မုံရွာမြို့တွင် လေပြင်းတိုက်၍ မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျရာ အမျိုးသားတစ်ဦးသေဆုံး

838
photo: MFSD
NP News - ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လေပြင်းများတိုက်ခိုက်၍ မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲ ကျရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၃၁ ရက်)၊ ညနေ ၃နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ ဘုန်းစိုးရပ် ကွက်၊ သာစည်လမ်းတွင် လေပြင်းများ တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ၍ လူတစ်ဦးပိမိခဲ့ကြောင်း မီးသတ်ဌာနမှ ဆိုသည်။
သို့ဖြစ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၃နာရီ ၄ဝမိနစ်တွင် သစ်ပင်လဲကျ၍ ပိမိနေသူ အမျိုးသားအားပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါအမျိုးသားမှာ သေဆုံးလျက်ရှိကြောင်း မီးသတ်ဌာနမှ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်နေပြီး ယနေ့ (ဇူ လိုင်လ ၃၁ ရက်)တွင် ပြင်ဦးလွင်မြို့၌လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
zawgyi version
မုံ႐ြာၿမိဳ႕တြင္ ေလျပင္းတိုက္၍ မိုး႐ြာသြန္းမႈေၾကာင့္ သစ္ပင္လဲက်ရာ အမ်ိဳးသားတစ္ဦးေသဆုံး
NP News - ဇူလိုင္ ၃၁
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ ေလျပင္းမ်ားတိုက္ခိုက္၍ မိုး႐ြာသြန္းမႈေၾကာင့္ သစ္ပင္လဲ က်ရာ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၃၁ ရက္)၊ ညေန ၃နာရီခြဲအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ဘုန္းစိုးရပ္ ကြက္၊ သာစည္လမ္းတြင္ ေလျပင္းမ်ား တိုက္ခတ္ၿပီး မိုး႐ြာသြန္းမႈေၾကာင့္ လူေနအိမ္တစ္လုံးေပၚသို႔ သစ္ပင္လဲက်၍ လူတစ္ဦးပိမိခဲ့ေၾကာင္း မီးသတ္ဌာနမွ ဆိုသည္။
သို႔ျဖစ္၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ရာ ညေန ၃နာရီ ၄ဝမိနစ္တြင္ သစ္ပင္လဲက်၍ ပိမိေနသူ အမ်ိဳးသားအားျပန္လည္ေတြ႕ရွိခဲ့ၿပီး အဆိုပါအမ်ိဳးသားမွာ ေသဆုံးလ်က္ရွိေၾကာင္း မီးသတ္ဌာနမွ ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံတစ္ဝွမ္း မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားျဖစ္ေပၚေနၿပီး ယေန႔ (ဇူ လိုင္လ ၃၁ ရက္)တြင္ ျပင္ဦးလြင္ၿမိဳ႕၌လည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။