တာလီ-ရွှေလီရထားလမ်း၏ တာလီ-ပေါင်စန်းရထားလမ်း ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေလာမည်

918

ရဲပြည့် (NP News) - သြဂုတ် ၄
(၁၄)နှစ်ကြာ ခက်ခဲစွာဖောက်လုပ်ခဲ့သည့် တာလီ-ရွှေလီရထားလမ်း၏ တာလီ-ပေါင်စန်းရထားလမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှု ပိုမိုအဆင် ပြေလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တာလီ-ပေါင်စန်းရထားလမ်းပိုင်းအား ဖွင့်လှစ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေါင်စန်းမြို့သည် တရုတ်ပြည် ယူနန်ပြည်နယ်အနောက်တောင်ပိုင်းတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် တောတောင်ရေမြေသဘာဝထိစပ်လျက်ရှိသည့် မြို့တစ်မြို့လည်းဖြစ် သည်။
တာလီ-ရွှေလီရထားလမ်း အရှည်သည် ၃၃ဝ ကီလိုမီတာရှိပြီး တံတားဥမင်လိုဏ်ခေါင်း အချိုးအဆအနေဖြင့် ၇၆ ဒသမ ၅ ရာခိုင်နှုန်းရှိကာ တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီအထိ အပိုင်းလိုက်တည်ဆောက်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် တာလီ- ပေါင်စန်းလမ်းပိုင်းအရှည်သည် ၁၃၃ ကီလိုမီတာရှည်ပြီး ဥမင်လိုဏ် ခေါင်း ၂၁ခု၊ တံတား ၃၆ စင်းရှိကာ တံတားဥမင်လိုဏ်ခေါင်း အချိုးအဆသည် ၈၆ ဒသမ ၅ရာခိုင်နှုန်းရှိကြောင်း သိရသည်။
“တာလီ-ရွှေလီရထားလမ်းရဲ့ တာလီ-ပေါင်စန်းရထားလမ်း အောင်မြင်စွာပြေးဆွဲပြီး ကုန်းလမ်းနဲ့ ရထားလမ်း၊ ရေကြောင်းနဲ့ ရထားလမ်းပေါင်းစပ်ပို့ဆောင်ခြင်းနည်းလမ်းဖြင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံစတဲ့ အရှေ့တောင် အာရှနိုင်ငံများအကြား ကုန်စည်စီးဆင်းမှုလမ်းကြောင်းအသစ်ကို ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တ ရုတ်သံရုံးကဆိုသည်။
လက်ရှိတွင် တာလီ-ရွှေလီရထားလမ်း၏ ပေါင်စန်းရွှေလီလမ်းပိုင်းဖောက်လုပ်မှုကို စနစ်တကျမြှင့်တင်လျက်ရှိပြီး လမ်းကြောင်းတစ်ခုလုံးဖွင့်လှစ်နိုင်ပါက တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်းကြောင်း၏ တရုတ်နိုင်ငံတွင်း လမ်းပိုင်းအား ဘက်စုံတည် ဆောက်ပြီးစီးမည်ဖြစ်သည်။
ထို့ကြောင့် Belt and Road (ပိုးလမ်းမကြီး)နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည် ဆောက်ရေးအတွက် တာလီ-ရွှေလီရထားလမ်းမှ ဝန်ဆောင်မှုပေးသည့် အခန်ကဏ္ဍသည် ပိုမိုသိသာထင်ရှာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆိုထား သည်။

zawgyi version
တာလီ-ေ႐ႊလီရထားလမ္း၏ တာလီ-ေပါင္စန္းရထားလမ္း ဖြင့္လွစ္လိုက္ျခင္းေၾကာင့္ ျမန္မာ-တ႐ုတ္ ကုန္စည္စီးဆင္းမႈ ပိုမိုအဆင္ေျပလာမည္
ရဲျပည့္ (NP News) - ၾသဂုတ္ ၄
(၁၄)ႏွစ္ၾကာ ခက္ခဲစြာေဖာက္လုပ္ခဲ့သည့္ တာလီ-ေ႐ႊလီရထားလမ္း၏ တာလီ-ေပါင္စန္းရထားလမ္း ဖြင့္လွစ္ႏိုင္ခဲ့ျခင္းေၾကာင့္ ျမန္မာ-တ႐ုတ္ ကုန္စည္စီးဆင္းမႈ ပိုမိုအဆင္ ေျပလာမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တာလီ-ေပါင္စန္းရထားလမ္းပိုင္းအား ဖြင့္လွစ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ၾသဂုတ္လ ၂ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
ေပါင္စန္းၿမိဳ႕သည္ တ႐ုတ္ျပည္ ယူနန္ျပည္နယ္အေနာက္ေတာင္ပိုင္းတြင္ တည္ရွိၿပီး ျမန္မာႏိုင္ငံႏွင့္ ေတာေတာင္ေရေျမသဘာဝထိစပ္လ်က္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ သည္။
တာလီ-ေ႐ႊလီရထားလမ္း အရွည္သည္ ၃၃ဝ ကီလိုမီတာရွိၿပီး တံတားဥမင္လိုဏ္ေခါင္း အခ်ိဳးအဆအေနျဖင့္ ၇၆ ဒသမ ၅ ရာခိုင္ႏႈန္းရွိကာ တာလီမွေပါင္စန္း၊ ေပါင္စန္းမွေ႐ႊလီအထိ အပိုင္းလိုက္တည္ေဆာက္ခဲ့ျခင္းလည္းျဖစ္သည္။
ထို႔ျပင္ တာလီ- ေပါင္စန္းလမ္းပိုင္းအရွည္သည္ ၁၃၃ ကီလိုမီတာရွည္ၿပီး ဥမင္လိုဏ္ ေခါင္း ၂၁ခု၊ တံတား ၃၆ စင္းရွိကာ တံတားဥမင္လိုဏ္ေခါင္း အခ်ိဳးအဆသည္ ၈၆ ဒသမ ၅ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။
“တာလီ-ေ႐ႊလီရထားလမ္းရဲ႕ တာလီ-ေပါင္စန္းရထားလမ္း ေအာင္ျမင္စြာေျပးဆြဲၿပီး ကုန္းလမ္းနဲ႔ ရထားလမ္း၊ ေရေၾကာင္းနဲ႔ ရထားလမ္းေပါင္းစပ္ပို႔ေဆာင္ျခင္းနည္းလမ္းျဖင့္ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံစတဲ့ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအၾကား ကုန္စည္စီးဆင္းမႈလမ္းေၾကာင္းအသစ္ကို ဖြင့္လွစ္ႏိုင္မွာျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံဆိုင္ရာ တ ႐ုတ္သံ႐ုံးကဆိုသည္။
လက္ရွိတြင္ တာလီ-ေ႐ႊလီရထားလမ္း၏ ေပါင္စန္းေ႐ႊလီလမ္းပိုင္းေဖာက္လုပ္မႈကို စနစ္တက်ျမႇင့္တင္လ်က္ရွိၿပီး လမ္းေၾကာင္းတစ္ခုလုံးဖြင့္လွစ္ႏိုင္ပါက တ႐ုတ္-ျမန္မာ ႏိုင္ငံတကာရထားလမ္းေၾကာင္း၏ တ႐ုတ္ႏိုင္ငံတြင္း လမ္းပိုင္းအား ဘက္စုံတည္ ေဆာက္ၿပီးစီးမည္ျဖစ္သည္။
ထို႔ေၾကာင့္ Belt and Road (ပိုးလမ္းမႀကီး)ႏွင့္ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍတည္ ေဆာက္ေရးအတြက္ တာလီ-ေ႐ႊလီရထားလမ္းမွ ဝန္ေဆာင္မႈေပးသည့္ အခန္က႑သည္ ပိုမိုသိသာထင္ရွာေစမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွ ဆိုထား သည္။