ရခိုင်ပြည်နယ်၌ ဆင်ဖြူတော် တစ်စီးမွေးဖွားခဲ့ကြောင်း နစက အသိပေး

 993

ယွန်း (NP News) - သြဂုတ် ၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာနှင့်ကိုက်ညီသော ဆင်ဖြူတော်ပေါ်ထွန်းခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထား သည်။

အဆိုပါဆင်ဖြူတော်မှာ ဇူလိုင်လ ၂၃ရက်၊ နံနက် ၆နာရီခွဲတွင် တောင်ကုတ်မြို့၊ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းသိမ်းထားရှိသော ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ အသက် (၃၃)နှစ်မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။

၎င်းဆင်ဖြူတော်မှာ အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ ၁လက်မ၊ ကျောအလျား ၂ပေ၊ အမြီး အလျား ၁ပေ ၆လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈ဝ ခန့်ရှိကြောင်း သိရသည်။

ထို့အတူ ဆင်ဖြူတော်မှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ (၈)ချက်တွင် အချက် (၇)ချက်နှင့် ကိုက်ညီနေကြောင်း နစကမှဆိုသည်။

ယခင်ပေါ်ထွန်းခဲ့သော ဆင်ဖြူတော် (၉) စီးရှိခဲ့သော်လည်း ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူတစ်စီးသာ ကြန်အင်လက္ခဏာ (၇)ချက်ဖြင့်ကိုက်ညီခဲ့ပြီး ကျန် (၈)စီးမှာ အများဆုံးလက္ခဏာ (၆)ချက်ဖြင့်သာ ကိုက်ညီခဲ့ကြောင်း နစကမှ ပြောသည်။

လက်ရှိတွင် ဆင်ဖြူတော်မှာ အသက်(၁ဝ)ရက်သား သာရှိသေးပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာလျက်ရှိကြောင်းနစကမှ အသိပေးထုတ်ပြန်ထားသည်။

zawgyi version
ရခိုင္ျပည္နယ္၌ ဆင္ျဖဴေတာ္ တစ္စီးေမြးဖြားခဲ့ေၾကာင္း နစက အသိေပး
ယြန္း (NP News) - ၾသဂုတ္ ၃

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕တြင္ ဆင္ျဖဴေတာ္၏ ၾကန္အင္လကၡဏာႏွင့္ကိုက္ညီေသာ ဆင္ျဖဴေတာ္ေပၚထြန္းခဲ့ေၾကာင္း နစကမွ အသိေပးထုတ္ျပန္ထား သည္။

အဆိုပါဆင္ျဖဴေတာ္မွာ ဇူလိုင္လ ၂၃ရက္၊ နံနက္ ၆နာရီခြဲတြင္ ေတာင္ကုတ္ၿမိဳ႕၊ ျမန္မာ့သစ္လုပ္ငန္းမွ ထိန္းသိမ္းထားရွိေသာ ဆင္ဝိုင္းမွ ဆင္မဇာနန္းလွ အသက္ (၃၃)ႏွစ္မွ ေမြးဖြားခဲ့ျခင္းျဖစ္သည္။

၎ဆင္ျဖဴေတာ္မွာ အရပ္အျမင့္ ၂ေပ ၅လက္မ၊ ကိုယ္လုံး လုံးပတ္ ၃ေပ ၁လက္မ၊ ေက်ာအလ်ား ၂ေပ၊ အၿမီး အလ်ား ၁ေပ ၆လက္မ၊ ကိုယ္အေလးခ်ိန္ ေပါင္ ၁၈ဝ ခန႔္ရွိေၾကာင္း သိရသည္။

ထို႔အတူ ဆင္ျဖဴေတာ္မွာ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာ (၈)ခ်က္တြင္ အခ်က္ (၇)ခ်က္ႏွင့္ ကိုက္ညီေနေၾကာင္း နစကမွဆိုသည္။

ယခင္ေပၚထြန္းခဲ့ေသာ ဆင္ျဖဴေတာ္ (၉) စီးရွိခဲ့ေသာ္လည္း ပထမဆုံးေပၚထြန္းခဲ့ေသာ ဆင္ျဖဴတစ္စီးသာ ၾကန္အင္လကၡဏာ (၇)ခ်က္ျဖင့္ကိုက္ညီခဲ့ၿပီး က်န္ (၈)စီးမွာ အမ်ားဆုံးလကၡဏာ (၆)ခ်က္ျဖင့္သာ ကိုက္ညီခဲ့ေၾကာင္း နစကမွ ေျပာသည္။

လက္ရွိတြင္ ဆင္ျဖဴေတာ္မွာ အသက္(၁ဝ)ရက္သား သာရွိေသးၿပီး မိခင္ဆင္မႀကီးႏွင့္အတူ က်န္းမာလ်က္ရွိေၾကာင္းနစကမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.