ အသက္ရႈၾကပ္ျခင္းေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။
ရဲေတြက တိုက္ခိုက္သူကို ေျခရာခံဖို႔ လမ္းကင္မရာမ်ားကိုအသုံးျပဳကာ ရွာေဖြခဲ့ၿပီးေနာက္ အသက္ ၃၂ ႏွစ္ အ႐ြယ္၊ ဖိလစ္ပို ကေလာဒီအို ဂူစက္ပီ ဖာလာဇို အမည္ရွိ တိုက္ခိုက္သူ အမ်ိဳးသားကို ဖမ္းမိခဲ့ပါတယ္။ ၄င္းကို ေသဆုံးသူရဲ႕ဖုန္းကို ခိုးယူမႈ၊ လုသတ္မႈနဲ႔ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
https://www.facebook.com/7382473689/posts/10160932250838690/