ရန်ကုန်မြို့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသားအား visa စည်းကမ်းဖောက်ဖျက်မှုနှင့် ၅ဝ၅(က)တို့ဖြင့် တရားစွဲဆိုထားကြောင်း နစကထုတ်ပြန်

740

NP News - သြဂုတ် ၄
ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသား Toru Kubota ကို တရားစွဲဆိုထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (သြဂုတ်လ ၄ ရက်)တွင် ပြန်လည်ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံသား Toru Kubota အား လဝက ဥပဒေ ၁၃(၁)၊ Visa စည်းကမ်းဖောက်ဖျက်မှုနှင့် ၅ဝ၅ (က)တို့အရ တရားစွဲဆိုထားကြောင်း နစကမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသား Toru Kubota သည် ဇူလိုင်လ (၁)ရက်တွင် Tourist Visa ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းနောက် ဇူလိုင်လ (၃ဝ)ရက်၊ ညနေပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်း City Mart အနီးရှိ လူ(၁ဝ ဦး မှ ၁၅ ဦး)ခန့် ပါဝင်သည့် ဆန္ဒပြပွဲအား ဖုန်း၊ ကင်မရာများဖြင့်မှတ်တမ်းတင်ရိုက်ကူးနေစဉ် ထိန်းသိမ်ခံခဲ့ရခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဂျပန်နိုင်ငံသားအား စစ်ဆေးမေးမြန်းရာ ဇူလိုင်လ ၂၉ ရက်တွင် ဆန္ဒပြမှု၌ပါဝင်ခဲ့သူများနှင့်ဆက်သွယ်၍ ဆန္ဒပြမည့်နေရာအား ချိန်းဆိုခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဆန္ဒပြရာတွင် ရုပ်သံမှတ်တမ်းရိုက်ကူးခဲ့သည့် ဂျပန်နိုင်ငံသား ဖမ်းဆီးခံရမှုအပေါ် ဂျပန်အစိုးရအပါအဝင် ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုကျိုမြို့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံထားရသည့္ ဂ်ပန္ႏိုင္ငံသားအား visa စည္းကမ္းေဖာက္ဖ်က္မႈႏွင့္ ၅ဝ၅(က)တို႔ျဖင့္ တရားစြဲဆိုထားေၾကာင္း နစက ထုတ္ျပန္
NP News - ၾသဂုတ္ ၄
ရန္ကုန္ၿမိဳ႕၌ ျပဳလုပ္ခဲ့သည့္ ဆႏၵျပပြဲအတြင္း ဖမ္းဆီးခံထားရသည့္ ဂ်ပန္ႏိုင္ငံသား Toru Kubota ကို တရားစြဲဆိုထားေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ယေန႔ (ၾသဂုတ္လ ၄ ရက္)တြင္ ျပန္လည္ေျဖၾကားခဲ့သည္။
ဂ်ပန္ႏိုင္ငံသား Toru Kubota အား လဝက ဥပေဒ ၁၃(၁)၊ Visa စည္းကမ္းေဖာက္ဖ်က္မႈႏွင့္ ၅ဝ၅ (က)တို႔အရ တရားစြဲဆိုထားေၾကာင္း နစကမွ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
ဂ်ပန္ႏိုင္ငံသား Toru Kubota သည္ ဇူလိုင္လ (၁)ရက္တြင္ Tourist Visa ျဖင့္ ထိုင္းႏိုင္ငံမွ တစ္ဆင့္ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕သို႔ ဝင္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းေနာက္ ဇူလိုင္လ (၃ဝ)ရက္၊ ညေနပိုင္းတြင္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း City Mart အနီးရွိ လူ(၁ဝ ဦး မွ ၁၅ ဦး)ခန႔္ ပါဝင္သည့္ ဆႏၵျပပြဲအား ဖုန္း၊ ကင္မရာမ်ားျဖင့္မွတ္တမ္းတင္႐ိုက္ကူးေနစဥ္ ထိန္းသိမ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါ ဂ်ပန္ႏိုင္ငံသားအား စစ္ေဆးေမးျမန္းရာ ဇူလိုင္လ ၂၉ ရက္တြင္ ဆႏၵျပမႈ၌ပါဝင္ခဲ့သူမ်ားႏွင့္ဆက္သြယ္၍ ဆႏၵျပမည့္ေနရာအား ခ်ိန္းဆိုခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ဆႏၵျပရာတြင္ ႐ုပ္သံမွတ္တမ္း႐ိုက္ကူးခဲ့သည့္ ဂ်ပန္ႏိုင္ငံသား ဖမ္းဆီးခံရမႈအေပၚ ဂ်ပန္အစိုးရအပါအဝင္ ဂ်ပန္ႏိုင္ငံသားမ်ားႏွင့္ ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားမွ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း တိုက်ိဳၿမိဳ႕တြင္ ဆႏၵျပေတာင္းဆိုခဲ့သည္။