ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် မြန်မာပြည်ကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် မနက်ဖြန် (သြဂုတ် ၃ ရက်တွင်) ရောက်မည်
1180
Iris (NP News) - သြဂုတ် ၂
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က သြဂုတ်လ(၃)ရက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ပြီး အစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်ကို သြဂုတ်လ(၂)ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခရိုဗာက ပုံမှန်ကျင်းပနေကျ သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်ပြီး အပြောင်းအလဲမရှိနိုင်သည့် ခိုင်မာသေချာသောခရီးစဉ်ဖြစ်နေကြောင်းလည်း ဆိုနိုင်သည်။ " အဓိကလေဆိပ်ကြီးနှစ်ခုလုံးရဲ့လုံခြုံရေးတွေကို လွန်ခဲ့တဲ့တစ်ပတ်ကျော်ကတည်းက သေချာစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ကြားမိတယ် " ဟု လေကြောင်းလိုင်းဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ ရုရှားဘက်က ထုတ်ပြန်လာသောသတင်းတွင် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှာ နိုင်ငံတော်အဆင့်အလုပ်သဘော သွားရောက်သည့်ခရီးစဉ်မျိုးဖြစ်သည့်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးများကို သက်ဆိုင်ရာကဏ္ဍအလိုက်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဆိုသည်။ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံနိုင်ခြေရှိကြောင်း ခန့်မှန်းနိုင်သည်။ " သြဂုတ် ၃ ရက်နေ့ ရောက်မှာ သေချာတယ်။ ပြင်ဆင်စရာတွေ ပြင်ဆင်ထားပြီပါပြီ " ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက NP News ကို သြဂုတ်လ(၂)ရက်ညပိုင်းတွင် ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လွန်ခဲ့သောငါးနှစ်အတွင်း တစ်ကြိမ်မှ လာရောက်ဖူးခြင်း မရှိဘဲ ယခုနှစ် နစကလက်ထက်မှသာ လာရောက်ခြင်းမျိုးဖြစ်ပြီး ခရီးစဉ်အတွက် စိန်ခေါ်မှုများစွာရှိနေနိုင်ကြောင်းလည်း ခန့်မှန်းတွက်ဆစရာရှိနေသည်။
ခရီးစဉ်အတွင်း၌ နှစ်နိုင်ငံအကြား ဆွေးနွေးရန်စီစဉ်ထားသော ကိစ္စများအဖြစ် ကမ္ဘာ့ရေးရာနှင့် ဒေသတွင်းနိုင်ငံရေးအခြေအနေများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ စွမ်အင်လောင်စာနှင့်စားသုံးကုန်လုပ်ငန်းကိစ္စများ၊ ကာကွယ်ရေးနည်းပညာကဏ္ဍနှင့် အခြားသော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version
ရုရွားႏုိင္ငံျခားေရး၀န္ၾကီး ဆာေဂး လာဗေရာ့ဗ္ ျမန္မာျပည္ကုိ ႏုိင္ငံေတာ္အဆင့္ခရီးစဥ္အျဖစ္ မနက္ျဖန္ (ၾသဂုတ္ ၃ ရက္တြင္) ေရာက္မည္
Iris (NP News) - ၾသဂုတ္ ၂
ရုရွားႏုိင္ငံျခားေရး၀န္ၾကီး ဆာေဂး လာဗေရာ့ဗ္က ၾသဂုတ္လ(၃)ရက္တြင္ မျန္မာႏုိင္ငံသုိ႔ ႏုိင္ငံေတာ္အဆင့္အလည္အပတ္ခရီးစဥ္အျဖစ္ လာေရာက္မည္ျဖစ္ျပီး အစုိးရထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ ေတြ႔ဆုံသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ႏုိင္ငံျခားေရး၀န္ၾကီး၏ ျမန္မာခရီးစဥ္ကုိ ၾသဂုတ္လ(၂)ရက္တြင္ ရုရွားႏုိင္ငံျခားေရး၀န္ၾကီးဌာန ေျပာေရးဆုိခြင့္ရွိသူ မာရီယာ ဇာခရုိဗာက ပုံမွန္က်င္းပေနက် သတင္းစာရွင္းလင္းပြဲမွတစ္ဆင့္ ထုတ္ျပန္အသိေပးလုိက္ျခင္းျဖစ္ျပီး အေျပာင္းအလဲမရွိႏုိင္သည့္ ခုိင္မာေသခ်ာေသာခရီးစဥ္ျဖစ္ေနေၾကာင္းလည္း ဆုိႏုိင္သည္။ " အဓိကေလဆိပ္ၾကီးႏွစ္ခုလုံးရဲ႕လုံျခဳံေရးေတြကုိ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကတည္းက ေသခ်ာစစ္ေဆးမႈေတြ လုပ္ေဆာင္ေနတာ ၾကားမိတယ္ " ဟု ေလေၾကာင္းလုိင္းဆုိင္ရာ သတင္းရင္းျမစ္တစ္ဦးက NP News ကုိ ေျပာသည္။ ရုရွားဘက္က ထုတ္ျပန္လာေသာသတင္းတြင္ ႏုိင္ငံျခားေရး၀န္ၾကီး၏ ခရီးစဥ္မွာ ႏုိင္ငံေတာ္အဆင့္အလုပ္သေဘာ သြားေရာက္သည့္ခရီးစဥ္မ်ဳိးျဖစ္သည့္အျပင္ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ေရးမ်ားကုိ သက္ဆုိင္ရာက႑အလိုက္ထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ ေတြ႔ဆုံေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း ဆုိသည္။ အထူးသျဖင့္ ႏုိင္ငံျခားေရး၀န္ၾကီး ဦး၀ဏၰေမာင္လြင္ႏွင့္ ေတြ႔ဆုံေဆြးေႏြးၾကမည္ျဖစ္ျပီး ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ႏွင့္လည္း ေတြ႔ဆုံႏုိင္ေျခရွိေၾကာင္း ခန္႔မွန္းႏုိင္သည္။ " ၾသဂုတ္ ၃ ရက္ေန႔ ေရာက္မွာ ေသခ်ာတယ္။ ျပင္ဆင္စရာေတြ ျပင္ဆင္ထားျပီပါျပီ " ဟု ႏုိင္ငံျခားေရး၀န္ၾကီးဌာနမွ သတင္းရင္းျမစ္တစ္ဦးက NP News ကုိ ၾသဂုတ္လ(၂)ရက္ညပုိင္းတြင္ ေျပာသည္။ ရုရွားႏုိင္ငံျခားေရး၀န္ၾကီးအေနျဖင့္ ျမန္မာႏုိင္ငံသုိ႔ လြန္ခဲ့ေသာငါးႏွစ္အတြင္း တစ္ၾကိမ္မွ လာေရာက္ဖူးျခင္း မရွိဘဲ ယခုႏွစ္ နစကလက္ထက္မွသာ လာေရာက္ျခင္းမ်ဳိးျဖစ္ျပီး ခရီးစဥ္အတြက္ စိန္ေခၚမႈမ်ားစြာရွိေနႏုိင္ေၾကာင္းလည္း ခန္႔မွန္းတြက္ဆစရာရွိေနသည္။
ခရီးစဥ္အတြင္း၌ ႏွစ္ႏုိင္ငံအၾကား ေဆြးေႏြးရန္စီစဥ္ထားေသာ ကိစၥမ်ားအျဖစ္ ကမၻာ့ေရးရာႏွင့္ ေဒသတြင္းႏုိင္ငံေရးအေျခအေနမ်ား၊ ကုန္သြယ္ေရးလုပ္ငန္းမ်ား၊ စြမ္အင္ေလာင္စာႏွင့္စားသုံးကုန္လုပ္ငန္းကိစၥမ်ား၊ ကာကြယ္ေရးနည္းပညာက႑ႏွင့္ အျခားေသာ ေဒသတြင္းပူးေပါင္းေဆာင္ရြက္မႈမ်ား ပါ၀င္လာမည္ျဖစ္ေၾကာင္း သိရသည္။